နေ့စဉ် နေတဲ့ ဂွမ်းစောင်တွေမှာ ကပ်ညှိတွယ်တဲ့ ပိုးမွှားတွေကို အလွယ်ကူဆုံး ရှင်းနည်း

Knowledge
Spread the love

နေ့စဉ် နေတဲ့ ဂွမ်းစောင်တွေမှာ ကပ်ညှိတွယ်တဲ့ ပိုးမွှားတွေကို အလွယ်ကူဆုံး ရှင်းနည်း

ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ ဂွမ်းစောင် တွေမှာ ကပ်ညှိတွယ်တဲ့ ပိုးမွှား တွေကိုရှင်းနည်း

ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်း များစွာသော ပိုးမွှားများကို ဘယ်လို ဖြေရှင်းမလဲ။ အဖြေက လွယ်လွယ်လေးပါ။

ကျွန်တော်တို့ တော်တော်များများ သတိ မထားမိတဲ့ ဂွမ်းစောင်မှာ ကပ်ညှိတွယ် နေတဲ့ပိုးမွှားတွေ ရှိတယ်ဆိုတာ သိပေမယ့် လွယ်လွယ်ကူကူပဲ နေတက် ကြပါတယ်။

အခုလို မိုးတွင်းရာသီ မှာဆို ပိုးမွှားတွေက ပိုလို့တောင် ပေါက်ဖွား တက်ပါ သေးတယ်။

အိမ်ထောင်စု တော်တော်များ က ကတော့ဂွမ်းစောင် ကို နေပူလှန်း လိုက်တာနဲ့ စိတ်ရှုတ်စရာ ဒီအကောင်တွေ သေဆုံးသွား မှာပဲလို့ ထင်နေ ကြတယ်။

ဒါပေမဲ့ နေပူထဲ လှန်းရုံနဲ့ ဒီပိုးမွှားတွေကို အမြစ်ဖြုတ် အသေ မသတ်နိုင်ပါဘူး။မှန်ဘီလူးနဲ့ အကျယ်ချဲ့ ကြည့်လိုက်ရင်

နေပူကျဲကျဲမှ ာလှန်းထားတဲ့ ဂွမ်းစောင်ထဲမှာ ဒီပိုးမွှားတွေကို တွေ့နေရအုံးမှာပဲ။

နေလှန်းချင်တဲ့ ဂွမ်းစောင်၊ အကျႌ ၊ အရုပ်၊ ကောဇော စသဖြင့် ကို အမဲရောင် ကျွတ်ကျွတ်အိတ်နဲ့ (အမဲရောင် နော်) အသေအချာ ထုတ်ပိုးပြီး ထားပါ။

နေရောင် ပြင်းပြင်း အောက်မှာ 1- 2 နာရီ ထားပါ။ အမဲရောင်က အပူကို ပိုစုပ်ယူတဲ့အတွက် အိတ်ထဲက ပစ္စည်းများကို

အပူချိန် ပိုမြင့် စေပါတယ်။ ပိုးမွှားတွေဟာ အပူချိန် 50 ဒီဂရီ ရောက်ရင် သေဆုံးကုန် ပါတယ်။

ကျွန်တော်တို့ မျက်စိနဲ့ မမြင်နိုင်ပေမဲ့ မှန်ဘီလူးနဲ့ နောက်ထပ်တခါ အကျယ်ချဲ့ ကြည့်လိုက်ရင်တော့

ဒီပိုးမွှားတွေ သေဆုံး ကုန်တာ ကို တွေ့ပါ လိမ့်မယ် ။ တကယ်ကောင်းတဲ့ နည်းပါ။ မူရင်း တင်သူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။