အိမ်ရှင်မတို့ရေ…
တစ်နေ့ တစ်နေ့ မနက်မိုးလင်းတိုင်း ဒီနေ့ငါဘာဟင်းချက်ရင် ကောင်းမလဲ ဆိုပြီး ခေါင်းတွေကိုက်နေကြပြီလား…
ဒီလိုမဖြစ်အောင် မင်မင်က တစ်လ အတွင်း တစ်မျိုးနဲ့ တစ်မျိုး မထပ်ပဲ ချက်လို့ရနိုင်မယ့် ဟင်းအတွဲအစပ်လေးတွေကို ပြောပြပေးပါ့မယ်နော်…
(၁) ဝက်သားနဲ့ငရုတ်သီးကြော် + ချဉ်ပေါင်းဟင်း
(၂) ကြက်သားနဲ့အာလူးချက် + ငြုပ်သီးထောင်း
(၃) ငါးကျီးကြော် + ပဲနီလေးဟင်းချို + ပုဇွန်ချဉ်သုပ်
(၄) သုံးထပ်သား နဲ့မှို အချိုပေါင်း + မုန်လာဥချဉ်ဟင်း + ပဲပင်ပေါက်အစပ်ကြော်
(၅) ကြက်ပဲ + အာပြဲခြောက်ကြော်+သရက်သီးသနပ်
(၆) ငါးဆုပ်ဆီပြန်+ ပဲပြုတ်နဲ့မျှစ်နဲ့ကြော်+ ဘူးညွန့်ကြော်ချက်
(၇) သုံးထပ်သားအချိုချက် + ပန်းပွင့်ကြော် + ပဲနီလေးဟင်းချို
(၈) ကြက်သားနဲ့ ပဲနဲ့ + ဂေါ်ဖီပန်းပွင့်ကြော်
(၉) ကြက်တောင်ပံကြော် + ပဲငါးပိချက် + မြင်းခွာရွက်ဟင်းချို
(၁၀) ငါးကြင်းကြော် + ပုဇွန်ချဉ်သုပ် + ပဲနီလေးဟင်းချို
(၁၁) ငါးကျည်ကြော် + ချဉ်ပေါင်နဲ့ မျှစ်အရည်သောက်
(၁၂) ကြက်သားနဲ့ ဗူးသီး ကာလသားချက် + မျှစ်ကြော် + ငါးရံ့ခြောက်ဖုတ်
(၁၃) ကြက်ဥ နဲ့ အာလူး အစပ်ကြော် + ကန်ဇွန်းရွက်ချဉ်ရည် +ပဲသီးကြော်
(၁၄) ပုဇွန်ထုပ်ဆီပြန် + ဂေါ်ဖီပန်းပွင့်ကြော် + ကြက်ဥအစပ်ဟင်းချို
(၁၅) ငါးကြင်းကြော်နှပ် + သီးစုံချဉ်ဟင်း
(၁၆) ကြက်သားဆီပြန်+ငါးပိထောင်း + ပဲကြီးနဲ့ဆူးပုတ်ဟင်းချို
(၁၇) ဝက်သားပဲငါးပိချက် + မှိုနဲ့ကန်ဇွန်းရွက်ကြော် + ကြက်ခြေထောက်ချဉ်စပ် ဟင်းချို
(၁၈) ငါးမုတ်ကြော် + ခရမ်းချဉ်သီးငါးပိချက် + အစိမ်းကြော်ကြက်သားနဲ့ခွေးတောက်ရွက် ဟင်းချို
(၁၉) ငါးပုဏ္ဏားဆီပြန် +ပဲနီလေးဟင်းချို + ငံပြာရည်နဲ့တို့စရာ
(၂၀) ကြက်တောင်ပံကြော် + ပုန်းရည်ကြီးသုပ်+ ကြက်ခြေထောက်ဟင်းချို
၂၁) ငါးဘတ်ငါးပိကောင်ဆီပြန်+ ခရမ်းသီးနှပ် + ပဲကြီးဟင်းချို
(၂၂) ကြက်အသဲအမြစ်အချိုချက် + ပုဇွန်ချဉ်သုပ် +ကြက်ဥသီးစုံဟင်း
(၂၃) သုံးထပ်သားဆီပြန် + ရုံးပတီသီးနှပ် + မြင်းခွာရွက်သုပ်
(၂၄) ပုဇွန်အစပ်ကြော်+ ပဲကြီးနဲ့ဆူးပုတ်နှပ်
(၂၅) ဝက်သားနဲ့ဒညင်းသီးဆီပြန် + ကန်ဇွန်းရွက်ချဉ်ရည်ဟင်း + ငရုတ်သီးဆားထောင်း
(၂၆) ငါးကြင်းဗိုက်သား ဆီပြန် + မြင်းခွာရွက်သုပ် +ငါးပိထောင်းတို့စရာ နဲ့ မုန်လာဥချဉ်ဟင်း
(၂၇) ငါးမွှေ + ပုဇွန်ချဉ်သုပ် + ကြက်ဥသီးစုံချဉ်ဟင်း
(၂၈) ပုဇွန်ထုပ်ဆီပြန် + မရမ်းသီးငါးပိကြော် + ဆေးဘဲဥသုပ်
(၂၉) ကြက်သား အာလူးဆီပြန် + ဗူးညွန့်ဟင်းခါး၊ တို့စရာ
(၃၀) ဝက်နံရိုးမျှစ်ချဉ် + ငါးပိထောင်း +ပြောင်းဖူးကြော်
ကဲ … ဒါဆို တစ်လစာအတွက် ဘာဟင်းတွေ ချက်ရမလဲ စိတ်ပူစရာ မလိုတော့ဘူးနော်… ဒါကြောင့် ဒီ Post လေးကို သိမ်းထားလိုက်တော့နော်။