တိုင်းပြည်တစ်ခု ပျက်စီးတော့မယ်ဆိုတဲ့အချိန်မှာ သတိနဲ့ဝိုင်းကြိုးစားဖို့ ပြလေ့ရှိတဲ့ ပထမနိမိတ်ကြီး (၆)ခု၊ ဒုတိယ နိမိတ် (၃)ခု၊ တတိယနိမိတ် (၁)ခု

Knowledge
Spread the love

တိုင်းပြည်တခု ပျက်စီးတော့မယ်ဆိုတဲ့ အချိန်မှာ မပျက်စီးအောင် သတိနဲ့ဝိုင်းကြိုးစားဖို့ နိမိတ်ဆိုးကြီး (၆) ခုပြလေ့ရှိတယ်တဲ့။

အဲ့ဒီ (၆) ခု စုံလို့မှ ဝိုင်းဝန်းမပြုပြင် မထိမ်းသိမ်းရင် ဒုတိယနိမိတ်ကြီး (၃) ခု ထပ်လာတယ်။ အဲဒါဆို ပျက်ဖို့သေချာသလောက်ရှိပြီ။

နောက်ဆုံး တတိယအဆင့်ဖြစ်တဲ့ နိမိတ်ဆိုးကြီးတစ်ခု လာတာနဲ့တပြိုင်နက်ထဲ အဲဒီတိုင်းနိုင်ငံဟာ ကွယ်ပျောက်သွားတယ်လို့ မှတ်သား ဖူးတယ်။

ပထမပြတဲ့ နိမိတ်ဆိုကြီး (၆) ပါး

၁။ မင်းဆိုးမင်းညစ် သာသနာညစ်စေသော မင်းအုပ်စိုးခြင်း။

၂။ အထင်ကရ ရဟန်းသံဃာတော်တို့ လူထွက် အိမ်ယာထူထောင်ခြင်း၊ ကာမေသုပြစ်မှုတို့ကျူးခြင်း။

၃။ ကလေးသူငယ်တို့ကအစ ကာမဂုဏ်မွေ့လျော်ကျူးလွန်လာခြင်း။

၄။ တိုင်းပြည်နယ်စပ်အစုံ၌ သူပုန်သူကန်ထခြင်း။

၅။ စစ်သည်တော်နှင့် သူပုန်သူကန်တို့ အဆင့် အတန်းတူမျှခြင်း။

၆။ သူတော်ကောင်းတို့ ဘေးသင့်ကြခြင်း။

ဒုတိယပြသော နမိတ်ဆိုးကြီး (၃) ပါး

၁။ အမျိုးကောင်းသမီးတို့ ပြည့်တန်ဆာကဲ့သို့ ကာမဂုဏ်၌ ပွင့် လင်းကြကုန်ခြင်းနှင့် အမျိုးကောင်းသားတို့ ယောကျင်္ားစိတ် သွင်ပြင်ပျောက်၍ မိန်းမစိတ်ပေါက်သူများ ပေါများလာခြင်း။

၂။ သူဖုန်းတောင်းစားသူတို့နှင့် အခြားသော လူတန်းစားတို့ အသွင်တူ နေထိုင်ပုံတူလာခြင်း။

၃။ တစ်ပါးသော တိုင်းနိုင်ငံတို့အပေါ်တွင် ပိုမိုချစ်ခင် ယုံ ကြည်အားကိုးလာခြင်း။

နောက်ဆုံးပြသောနမိတ်ဆိုးကြီးမှာ တိုင်းနိုင်ငံ၌ သူတော်ကောင်းနှင့်ရဟန်းသံဃာတို့ မဲ့ခြင်း ဖြစ်ပါသည်။

နိမိတ်ဆိုတိုင်း ရာနှုန်းပြည့် ယုံကြည်ဖို့ရာ မဟုတ်သော်လည်း သတိပြုမိနိုင်ကြစေဖို့ ဗဟုသုတအဖြစ် ပြန်လည်မျှဝေ ဖော်ပြ လိုက်ရပါတယ်။