ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေရရင်

Uncategorized
Spread the love

ဆံကေသာဆိုတာ ကျွန်မတို့ မိန်းမသားတွေ အတွက်တော့ ဒုတိယမျက်နှာပါပဲ။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးတွေပဲဖြစ်ဖြစ် ကျန်းမာတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်ကြပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်အရှည် နှေးနေလို့ စိတ်ညစ်နေရတတ်ပါတယ်။

ကျွန်မတို့ နေ့စဉ်ထိတွေ့အသုံးပြုနေတဲ့ ဓါတုပစ္စည်းတွေ၊ စားသုံးနေတဲ့အစားအသောက်တွေဟာ ဆံကေသာကောင်းခြင်း မကောင်းခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဆံပင် တိဖို့ မမေ့ပါနဲ့။

ဆံပင်အရှည်မြန် ချင်ရင်တော့ ဆံပင်တိဖို့ မမေ့ပါနဲ့။ ၃ လ ၄ လကို တစ်ခါပဲ ဖြစ်ဖြစ် ဆံပင်ကို မဖြစ်မနေ တိပေး သင့်ပါတယ်။ ဒါမှ ဆံဖျား နှစ်ခွ ဖြစ်တာကို သက်သာစေပြီး ဆံပင်အရှည် မြန်စေ မှာပါ။

၂။ ရေနွေးပူပူနဲ့ ခေါင်းမလျှော်ပါနဲ့။

ခေါင်းကို ရေအေးနဲ့ပဲ လျှော်ပေးပါ။ ရေနွေးနဲ့ ခေါင်းလျှော်တာဟာ ဆံပင်ကျွတ်စေပါတယ်။

၃။ ရေများများ သောက်ပါ။

မနက်မိုးလင်းတိုင်း ရေသောက်ပြီး တစ်နေ့တာလုံးကို အစပြုသင့် ပါတယ်။ ရေဓါတ်ဖြည့်တင်းနေမှ ဆံပင်ရော အသားအရေရော သန်စွမ်း ကောင်းမွန်မှာပါ။ မဟုတ်ရင်တော့ ဆံသား ခြောက်သွေ့နေမှာ ဖြစ်ပါတယ်။

၄။ ခေါင်းဘီးကို သေချာ ရွေးဝယ်ပါ။

ကိုယ့်ဆံပင်နဲ့ အဆင်ပြေတဲ့ ခေါင်းဘီးကို ရွေးချယ် ဝယ်ယူ သင့်ပါတယ်။ ပြီးတော့ ခေါင်းကိုလည်း ဆံပင်ရေစိုနေတဲ့ အချိန်မှာ မဖြီးပါနဲ့။ ဆံပင်ခြောက်နေတဲ့ အချိန်မှသာ ဖြီးပေးပါ။

၅။ ဓါတုပစ္စည်းမပါတဲ့ ခေါင်းလျှော်ရည် သုံးပါ။

Parabens, Sulphates, Silicone နဲ့ SLS မပါတဲ့ ခေါင်းလျှော်ရည်တွေကို သုံးပေးပါ။ သစ်ဥသစ်ဖုတွေနဲ့ လုပ်ထားတဲ့ ခေါင်းလျှော်ရည်က အကောင်းဆုံးပါပဲ ။

၆။ အစားအသောက်ကိုလည်း ဂရုစိုက်ပါ။

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာရရှိ ပိုင်ဆိုင်စေဖို့အတွက် အစားအသောက်ကိုလည်း အဟာရ ညီညွှတ်မျှတစွာ စားပေးပါ။ လတ်ဆတ်တဲ့ အသီးအရွက်၊ ငါး နွားနို့ အခွံမာသီးတွေ စားပေးသင့်ပါတယ်။ သရေစာ အမြန်စားအစားအစာတွေ ရှောင်ပါ။

၇။ ခေါင်းနေ့တိုင်း မလျှော်ပါနဲ့။

ခေါင်းနေ့တိုင်း လျှော်တာ ခေါင်းပုံမှန် လျှော်တာဟာလည်း ဆံကေသာကို ပျက်ဆီးစေပါတယ်။ ဥပမာ ၂ ရက်ခြား တစ်ခါ လျှော်တာမျိုးမဟုတ်ဘဲ ၂ ရက်နေ ၁ ခါ ၃ ရက်နေ ၁ ခါ လျှော်ပေးပါ။

Credit