ညအိပ်ယာထဲအထိ အွန်လိုင်းသုံးရင် ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ သိပါရဲ့လား

Knowledge
Spread the love

ညအိပ်ယာ ထဲ အထိ အွန်လိုင်း သုံးရင် ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဆိုတာ သိပါ ရဲ့လား

ညနက်တဲ့ အထိ ဖေ့စ်ဘုတ်သုံး လျှင်ဘာတွေ ဖြစ်လာ မလဲ ဖတ်ကြည့်ပါ (တကယ်ကြောက် စရာမို့ သတိထားသင့်ပါတယ်)ကျန်းမာရေး ပါရဂူကြီးများရဲ့ လေ့လာတွေ့ရှိချက်အရ လူသားတွေ အတွက် အကောင်းဆုံး အိပ်စက်အနားယူ ချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီအဆိုကို ဆေးပညာရှင်များ အားလုံးနီးပါးကလည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ် ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။

‌ကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေး နေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများ ထဲမှ အဆိပ် အတောက်နဲ့ မလိုအပ်တဲ့အရာ များကို စစ်ထုတ်ပေးနေရလို့ပါပဲ။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။

အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေး ထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တဖြေးဖြေး ပျက်စီးသွားစေပါတယ်။အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်း တစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းများလည်း အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ်မလုပ်နိုင် တော့ရင် အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်းရောဂါများအပြင် အခြားရောဂါများလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။ဒါ့ကြောင့် ကျန်းမာရေးစောက်ရှောက်မှု မြင့်မားတဲ့ အချို့နိုင်ငံတွေမှာ ညဖက်အလုပ်လုပ်ရတဲ့ ဝန်ထမ်းများကို ရေရှည်မလုပ်စေပဲ အလှည့်ကျ လှဲလယ်ပေးတတ်ကြပါတယ်။အခုခေတ်မှာ ဖေ့စ်ဘုတ်ဟာ အိပ်ချိန်ကို အဓိက ဖဲ့ယူနေတဲ့

အရာဖြစ်နေ တာကြောင့် အသက်ကို ဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ကိုယ့်အသက်ကို အသိဉာဏ်ဖြင့် ဂရုပြုနိုင်ကြစေရန် ကျန်းမာရေးဗဟုသုတအဖြစ် အသိပေး လိုက်ပါတယ်။ ဖေ့စ်ဘုတ်တစ်ခုတည်းမဟုတ်ပဲ အခြား ဘာပဲလုပ်လုပ် အဲဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆေ ာင်ချက်များကို ထိခိုက်စေပါတယ်။လူသားအားလုံး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် – ပူတာအို

အစွမ်းထက် သဘာဝဆေးနည်းများ