ဆွမ်းလေးတစ်ဇွန်း လောင်းလှူခဲ့ခြင်းကြောင့် ရရှိခဲ့သည့် ကြီးမားသော အကျိုးကျေးဇူး

Knowledge
Spread the love

မြတ်စွာဘုရားရှင် လက်ထက်တော် အခါက ကဋစ္ဆုဘိက္ခာထေရီ ရဟန္တာမကြီး ဆိုတာ ရှိတယ် သူဟာ ( ၉၂ )ကမ္ဘာထက်၌် အမျိုးကောင်း သမီး ဖြစ်ခဲ့ဖူး ပါတယ် ။ တိဿမြတ်စွာ ဘုရား ဆွမ်းခံကြွ လာတော်မူတော့ ဆွမ်းကလေး တစ်ဇွန်းကို လောင်းလှူခဲ့ တယ် အဲဒီကုသိုလ်ကောင်းမှုကြောင့် သေတဲ့အခါ တာဝတိ ံသာမှာ နတ်မင်းကြီးတို့ရဲ့ မိဖုရားအဖြစ်နဲ့ ( ၃၆ ) ကြိမ် စကြာဝတေးမင်း မိဖုရားနဲ့ အကြိမ် ( ၅၀ ) သံသရာကျင်လည်ခဲ့တဲ့ တစ်လျှောက်လုံး လောကီစည်းစိမ်ချမ်းသာမှန်သမျှကို ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက်နဲ့ အလိုရှိ တိုင်း ရခဲ့ ပါတယ်။

နောက်ဆုံးမှာတော့ ဂေါတမမြတ်စွာ ဘုရား လက်ထက် ရောက်လာတဲ့အခါမှာ ဥဇ္ဇေနီ ပြည်မှာ ပဒုမဝတီဟူသောအမည်ဖြင့် လူလာဖြစ်ခါ သားတော် အဘယမထေရ် မြတ်ရဲ့ တရားကို နားကြားရပြီး သာသနာ တော်ကို ကြည်ညိုလွန်း သဖြင့် ဘိက္ခုနီမဘဝသို့ ကူးပြောင်းကာ တရားဓမ္မ တို့ိကို ကျင့်ကြံ အားထုတ် လိုက်ရာ မကြာ ခင်မှာပဲ ပဋိသမ္ဘိဒါလေးပါးနှင့် တကွ ရဟန္တာဖြစ်သွားပါတယ်။

ရဟန္တာဖြစ်တဲ့အခါမှာ မိမိရဲ့ အတိတ် ဘဝတွေ က ပြုခဲ့တဲ့ ကုသိုလ်ကို ပြန်ပြီး ဆင်ခြင် ကြည့်တဲ့ အခါမှာ တိဿဘုရားရှင်အား ဆွမ်းတစ်ဇွန်း လောင်းလှူခဲ့ တာကို ပြန်ပြီးမြင်တော်မူ၍ လူအများတို့အား လူ့ဘဝရတုန်းရခိုက် ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ကြရန် တိုက်တွန်း ဟောကြား တော်မူ ခဲ့ပါ တယ်။

ဒီသာဓကလေးကို ကြည့်မယ် ဆိုရင် ဆွမ်းတစ်ဇွန် းကလည်း နတ်ရွာ နိဗ္ဗာန်ထိ ပို့ဆောင်နိုင်တယ်ဆိုတာကို သဘောပေါက်ပြီး ကုသိုလ်ကောင်းမှုတွေ ကို နည်းနည်းလေးပဲ ဆိုပြီးတော့ လျော့မတွက်ကြဘဲ, အထင်မ သေးကြဘဲ ပြုလုပ်ကြမယ်ဆိုရင် အဲဒီနည်းနည်းလေးကကဋစ္ဆုဘိက္ခာထေရီမကြီးကဲ့သို့ိ နိဗ္ဗာန်ထိ အကျိုးပေး နိုင်တယ် ဆိုတာ ရေးသား တင်ပြရင်း ဓမ္မဒါနပြုလိုက်ပါတယ် မှတ်ချက် = = ချောမောလှပတဲ့ ပဒုမဝတီနှင့် ဗိမ္ဗိသာရမင်းတို့ တစ်ညတာစံပျော်ကြရာ သန္ဓေရ၍ အဘယမင်းသားမွေးဖွါးရာ သာသနာတော်၌ ရဟန်းပြုပြီး အဘယမထေရ်ဟု ဖြစ်လာသည်။Credit

Leave a Reply