နားကြပ် အမြဲ တပ်လေ့ ရှိသူတွေ သတိထား သင့်တဲ့ ဘေးထွက်ဆိုးကျိုး ၇ ခု

Knowledge Lifestyle
Spread the love

နည်းပညာက တစ်နေ့ထက် တစ်နေ့ ပို တိုးတက် လာနေချိန်မှာ လူသားတွေဟာ ကျန်းမာရေးအတွက် ရလဒ် ဆိုးတွေ ရှိနေ နိုင်တဲ့ ဇိမ်ခံ ပစ္စည်းတွေ ၊ အသုံ းအ ဆောင်တွေနဲ့ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ် ။

Headphone နဲ့ နားကြပ်တွေ ဟာလည်း နောက်ကွယ်က ဆိုးကျိုးတွေကို မသိကြဘဲ ယ နေ့ ခေတ် လူငယ်တွေ အသုံးများတဲ့ နည်းပညာ ပစ္စည်းတွေ ဖြစ် ပါ တယ် ။

နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ကြတဲ့သူတွေကို ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊ နေရာတကာမှာ တွေ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ ပြင်ပအသံတွေမကြားချင်လို့၊ စိတ်ဖိစီးမှုပြေလျော့စေဖို့၊သီချင်းနှစ်သက်လို့ စသည်ဖြင့် အ ကြောင်း အမျိုးမျိုးကြောင့်နားကြပ်နဲ့ သွားရင်းလာရင်း နားထောင်လေ့ရှိပါတယ်။

အိမ်မှာနေလည်း အနားယူရင်းနားထောင်၊ အိပ်ရာဝင်နားထောင်တာ တွေ ရှိကြပေမယ့် ကျန်းမာရေးအတွက်ကျတော့ သတိထားမိကြပါရဲ့လား။

ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီး သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေပေးနိုင်တယ်ဆိုတာတော့ သတိထားသင့်ပါတယ်။

၁။ အကြားအာရုံ ဆုံးရှုံးခြင်း / အကြားအာရုံပိုင်း နောက်ဆက်တွဲပြဿနာများ

headphones သို့မဟုတ် နားကြပ်ကိုသုံးတဲ့အခါ သင့်ရဲ့နားထဲကို အသံကတိုက်ရိုက် အနီးကပ်ဝင်ရောက်လာတာဖြစ်ပါတယ်။

90 decibels ထက်ကျော်တဲ့ အသံအတိုင်းအတာက အကြားအာရုံမှာ နောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာစေနိုင်ပြီး နားမကြားတော့တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။


ဒါ့ကြောင့် ကိုယ်က ဒီလိုအ လေ့ အကျင့် မျိုးရှိနေသူဖြစ်ရင် ကိုယ့်ရဲ့နားကို နည်းနည်းလောက်အနားပေးပြီး အသံအကျယ်ကြီးဖွင့် နားမ ထောင်ဖို့ သတိပြုပါ။

၂။ နားပိုးဝင်ခြင်း

သင်က ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိသူလား။ ဒါမှမဟုတ် တခြားသူဆီက ငှားသုံးတတ်သလား။ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေဆီက တခါတရံတော့ ငှားသုံးမိမှာပါပဲ။ ဒါပေမယ့် ဒီလိုတစ်ကြိမ်တစ်ခါတည်းကနေပဲ လွယ်လွယ်နဲ့ နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။

နားထဲက ဘက်တီးရီးယားတွေက နားကြပ်တွေကတဆင့် တစ်ယောက်နဲ့တစ်ယောက်ကူးစက်ဖို့လွယ်ပါတယ်။ ဒါ့ကြောင့် တခြားသူဆီကို ငှားပေးရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ပိုးသတ်တာမျိုး၊ ဒါမှမဟုတ် လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုး သတိထားသင့်ပါတယ်။

၃။ လေလမ်းကြောင်း ပိတ်စေခြင်း

ထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့ အသံစနစ် ကောင်းမွန်ကြောင်း ကြော်ငြာကြမှာပါပဲ။ ဒါပေမယ့် အသံဘယ်လောက်ကောင်းကောင်း ကျန်းမာရေးရှုထောင့်မှာတော့ ကိုယ့်ရဲ့အသုံးပြုမှုကိုမူတည်ပြီး ထိခိုက်မှု အနည်းနဲ့ အများရှိ လာစေ နိုင်ပါတယ်။ နားထဲကို နားကြပ်ထိုး ထည့် ထားရင်ပဲ လေလမ်းကြောင်း ပိတ်ဆို့စေနိုင်ပါတယ်။

လေအဝင်အထွက်မရှိရင် သိချင်းသံပိုနားထောင်ကောင်းတယ်ဆိုပေမယ့် နားပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ခြေများပါတယ်။ အများဆုံးဖြစ်လေ့ရှိတာက နားကြပ်နဲ့ headphones တွေကို အမြဲ ပုံမှန်သုံးလေ့ရှိတဲ့သူတွေဟာ နားအူခြင်း၊ နားပိုးဝင်ခြင်းနဲ့ နားလေးခြင်းတို့ဖြစ်လာတတ်ပါတယ်။

၄။ အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်း

တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတွေဟာ အကြားအာရုံခေတ္တပျောက်ဆုံးတတ်ပါတယ်။ ဒီလို numb ears ဖြစ်ပြီး ရင် ခဏနေတာနဲ့ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့တဲ့အထိ ဖြစ်စေ နိုင်ပါတယ်။

၅။ နားကိုက်ခြင်း

နားကြပ်သုံးတဲ့သူတွေမှာ နားကိုက်တဲ့ ပြဿနာ ခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့အသံတွေကြားနေရတာ ဒါမှမဟုတ် ဟိုး အတွင်းက စူးကနဲ နာကျင်ကိုက်ခဲတာတွေ ခံစားရတတ်ကြပါတယ်။

၆။ ဦးနှောက်ကို ဆိုးကျိုးသက်ရောက်စေခြင်း

နားကြပ်တွေ၊ headphone တွေဆီကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ကို ပြင်းထန်တဲ့ အန္တရာယ်တွေ ဖြစ်လာစေ နိုင်ပါတယ်။ ဒါပေမယ့် ဒါကိုသက်သေပြဖို့တော့ လုံလောက်တဲ့ဆေးပညာအထောက်အထားတော့မရှိသေးပါဘူး။

ဒါပေမယ့် Bluetooth ၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုအဖြစ်များတာတွေ့ရပါတယ်။ နား အတွင်းပိုင်းဟာ ဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီး နည်းနည်းလောက်ပိုးဝင်ရင်တောင် ဦးနှောက်ကိုတိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

၇။အသက်အန္တရာယ်နီးတဲ့ မတေ်ာတဆမှုတွေ
အခုနောက်ပိုင်းမှာ နားကြပ်တပ်ရင်း လမ်းသွားလမ်းလာတွေ မတော်တဆဖြစ်မှုတွေများလာပါတယ်။ ကားဟွန်းသံမကြား၊ ရထားသံ မာကားနိုင်တဲ့သူတွေဟာ ဖြစ်ရပ်ဆိုးရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။

တခါတရံ နားကြပ်တပ်ထားသူရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားရင်း တခြားသူတွေရဲ့အသက် အန္တရာယ်ဖြစ်ရတာ တွတောင် ရှိ ပါ တယ်။

နားကိုမထိခိုက်စေဘဲ နားကြပ် ဆက် သုံး နိုင် ဖို့ ဘယ်လို ဆင်ခြင်မလဲနားကြပ်အသုံးပြုခြင်းရဲ့ကျန်းမာရေးအန္တရာယ်တွေကို သိထားပြီးပြီဆိုရင်တော့ စိုးရိမ်နေမှာပါပဲ ။

ဒါပေမယ့် ဒီအတိုင်းတော့ မသုံးတော့ဘဲ လက်မလျော့လိုက်ပါနဲ့။ နားကိုလည်း မထိခိုက်စေဘဲ headphone နဲ့ နားကြပ်တွေကို သုံးနိုင်မယ့် နည်းလမ်းတွေရှိပါသေးတယ်။

နား ထဲ ကို ထည့် သွင်း ရ တဲ့ နား ကြပ် သေး သေး လေး တွေ ကို မ သုံး ပါ နဲ့။

နားအပြင်မှာတပ်ဆင်ရတဲ့ ဆိုဒ်ပိုကြီးတဲ့ headphone တွေကိုသုံးပါ။

ကိုယ့် နား ကြပ် သို့ မ ဟုတ် headphone ကို တ ခြား သူ တွေ နဲ့ မျှ ဝေ မ သုံး ပါ နဲ့။ မ ငှား ပါ နဲ့။

နားကြပ်ရဲ့ရော်ဘာအစွပ်လေးတွေကို တစ်လတစ်ကြိမ်လောက် လဲပေးပါ။

နား ကြပ် မှာ အ စွပ် မ ပါ ဘူး ဆို ရင် သန့် စင် ဆေး ရည် နဲ့ ပိုး သတ် ပေး ပါ။

ကား၊ ရထား၊ အမြန်ရထားနဲ့သွားရင် ဒါမှမဟုတ် လမ်းလျှောက်သွားရင်း နားကြပ်မတပ်ထားပါနဲ့။

နားကြပ်/ headphone တပ်ထားရင် အသံအကျယ်ကြီး မထားပါနဲ့။

လူ့အသုံး အ ဆောင် ပစ္စည်း တွေ ကြောင့် နေထိုင်သုံးစွဲရလွယ်ကူစေတယ်ဆိုပေမယ့် အကန့်အသတ်နဲ့ပဲ သုံးပါ။