ဒူးရင်းသီး ကြိုက်သူများ သတိပြုစရာ (ဒူးရင်းသီးပေါ်ချိန်မို့ ဖတ်ထားသင့်တဲ့ပိုစ့်ပါ)

Knowledge
Spread the love

ဒူးရင်းသီး ကြိုက်သူများ သတိပြုစရာ

(ဒူးရင်းသီးပေါ်ချိန်မို့ ဖတ်ထားသင့်တဲ့ပိုစ့်ပါ)

အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာအစားအသောက် စားသုံးရာမှာ အခန့်မသင့် ရင်ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။

အခုအချိန်မှာ ရာသီစာဖြစ်တဲ့ဒူးရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်။ ဒူးရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။

ဒူးရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။

ဒူးရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်းပြောလို့ရပါတယ်။

ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူးရင်းသီးအစားမတတ်တာကြောင့် အသက်ဆုံးရှူံးသွားရသောဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူးရင်းသီးကိုကြိုက်နှစ်သက် တာကြောင့် အများကြီးစားသုံးခဲ့ကာ နွားနို့ နှင့် ကော်ဖီကိုလည်း သောက်သုံးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဘာကြောင့်လည်းဆိုတော့ ဒူးရင်းသီးနှင့် နွားနို့ပေါင်းစပ်လိုက် ပါကသွေးပေါင်ချိန် အလွန်တက်သွားပြီး ရှော့ခ်ဖြစ်ကာသေဆုံးရခြင်းဖြစ်တယ်လို့ ဆေးစစ်ချက်များအရသိရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံမှာ ဒူးရင်းသီးကို စားသုံးပြီး ၈-နာရီအတွင်း နို့ထွက်အစားအသောက်များကို မစားသုံးဖို့တိုက်တွန်းထားပါတယ်။

ထို့အပြင် ဒူးရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုကာကိုလာ နှင့်လိုင်ချီးသီးများဖြစ်ပြီး စားသုံးမိပါက အသက်အန္တရာယ်ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။

ဘာကြောင့်ဒီလိုဖြစ်ရတာလဲဗဟုသုတ ရအောင်ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒူးရင်းသီးနှင့်အရက်တွဲဖက်မစားသုံးသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ခုစလုံး အပူစာတွေဖြစ်တာကြောင့် သာမန်လူများသာမကသွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊နှလုံးသွေးကြောပေါက်ခြင်း၊ သွေးကြောများရုတ်တရက်ပေါက်ခြင်း နှင့် လေဖြတ်နိုင်ခြင်းတို့ကြောင့် တွဲဖက်စားသုံးခြင်း မပြုဖို့တိုက်တွန်း လိုပါတယ်။
.
၂။ အပူများတဲ့ခန္ဓာကိုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုးသူများ၊ ဖျားနာသူများလေပြွန်ရောင်ရောဂါရှိသူများအနေဖြင့် ဒူးရင်းသီးစားသုံးပါက ရောဂါ အခြေအနေ ပိုမိုဆိုးရွားတတ်တာကြောင့် မစားသုံးသင့်ပါဘူး။

၃။ ဒူးရင်းသီးစားသုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူးရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိူကို ၀မ်းအေးစေ ရန်သောက်သုံးပေးသင့်ပါတယ်။

၄။ ဒူးရင်းသီးမှာ အပူဓာတ်နှင့်သကြားဓာတ်ကြွယ်၀စွာပါ၀င်တာမို့အ၀လွန်ရောဂါရှိသူများ နှင့် ကိုယ်အလေးချိန်များသူများ စားသုံးရန်မသင့်ပါဘူး။

၅။ ပိုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါ၀င်တာကြောင့် နာတာရှည်ကျောက်ကပ် မကောင်းသူများ နှင့်နှလုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။

၆။ ဒူးရင်းသီးကိုတစ်ကြိမ်စားတိုင်းအများအပြားမစားသုံးသင့်သည့်အပြင် ဒူးရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုရင်လည်း စားသုံးဖို့မသင့်တော့ပါဘူး။

၇။ ဒူးရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မ၀ယ်ယူသင့်ပါဘူး။

၈။ ဒူးရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက်အများ သောက်သုံးပေးသင့်ပါတယ်။

ဒူးရင်းသီးအတွင်း အာဟာရဓာတ်အလွန်ကြွယ်၀စွာပါ၀င်တာကြောင့်အမြောက်အများ စားသုံးခြင်းဟာခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေရုံသာမက ၀မ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်းစားသုံးသင့်ပါတယ်။ ဒူးရင်းသီးအမြောက်အများစားသုံးမိပါကမင်းကွတ်သီးစားသုံးပေး ခြင်းဖြင့်အပူဓာတ်ကိုလျော့ချပေးနိုင်ပါတယ်။

ဒါကြောင့် ဒုးရင်းသီးကြိုက်နှစ်သက်သူများ ဆင်ခြင်စားသောက်နိုင်ဖို့ အန္တရာယ်ကင်းစေခြင်း အက်ျိုးငှာတင်ဆက်ပေးလိုက်ပါတယ်။Credit