နို့ေ သာက် တိုင်း ကောင်း တယ် မထင် ပါနဲ့ (သင် မသိ သေးတဲ့ နွားနို့ ဆိုးကျိုး များ)

Lifestyle
Spread the love

၁) – နွားနို့ ဆိုးကျိုး

ယခင်က နွားနို့သောက် လျှင် ကယ်လ်ဆီယမ်အားကောင်း၍ အရိုးများကို ခိုင်မာစေသည်ဟူ၍ ကလေး လူကြီးသောက်သုံးကြသည်။ ယနေ့ခေတ် နွားနို့သောက်ခြင်းသည် အရိုးပွရောဂါကို ဖြစ်စေခြင်း အကျိုးမဲ့စေသည့်အကြောင်းများရှိနေခြင်းကြောင့်နွားနို့ကို အသက်ကြီးသူများ သောက်ခြင်း နည်းလာသည်။

နွားနို့ကို သောက်မည်ဆိုလျှင် ကျက်ကျက်ဆူအောင် တည်ပြီးမှသောက်သင့်သည်။ နွားနို့ထဲတွင် ပါဝင်သော တီဘီပိုးသည့် တပွက်နှစ်ပွက်ဆူရုံနဲ့ သေသွားခြင်းမရှိပါ – နာနာဆူအောင်တည်ပြီးမှ သောက်သင့်သည်။

နို့စားနွားများမှ နို့များ သည်

ဟော်မုန်းဆေးများ ထိုးခြင်း

ပိုးသတ်ဆေးများသုံးခြင်း

နွားနို့ အရောင်လှအောင် အရောင် ဆိုးခြင်း ။

ရောဂါဖြစ်စေ ခြင်း –

နွားနို့သောက်လျှင် အချို ဓာတ်များ ၍ ရင်ပြည့် အစာမချေနိုင်ခြင်း ဆီးချိုရောဂါ ဖြစ်နိုင်ခြင်း

အဝလွန်ခြင်း

အရိုးပွ ခြင်း

အသက်ကြီးသူ ကလေးငယ် များ ဗိုက်နာ လေပွ ဝမ်းလျောခြင်း ဝမ်းချုပ်ခြင်း တို့ကြောင့်အသင့်သောက်နို့မူန့်ထုပ်များလည်း ဆိုးကျိုးရှိပါသည်။

၂ ) – နွားနို့စစ်စစ် ခွဲခြားပုံ

၁ – ပထမဆုံအရာက .. နွားနို့အတုဖြစ်ပါတယ် နွားနို့လုံးဝ မပါတဲ့အတွက် ဈေးအပေါ်ဆုံးနည်းမို့အသုံးအများဆုံးဖြစ်ပါတယ်။

နွားနို့အတုကိုအစစ်နဲ့တူအောင်ယူရီးယားstarch(ကော်မူန့် ပေါင်ဒါ သကြား ၊ဆော်ဒါ ၊ စားအုန်းဆီ ၊အဖြူရောင်ရေဆေးနဲ့ပျစ်အောင် ခေါင်းလျော်ရည်ကိုအချိန်နဲ့ ထည့်ကြပါတယ်။ ထည့်ထားတဲ့ပစ္စည်းတွေက လူကို ဥပါဒ်အပေးဆုံးမို့ အန္တရာယ်အများဆုံးဖြစ်ပါတယ်။

၂ – အတော်များများသိကြတဲ့ရောနည်းပါ ၊ နွားနို့များများ ပွားစေပြီး ရောတဲ့ရေ မသန့်ပါက လူကိုအန္တရာယ်ပေးပါတယ်။

၃ – အဝတ်လျှော်ဆပ်ပြာရည်ရောနည်းပါ အဲ့ဒီနည်းကအမြုပ်ထစေတဲ့ အတွက် နွားနို့ကိုပြစ်သရောင် ထင်ရအောင်ဖြစ်တယ် များများစားသုံးမိပါက အဝတ်လျော်ဆပ်ပြာကြောင့် အူလမ်းကြောင်းနဲ့ကျောက်ကပ်ကို ဒုက္ခပေးပါတယ်။

၄ – နွားနို့ကိုအထားခံအောင်benzoin acid,salicylic acid နဲ့ဖော်မလင် formalin စတာတွေကိုထည့်တာပါ ။

၅ – နွားနို့ထဲကိုအမိုးနီးယား(ammoniumsulphate)ထည့်တာပါပဲ။

ဒီနည်းကနွားနို့ကိုပျစ်စေလေးစေပြီး နွားနို့စံချိန်စစ်တဲ့ကိရိယာ( lactometer)က တောင်ရံဖန်ရံခါဖတ်ဖို့ခက်ခဲတဲ့အတွက် ခွဲခြာဖို့အခက်ခဲဆုံးအရာဖြစ်ပါတယ်။ ဘယ်လိုရောနှောလည်းဆိုတာစစ်ဆေးနိုင်ဖို့ ဓာတ်ခွဲခန်းသုံးပစ္စည်းကရိယာတွေမပါပဲ စားသုံးသူရဲ့ မျက်လုံးနဲ့စစ်ဆေးသိရှိနိုင်ဖို့ နည်းလမ်း များကတော့…

နွားနို့ကို ရေရောမရောသိချင်ရင်…ချောနေတဲ့မှန်လိုမျက်နှာပြင်ပေါ်မှာ အစက်ချပြီးမှန်ကိုနည်းနည်းမတ်လိုက်လို့ နွားနို့က မြန်မြန်ရေလို စီးသွားတယ်ဆိုရင်တော့ရေပါပြီ – နွားနို့အစစ်က ရေထက်လေးတော့ချက်ချင်းမစီးပဲဖြေးဖြေးချင်းစီးရမယ် စီးကျနူန်းကိုကြည့်ပြီး ရောတဲ့ရေအနည်းအများကို ခန့်မှန်းလို့ရနိုင်ပါတယ်။

ဆပ်ပြာရည်ရောတဲ့နွားနို့ကတော့…သောက်ရင်ခါးသက်သက် အရသာရှိပြီး နွားနို့ကို လက်ညိူးနဲ့လက်မကြား ပွတ်ကြည့်ရင်ဆပ်ပြာလိုချောကျိကျိဖြစ်နေတာတွေ့ရမယ်။ နောက်ဆုံးနည်းက… ဝယ်လာတဲ့ နွားနို့ကိုအပူမပေးခင်မှာ နည်းနည်းဖယ်ထားပြီး ကျန်တာကိုအပူပေးပြီးရင်အရောင်ခြင်းယှဉ်ကြည့်ပါ ။ လိုအပ်တာထက်ပိုတဲ့ အဝါရောင်ကိုပြောင်းသွားရင်တော့နွားနို့မစစ်ပါ ။

၆ – အန္တရာယ်ရှိစေသော နွားနို့နဲ့ ကိုကာ ကိုလာ

နွားနို့နဲ့ ကိုကာကိုလာ ရောလိုက်ရင် နာရီဝက်အကြာမှာ အရောင်ပြောင်း သွားပြီး အောက်မှာ အနည်ထိုင်ကာ အမြုပ်တစီစီ ထွက်လာပါတယ်။ ကိုလာမှာပါတဲ့ ဂက်စ်နဲ့နွားနို့ထိတွေ့ပြီး ဖြစ်လာတဲ့ အကျိုးဆက်ပါ။ ဒီ၂ ခုကို အတူသောက်မိရင်ဝမ်းတွင်း ကလီစာများကိုထိခိုက်ပျက်စီးစေတဲ့အပြင် ကျောက်တည်ရောဂါကို ၆၀ ရာခိုင်နူန်း အထိ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ကိုကာကိုလာသာမက ဂက်စ်များပါဝင်တဲ့ အခြားအချိုရည် များကိုလည်း နွားနို့နဲ့ တွဲသောက်မိရင် အန္တရာယ်ရှိပါတယ်။

ရေခဲသေတ္တာထဲမှာ နွားနို့နဲ့အချိုရည် သတိမထားမိပဲ အလွယ်တကူ မှားသောက် မိမှာ သတိထားပါ။

ကျန်းမာရေးသတင်းများ

နီနီလေး