ဇိမ်ခံစားသောက်ဆိုင်ထဲသို့ဝင်လာခဲ့တဲ့ အဘိုးတစ်ဦးကို အပြင်ပန်းကြည့်ပြီး ဆက်ဆံခဲ့လို့

Knowledge Lifestyle
Spread the love

လူအများစုက ” စာအုပ်တစ်အုပ်ကို ၎င်းရဲ့မျက်နှာဖုံးဖြင့် အကဲမဖြတ်ပါနှင့် ” ဆိုတဲ့စကားပုံနှင့် ရင်းနှီးကြပေမဲ့လည်း လူအများစုက ထိုစကားပုံကို အတိအကျမလိုက်နာနိုင်ကြပါဘူး။

Ani အမည်ရှိအမျိုးသမီးတစ်ဦးဟာ အဆင့်မြင့် စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ပြီး Ani ရဲ့လစဉ် ဝင်ငွေမှာ $1000 ကျော်ရှိသလို

သူမဟာ ထိုစားသောက်ဆိုင်ရဲ့အကောင်းဆုံးဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။ဖောက်သည်များက သူမရဲ့အပြစ်ကင်းတဲ့ဝန်ဆောင်မှုအား သဘောကျကြတဲ့အပြင်

သူမရဲ့လှပမှုကလည်း ဖောက်သည်များကို ဆွဲဆောင်မှုအား တိုးစေပါတယ်။ တစ်နေ့မှာ ရိုးရှင်းတဲ့အဝတ်အစားများကို ဝတ်ဆင်ထားတဲ့လယ်သမားအိုကြီးတစ်ဦးက

ထိုစားသောက်ဆိုင်ထဲသို့ဝင်ရောက်လာခဲ့ပေမဲ့ အဘိုးအိုက စားသောက်ဆိုင်ရဲ့အပြင်အဆင်နှင့် အလွန်အမင်း ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။

ဖောက်သည်များကိုစောင့်မျှော်ရန် တာဝန်ရှိနေတဲ့ Ani ကလည်း ၎င်းအတွက် အနည်းဆုံးတော့ ပီတိမဖြစ်နေခဲ့ပါဘူး။ သူမဟာ အဘိုးကို အနီးနားရှိရွာတစ်ရွာမှလှည့်လည်သွားနေတဲ့

ဆင်းရဲတဲ့လယ်သမားတစ်ဦးလို့သာယုံကြည်နေခဲ့ပြီး အဘိုးက အလကားစားဖို့အတွက်သာ ဆိုင်ထဲဝင်လာခဲ့တယ်လို့ ထင်နေခဲ့ပါတယ်….။

ထို့နောက် Ani က အဘိုးထိုင်နေတဲ့စားပွဲဆီသို့ ခပ်သွက်သွက်လျှောက်လာပြီးနောက် အဘိုးက သူမအား “ရေတစ်ခွက်ပေးပါ၊ ငါ ရေငတ်နေတယ်” လို့

သူမအားတောင်းဆိုတာကို Ani က ” ဒီမှာ ရေမရှိဘူး၊ ဈေးကြီးတဲ့ဝိုင်နဲ့ သောက်စရာတွေပဲရှိတယ်၊ အဲဒါတွေကို မမှာချင်ရင် ချက်ခြင်းထွက်သွားပါ “လို့ ဒေါသတကြီးနဲ့တုံ့ပြန်ခဲ့ပါတယ်။

အဘိုးက ” ငါ ဗိုက်အရမ်းဆာနေတယ်၊ ကျေးဇူးပြုပြီး ငါ သောက်ချင်တယ်၊ ပြီးရင် မီနူးတစ်ခုခုကိုမှာလိုက်မယ် ” လို့ဆက်ပြောနေခဲ့ပေမဲ့ ” ဒီမှာရှိတဲ့စားစရာနဲ့ သောက်စရာတွေကို အဘိုး ပေးချေနိုင်မှာမဟုတ်ဘူး၊

ကျွန်မတို့ရဲ့အချိန်တွေကိုမဖြုန်းတီးပါနဲ့ကွာ!” လို့ Ani က အဘိုးအား စိတ်တိုစွာပြောဆိုခဲ့ပါတယ်။ ထို့နောက် အဘိုးက တည်ငြိမ်စွာ မတ်တပ်ထရပ်ပြီး

ဆိုင်ထွက်ပေါက်ကိုမျက်နှာမူရင်း သူ မထွက်ခွါမီမှာ Ani ဘက်ပြန်လှည့်ပြီး “ သူတစ်ပါးကို ထင်ရာစိုင်းပြီး မင်းဆက်ဆံချင်သလို ဆက်ဆံနေပါလား ” လို့

ရိုင်းစိုင်းတဲ့စားပွဲထိုးမလေးကိုကြည့်ပြောခဲ့ပြီးနောက် ထိုအဘိုးက စားသောက်ဆိုင်မှထွက်သွားခဲ့ပြီးနောက် Ani ဟာ အဘိုးပြောသမျှကို ဆင်ခြင်တုံတရားမဲ့စွာပြန်တွေးနေခဲ့ပါတယ်။

နောက်နေ့ မနက်စောစော ဆိုင်မဖွင့်ခင်မှာ ဆိုင်မန်နေဂျာက ဝန်ထမ်းအားလုံးကိုခေါ်ပြီး ဒီနေ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ ဒါရိုက်တာက ဆိုင်လာလည်ဖို့ကြောင်း ပြောကြားလာခဲ့ပါတယ်။

နောက်နေ့ ဒါရိုက်တာလာပြီလို့ကြားတော့ Ani က မှန်တစ်ချပ်ဆီ ချက်ချင်းပြေးသွားပြီး ဆံပင်ထဲက ဖြည်ထားတဲ့ကြိုးတွေကို ပြင်ပြီး အင်္ကျီကို သန့်သန့်ရပ်ရပ်နှင့်အကောင်းဆုံးဖြစ်အောင် ပြင်လိုက်ပါတယ်။

Ani ဟာ သူမကိုယ်တိုင် ရာထူးတိုးဖို့ မျှော်လင့်ချက်နဲ့ စားသောက်ဆိုင်ထဲမှာ စောင့်နေတဲ့ ဝန်ထမ်းတွေအားလုံးထဲက အကောင်းဆုံးလို့ ဒါရိုက်တာကို သတိထားမိစေချင်ခဲ့ပါတယ်။

ဇိမ်ခံကားတစ်စီးက စားသောက်ဆိုင်ရဲ့ရှေ့သို့ရောက်ချလာပြီးနောက် အနက်ရောင်ဝတ်ရုံနှင့် အဘိုးတစ်ဦးက ထွက်လာတဲ့အချိန် စားသောက်ဆိုင်ရှိဝန်ထမ်းအားလုံးက

ထိုအဘိုးအား ဦးညွှတ်အလေးပြုကာ “ကြိုဆိုပါတယ် မစ္စတာ ဒါရိုက်တာ” လို့ တညီတညွတ်တည်း နှုတ်ဆက်ကြပါတယ်။ အားလုံးထိုင်စားပြီးတဲ့အခါ စားသောက်ဆိုင်မန်နေဂျာက

“ဒါရိုက်တာက မင်းနဲ့ စကားတစ်ခွန်းလောက် ပြောချင်တယ်” ဆိုပြီး Ani ကိုလာခေါ်ခဲ့ပါတယ်။Ani က သူမ မနေ့ညက ဆိုးရွားစွာ ဆက်ဆံခဲ့တဲ့အဘိုးက

သူမတို့ရဲ့ဒါရိုက်တာဖြစ်ကြောင်း သိလိုက်ရတာကြောင့် သူမရဲ့စိတ်က တုန်လှုပ်သွားခဲ့ပါတယ်။ ထို့နောက် သူမက ခွင့်လွှတ်မှုအတွက် တောင်းဆိုချင်ခဲ့ပေမဲ့လည်း

ဒါရိုက်တာက သူမရဲ့စိတ်နေစိတ်ထားကိုမြင်ပြီးဖြစ်တာကြောင့် အချိန်နှောင်းသွားခဲ့ပါတယ်။နောက်ဆုံး Ani ကို အလုပ်ထုတ်ပြီး စားသောက်ဆိုင်မှထွက်သွားခိုင်းခဲ့ပါတယ်။

ဤပုံပြင်က ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ သတိထားသင့်တဲ့ သင်ခန်းစာတစ်ခုအဖြစ် ရည်ရွယ်ပါတယ်။ သူတစ်ပါးကို အပေါ်ယံအကဲဖြတ်ခြင်းက ၎င်းတို့ကိုအဓိပ္ပါယ်မဖော်စေဘဲ ကိုယ့်ရဲ့အဆင့်အတန်းကိုသာ သတ်မှတ်လိုက်သလိုပါဘဲ။