၁။အိပ်ယာနောက်ကျမှထခြင်း မပြုလုပ်ပါနဲ့
၂။မနက်ပိုင်းကို ရန်ဖြစ်တာ စကားများတာတွေမလုပ်ပါနဲ့
၃။အိပ်ယာထထချင်း မျက်နှာအရင်တန်းသစ်ပါ အစားအရင်စားတာ အိမ်သာတန်းတက်တာ မလုပ်ပါနဲ့
၄။ဘုရားအရင်ရှိခိုးပြီးမှ အလုပ်ကိုစလုပ်ပါ
၅။ပိုက်ဆံတွေကို ပြန့်နေအောင်ထားတာမျိုး လိပ်ထားတာတို့ ပစ်စလခက်မထားပါနဲ့
၆။စိတ်ထားကောင်းကောင်းထားပါ သူများကို အတင်းပြောတာ ပုတ်ခပ်တာမျိုးမလုပ်မိပါစေနဲ့
၇။အနောက်အရပ် မြောက်အရပ်တွေကို ခေါင်းပေးပြီးမအိပ်မိပါစေနဲ့
၈။ဖိနပ်အဟောင်းတွေ ထီးအပျက်တွေ နာရီအပျက်တွေ အိမ်မှာမထားပါနဲ့
၉။ပိုက်ဆံပေါ်မှာ ဘောပင်နဲ့ ဟိုခြစ်ဒီခြစ် မရေးပါနဲ့
၁၀။ခင်ပွန်းကြီး (၁၀)ပါးကိုလုံးဝ မပစ်မှားမိပါစေနဲ့ မစော်ကားမိပါစေ
၁၁။တစ်ပတ်ကိုတစ်ရက်တော့ အသားငါးမစားပါနဲ့ သက်သက်လွတ်စားပါ
၁၂။အိပ်ယာထထချင်း ဖုန်းသုံးတာ ဖုန်းပြောတာတွေမလုပ်ပါနဲ့ မျက်နှာအရင်သစ်ပါ
၁၃။မနက်ပိုင်း ဘယ်သူကိုမှငွေမချေးပါနဲ့
၁၄။မနက်ပိုင်း အရက်သောက်တာ မလုပ်ရပါ
၁၅။ငွေတွေကို ဖိနပ်နဲ့ထိတာ ထမိန်နဲ့ထိတာမျိုးမလုပ်မိပါစေနဲ့
ဒီအရာတွေကို လုပ်မိရင် ငွေမဝင်တာ လာဘ်ပိတ်တာတွေဖြစ်တတ်ပါတယ်