တောကြက်ဥ၊ အိမ်ကြက်ဥ နဲ့ စီပီကြက်ဥတို့ကို ကွဲပြားစွာသိဖို့နှင့် ဆေးဖက်ဝင်ပုံများ

Knowledge
Spread the love

တောကြက်ဥ၊ အိမ်ကြက်ဥ နဲ့ စီပီကြက်ဥတို့ကို ကွဲပြားစွာသိဖို့နှင့် ဆေးဖက်ဝင်ပုံမျ

တောကြက်ဥ မမြင်ဖူးသူ တွေအတွက် တောကြက်ဥ၊ အိမ်ကြက်ဥ၊ CP ကြက်ဥတို့ကို ယှဉ်ပြထား တာပါ …

ရောင်းရန်မဟုတ်ပါ …

နောက်အလျှင်း သင့်လျှင် ရေကြက်ဥ၊ ရေဘဲဥ၊ ဒင်ကျီးဥများနှင့် ဟင်္သာဥများ ကိုပါ

ရှာဖွေကာ တင်ပြ ပေးပါမည်။

တောကြက်ဥ …… တော အစပ်တွင် တွေ့ရလေ့ရှိသည်။ အပင် ခပ်လတ်လတ် ကိုင်းခြုံ ဆူးခြုံများရှိ

အသိုက်များတွင်

တွေ့ရသည်။

တစ်လုံးမှစ၍ အများဆုံး ၅ လုံးခန့်အထိသာ တွေ့ရတတ်သည်။ ရှားပါး၍ ဆေးဖက်ဝင်သည် ဟုဆိုကြ၍

တရုတ်သမားတော် များက အဝယ် များသည်။ ယခင်ကပေါများသော်လည်း လက်ရှိအချိန်၌ ရှားပါးနေပြီ

ဖြစ်သည်။ တစ်လုံးလျှင် ၂၅၀၀ ကျပ်ခန့် အထိပေါက်ဈေး ရှိသည်။
တောကြက်ဥကို ဆန်အရက်ဖြင့် ဖျော်သောက်ပါက အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင်ခြင်း

ကိုယ်ဝန်ဆိပ် တက်ခြင်းများ သက်သာ ပျောက်ကင်း စေသည်။
တရုတ်ရိုးရာ အားတိုး ဆေးများတွင် ထည့်သွင်း ဖော်စပ်ကြသည်။

အိမ်ကြက်ဥ … သဘာဝ အတိုင်း လွှတ်ကျောင်း မွေးမြူ ထားသည့် ကြက်မ များမှ ဥ သော

အကောင် ပေါက်မည့် ဥ ဖြစ်သည်။ မဒမ်းများမှ ဥသော လေဥသည် တန်ဖိုးမရှိ ဆေးဖက် မဝင်ပါ

အိမ်ကြက် ဥသည် ထွေထွေထူးထူး ပြော စရာ မရှိအောင် မြန်မာ တို့နှင့် ရင်းနှီးပြီး သားပင် ဖြစ်သည်။

အိမ်ကြက်ဥတွင် စစ်တကောင်း ကြ က်ဥ၊ ညောင်ကန်ကြက်၊ တိုက်ကြက်ဥ နှင့်

တိန်ညင်ကြက်ဥ ဟူ၍ အမျိုးအစား ကွဲပြားသည်။ တစ်လုံးလျှင် ၅၀၀ ကျပ်ခန့်အထိ ပေါက်ဈေးရှိသည်။

အရက်နာ ကျသူတွေ အတွက် အိမ်ကြက်

ဥ နှင့် သံပုရာသီး ဖျော်သောက်ခြင်း၊ အမျိုးသား များအတွက် အိမ်ကြက်ဥ၊ ဖီးကြမ်းနှင့် ပျားရည် ခေါက်စားခြင်း

စသည်တို့ဖြင့် လက်ရှိ၌ အသုံးပြုကြသည်။

မွေးမြူရေး ကြက်ဥရဲ့အ ကြောင်းက တော့ မပြောတော့ပါဘူး။