ဒူးကိုက် ဒူးနာပြီး အထိုင်အထ၊ အတက်အဆင်း မကောင်းတော့ရင် ….
ဒူးဆီခမ်း၊ ဒူးကိုက် ဒူးနာခြင်း အတွက်
အသက်အရွယ် ရလာရင် ဒူးကိုက် ဒူးနာပြီး အထိုင်အထ၊ အတက်အဆင်း မကောင်းတော့ပါဘူး။
ဒါကြောင့် ခန္တာကိုယ် ကိုလည်း ဆီထိုးပေးဖို့ လိုလာပါတယ်။ အဲဒီ အတွက် ငှက်ပျောသီးဖီးကြမ်းအမှည့် နဲ့ နှမ်းဆီလိုပါတယ်။
နှမ်းဆီစစ်ကို အညာက မှာထားတာရှိတော့ ဖီးကြမ်း ငှက်ပျောသီးအမှည့်ကိုဈေးမှာ သွားဝယ်ခဲ့ပါတယ်။ တစ်ဖီးကို တစ်ထောင်၊ အဖီးဝက်က ငါးရာဆိုတော့ ငါးရာတန်ဘဲဝယ် ခဲ့ပါတယ်။
လူသုံးယောက် စားမှာဆိုတော့ သုံးလုံးကို မီးဖုတ်ပြီး အေးတဲ့အခါ နှမ်းဆီစိမ်၊ စားတဲ့အခါ ဇွန်းနဲ့ချေမွှစားပေးရမှာပါ။
အကောင်းဆုံးက ပထမစားခါစမှာ တစ်နေ့ တစ်လုံး နဲ့ တစ်ပတ် စားပေးပြီး နောက်အပတ်တွေမှာ တစ်ပတ်၃ရက် စားရင် အဆင်ပြေပါတယ်။
နှမ်းဆီ စစ်စစ် ရချင်ရင် ပရဆေးဆိုင်တွေ မှာ ရနိုင် ပါတယ်။
ကျန်းမာချမ်းသာကြပါစေ