တစ်ပတ်တွင်း ခေါက်ဆွဲခြောက် ၂ထုပ်ပိုစားရင် ဘာဖြစ်နိုင်လဲ
တစ်ပတ် ကို ခေါက်ဆွဲခြောက် ၂ ထုပ်နှင့် ၂ ထုပ် ထက်ပို စားသောက်ခြင်း ဟာ ရေရှည်မှာ နှလုံး
ကျန်းမာရေး ကို ထိခိုက်စေကြောင်း အမေရိကန် မှ လေ့လာသူများက ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ခေါက်ဆွဲခြောက် ဖြစ်ရန် ပြုလုပ်တဲ့ ဓာတုဗေဒ၊ ထုတ်ပိုးတဲ့အခါ တာရှည်ခံစေရန် ထည့်သွင်းထားတဲ့ ဓာတုဗေဒ
ပစ္စည်းများဟာ လူတို့ စားသုံးတဲ့အခါ
ကျန်းမာရေး ထိခိုက်စေတဲ့ အချက်ကို လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
တစ်ပတ်ကို တစ်ထပ်လေက် စားတာက မသိသာပေမယ့် ယင်းထပ် ပိုရင်တော့
ဒါဟာ ကျန်းမာရေး အတွက မကောင်းတော့ ပါဘူး။ အထူးသဖြင့်အမေရိကန်မှာ ဆိုရင်
ခေါက်ဆွဲခြောက်ကြောင့် အမျိုးသမီး များက အမျိုးသားများထက် နှလုံးရောဂါ ဆိုင်ရာ
ပိုမို ခံစားရ လွယ် နိုင်ချေ ရှိကြောင်း ဆိုပါတယ်။
နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ သွေးချို ဆီးချို ရောဂါ များ ကို ဖြစ်ထွန်းရန် အလွယ်တကူ ဖြစ်စေပြီး ကလေးရရန် ခက်ခဲတဲ့
အိမ်ထောင်သည်များ အနေနဲ့ ရှောင်ကြဉ်သင့်ကြောင်းတောင် ထောက်ပြထားပါတယ်။
အကြောငး်ကတော့ သူဟာ ဟိုမုန်းဓာတ် ကိုပါ အနှောင့်အယှက်ပေးလို့ ဆိုပါတယ်။
ယင်းသို့ဆိုလိုက်လို့ ခေါက်ဆွဲခြောက်များကို မကောင်းလို့လည်း မဆိုလိုပါ။
သူဟာ အစားအသောက် လွယ်တကူ နဲ့ ခပ်မြန်မြန် စားချင်သူများအတွက်၊ စျေးသက်သက်သာသာ စားချင်သူများအတွက်
ထုပ်ပိုး ပေးထားတဲ့ အစားအသောက် ဖြစ်ပြီး တစ်ပတ်ကို ၁ ထုပ်လောက်စားရင်တော့ ဘာမှ မဖြစ်ပါဘူး။
ယင်းထပ် ပိုတဲ့ အကြိမ်အရေအတွက် အားဖြင့် စားမိရင်တော့သာ ကျန်းမာရေး အတွက် ထိခိုက်နိုင်ကြောင်းကို
ထောက်ပြသွားခဲ့ပါတယ်။