ဒီလို ရှေ့ပြေးနိမိတ်တွေ မြင်တွေ့ရင် သင့်ဆီကို ကံကောင်းခြင်းတွေ မကြာမှီရောက်ရှိ လာတော့မည်

Knowledge
Spread the love

ဒီလို ရှေ့ပြေးနိမိတ်တွေ မြင်တွေ့ရင် သင့်ဆီကို ကံကောင်းခြင်းတွေ မကြာမှီရောက်ရှိ လာတော့မည်

ဒီလို ရှေ့ပြေးနိမိတ်တွေ မြင်တွေ့ရင် သင့်ဆီကို ကံကောင်းခြင်းတွေ မကြာမှီရောက်ရှိ လာတော့မယ်

လူတစ်ယောက် ကံကောင်းလာတော့ မယ်ဆိုတာကို ရှေ့ပြေးနိမိတ်တွေ ကြည့်ပြီး သိရှိနိုင်ပါတယ်…နိုင်ငံတိုင်

း မှာတော့ ကံကောင်းခြင်းရဲ့ နိမိတ်ကင်္ကေတတွေနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရှိနေတက် ပါတယ်

အယူအဆ အမျိုးမျိုးထဲကမှ လူအများစု နား လည် လက်ခံ ယုံကြည် ထားတဲ့ ကံကောင်းခြင်းရဲ့ နိမိတ်သင်္ကေတတွေ

လည်း ရှိပါတယ်။ သင့်ဆီကို ကံကောင်းခြင်းတွေ မကြာခင် ရောက်ရှိ လာတော့မယ် ဆိုရင်

ဒီလိုရှေ့ပြေးနိမိတ် သင်္ကေတတွေ ကို မြင်တွေ့၊ ဖြစ်ပေါ် ရတတ်ပါတယ်နော်။

ငှက်တွေ အသိုက်လာဖွဲ့တာ – ငှက်တွေက သင့်ရဲ့ နေအိမ်၊ တိုက်ခန်း (သို့) ရုံးခန်း၊ ဆိုင်ခန်း

အဆောက်အအုံတွေမှာ အသိုက် လာဖွဲ့မယ်ဆိုရင် ဒါဟာ ကံကောင်းခြင်းရဲ့ ရှေ့ပြေးနမိတ်တစ်ခုပါ။

ငှက်တွေက ကိုယ့်ဆီမှာ လာပြီး အ သိုက်ဖွဲ့တယ် ဆိုတာ သင့်ဆီမှာ ကောင်းတဲ့ (positive energy) တွေ ရှိနေ တယ်လို့ မှတ်ယူကြ ပြီး ဒါဟာ ကျန်း မာရေးနဲ့ ပျော်ရွှင်မှုတွေ တိုးတက်ကောင်းမွန် လာမယ့် ရှေ့ပြေးနိမိတ်

တစ်ခုပဲ ဖြစ်ပါတယ်

နားယားတာ – ရောဂါကြောင့် မဟုတ်ပဲ နားယားပြီဆိုရင် လူတော်တော် များများကတော့ တစ်စုံတစ်ယောက်က

ကိုယ့်မကောင်းကြောင်း ပြောနေ၊ ကိုယ့် အတင်း တုပ်နေပြီလို့ယူဆကြတက် ပါတယ် တကယ်တော့ မဟုတ်ပါဘူး

နားယားခြင်း ကလည်း ကံကောင်းခြင်းရဲ့ နိမိတ်တစ်ခု ဖြစ်ပါတယ်။

ဒီနေရာမှာတော့ နားယားတာဟာ တစ်ယောက်ယောက်က သင့်အကြောင်းကို ်ချီးကျူးပြောဆို နေလို့အခုလို

ဖြစ်တာလို့မှတ် ယူ ထားလိုက်ပါနော်သင့်ဆီကို ပျော်စရာကောင်းတဲ့ relationships (သို့) မိတ်ဆွေ

အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး ကံကောင်း ခြင်းတွေ ရောက်လာတော့မယ့် နိမိတ်တစ်ခု ပဲဖြစ် ပါတယ်။

အိမ်မွေးတိရစ္ဆာန်ရောက်လာတာ – ကိုယ့်အိမ် (သို့) ရုံးခန်းကို တိရစ္ဆာန် တစ်ကောင်ကောင်က

မျက်စိလည် လမ်းမှားပြီး ရောက်လာ ရင်လည်း ဒါဟာ ကံကောင်းခြင်း နိမိတ်ပါ။

ကြောင်အနက်ရောက်လာရင်တောင်မှ ဒါကို ကံကောင်းခြင်းလို့ပဲ မှတ်ယူလို့ ရပါတယ်။ ခွေး ၊ကြောင်တို့ များ

ကိုယ့်အိမ်ကို မျက်စိလည် လမ်းမှားပြီး ရောက်လာမယ် ဆိုရင်တော့…

ဒါဟာ သင့်ဆီကိုကံကောင်းခြင်းတွေ မကြာခင်ရောက် လာတော့မှာပဲ ဖြစ်ပါတယ်

၈ ဂဏန်းကို မြင်တာ – (၈) ဂဏန်းကို မကောင်းတဲ့ ဂဏန်းလို့ မြင်နေတာကို ရပ်လိုက်ပါ။ တကယ်က (၈)ဂဏန်းကို

မြင်ရင် ကံကောင်း တတ်ပါတယ်။

အရာဝတ္ထုတစ်ခုခု ဥပမာ- တိမ်တွေက(၈) ဂဏန်းပုံ ဖြစ်နေတာ မျိုးကို တွေ့ရင်လည်း ဒါဟာ ကံကောင်းခြင်း နိမိတ် ပါပဲ။

(၈)ကို တရုတ်မှာ ဆိုရင် ကံကောင်းခြင်းလို့ မှတ်ယူပါတယ်။

ကံကောင်းခြင်း အရာတစ်ခုခုကိုမကြာခင် သင့်ဆီရောက် လာတော့ မှာပဲဖြစ်ပါတယ်။

အဝတ်အစားပြောင်းပြန်ဝတ်မိတာ – တခါတလေမှာ မရည်ရွယ်ပဲ အဝတ်အစားကို ပြောင်းပြန် ဝတ်မိတာမျိုး ဖြစ်တတ် ပါတယ်။

ဆွယ်တာ အကျီင်္ပဲ ဖြစ်ဖြစ်၊ ဘောင်းဘီကိုပဲဖြစ်ဖြစ် ပြောင်းပြန်ဝတ်မိရင်လည်း ဒါဟာ ကံကောင်းခြင်းနိမိတ်ပါ။

မကောင်းတဲ့ကံတွေ ပြောင်းပြန်လှန်တော့မယ် ဆိုတဲ့သဘောပါနော်

ငှက်ချေးပါချ – တစ်ခါတလေမှာ သွားရင်းလာရင်းနဲ့များ သင့်ခေါင်းပေါ် (သို့) သင့်အဝတ်အစားပေါ်ကို

ငှက်ချေး ပါချရင် အရမ်းကြီး စိတ်အနှောင့်အယှက် မဖြစ်လိုက်ပါနဲ့

အခုလို ကိုယ့်အပေါ်ကို ငှက်ချေးပါချရင်တော့ မကြာခင်မှာ ကံကောင်းခြင်းတွေ ရောက်လာတော့မယ်၊

ငွေကြေးလာဘ်ဝင်တော့မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်ပဲ ဖြစ်ပါတယ်။

နွယ်ပင်တွေအိမ်ကို တက်တာ – အိမ်မှာ သန့်ရှင်းရေးလုပ်ရဲ့သားနဲ့ နွယ်ပင်တွေ တွယ်တတ်ပြီဆိုရင်လည်းဒါဟာ

ကံ ကောင်းခြင်းရဲ့လက္ခဏာပါ။

တကယ်လို့ များသင့်အိမ် မှာ နွယ်ပင်တွေ တွယ်တက်နေပြီ ဆိုရင်တော့ ဒါဟာ မကြာခင်မှာသင့်ဆီကို

ကံကောင်းခြင်းတွေ ရောက်လာ တော့ မယ်ဆိုတဲ့ ရှေ့ပြေးပါ။

နွယ်ပင်တွေအိမ်မှာတက်ပြီဆိုရင် ကံဆိုးခြင်းတွေပျောက်ပြီးကံကောင်းခြင်းတွေ ရောက်လာတော့မှာပဲဖြစ်ပါတယ်

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ…

Leave a Reply