တုပ်ကွေးဖြစ်ပြီး ချောင်းဆိုးတာကျန်နေရင် ဒီနည်းအတိုင်းသာ လုပ်လိုက်ပါ

Knowledge
Spread the love

မတရားချောင်းဆိုးပြီး အိပ်လို့မရ စကားပြောလို့မရ ဖြစ်နေတဲ့သူတွေရှိလား

ကျနော် 4 ရက်လောက်ရှိပါပြီ တုပ်ကွေးကွေးတာ တော်တော်လေး ခံရပါတယ်

အဆိုးဆုံးက ချောင်းဆိုးတာပါ တစ်ချက်တစ်ချက်ဆိုးလိုက်ရင် အာခေါင်တွေကွဲမတတ်ပါဘဲ

လုံးဝနေလို့ထိုင်လို့မကောင်းပါဘူး

အဲ့တာနဲ့ သံပုရာရည်နဲ့ဆားနဲ့ အခုလိုလုပ်ပြီး သောက်တာ တော်တော်လေးကို သက်သာပါတယ်

တစ်ရက်ဆက်လုံးဝမဆိုးတော့ဘဲ တစ်ချက်တစ်ချက်တော့ဆိုးပေမယ့် တော်တော်လေးကိုသက်သာပါတယ်

ကျနော်က ချောင်းတစ်ခါဆိုးရင် 3 လ လောက်ကြာပါတယ် တော်တော်နဲ့မပျောက်ပါဘူး ချွဲပါတာဘာညာမရှိဘဲ

ဒီအတိုင်းဆိုးတာပါ ဆိုးတဲ့အသံကလည်း ဝမ်းခေါင်းကလာတဲ့အသံကြီးအကျယ်ကြီးပါဘဲ

အခု တုပ်ကွေးဖြစ်တော့ချောင်းဆိုကျန်ခဲ့ရင် ဒုက္ခပါဘဲလို့ တွေးနေတာ

သံပုရာရည်နဲ့ဆား ကောင်းကျိုးကြောင့် အခု တော်တော်လေးမှတော်တော်လေး သက်သာပါတယ်

မနက်ဖြန်လောက်ဆို အရှင်းသက်သာလောက်ပါတယ်

သွေးပေါင်ကျတတ်တဲ့သူတွေတော့ မလုပ်ပါနဲ့ ခင်ဗျာ သံပုရာသီးဖြစ်နေတော့ အဆင်မပြေပါဘူး