ဒညင်းသီးကြိုက်ရင် ကျန်းမာရေးနဲ့ညီညွတ်အောင် ဒီလိုစားပါ

Knowledge Lifestyle
Spread the love

ဒညင်းသီးကြိုက်ရင် ဒီလိုစားပါ

ဒညင်းသီး

အာပေါအာဗန္ဓရ စေးထန်းပျစ်ချွဲသော အစာဖြစ်သဖြင့် အာကာသဓာတ်ကို ပျက်စေသည်။ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါသည်။

၎င်းအစာကိုစားလျှင် အာကာသဓာတ်ရစေသော ပွင့်စေတတ်သော အစာနှင့် တွဲဖက်စားသင့်သည်။

နာနတ်သီး

အမျှင်ဓာတ်နဲ့ သတ္တုဓာတ်များ ပါဝင်သဖြင့် ခန္ဓာကိုယ်တွင်းအင်္ဂါများကို သန့်စင်ပေးခြင်း၊ ကျောက်ကပ်လုပ်ငန်းတာဝန်နှင့် အစာခြေစနစ်ကို ကောင်းမွန်စေနိုင်သည်။

ဒညင်းသီးပြုတ် စားလိုလျှင်

(၁) နာနတ်သီး

(၂)ရှောက်ရွက်

(၃)ထန်းလျက်

(၄)မာလကာရွက်

(၅)ဆား

အထက်ပါစာရင်းမှ တစ်ခုခုနှင့်တွဲဖက်၍ ပြုတ်ပြီးမှစားသုံးသင့်ကြောင်း။ ရိုးရာဓလေ့အရ ဒညင်းသီးမီးဖုတ်စားလေ့ရှိသူများ အထူးသတိပြုပါရန်အကြံပြုပါသည်။

ဆားရည်စိမ်ခြင်းသည် အခြားနည်းထက် အဆိပ်အတောက်(ဂျန်ကောလစ်)ကို ပိုမိုလျော့စေသည်။

ကျောက်ကပ်ဝေဒနာများမှ သတိဖြင့် ကျော်ဖြတ်လွတ်ကင်းနိုင်ကြပါစေ။