နေ့သားအလိုက် ပိုက်ဆံဝင်တဲ့ မီးထွန်း ပိုက်ဆံ ယတြာ

Knowledge Lifestyle
Spread the love

ငွေကြေးကံပွင့်စေဖို့ ကံတစ်ခုဖန်တီးယူတဲ့သဘောပါ ။ ပထမတစ်ကြိမ်တင်ပေးခဲ့တုန်းက ရေးတာကို

သဘောမပေါက်ကြဘူး ။ ပထမတစ်ကြိမ်တုန်းကလည်း အောင်မြင်သူတွေ တော်တော်များများရှိခဲ့ပါတယ် ။

ငွေကံပွင့်စေဖို့ ၊ အကြွေးရနိုင်စေဖို့ မီးထွန်းပိုက်ဆံယတြာကို ပြုလုပ်နိုင်ပါတယ် ။ ကံပေးသလောက်ရကြမှာပါ ။

တနင်္ဂနွေသားသမီး – နေကြာရွက် ( သို့ ) သစ္စာပန်းရွက်

တနင်္လာသားသမီး= သြဇာရွက် ( သို့ ) သပြေရွက်

အင်္ဂါသားသမီး = ခရေရွက်

ဗုဒ္ဓဟူးသားသမီး= စပယ်ရွက်

ကြာသပတေးသားသမီး=စွယ်တော်ရွက်

သောကြာသားသမီး=ပိတောက်ရွက်

စနေသားသမီး=လေးညှင်းပွင့် ၇ ပွင့်-မကျ ည်းရွက်

မိမိတို့ နေ့သားသမီးအလိုက် ပန်း-အရွက် တမျိ ု းမျိ ု းကို ပိုက်ဆံ ၅၀၀ တန် ပိုက်ဆံ ကို ဖြန့့်လျက်ဖြစ်စေ မီးခွက် အောက်က ခံပြီး ဘုရားစင်မှာ ပူဇော် နိုင်ပါတယ်။

တစ်ပတ် ပူဇော်ပီးပြီဆို အဲဒီ ပိုက်ဆံ ကို လိုအပ်ရာနေရာ တခုခု မှာလှူဒါန်းလိုက်ပါ ။ဒါပါပဲ။

ပြုလုပ်ရမယ့်အချိန်ကတော့ မအားမလပ်ဖြစ်နေသူများ ကြိုက်တဲ့အချိန်ထွန်းပါ ။

အချိန်ပေးနိုင်သူများကတော့ နေ့တစ်နေ့ရဲ့ အကောင်းဆုံးအချိန်တွေပေးထားပါတယ် ။ အဲဒီအချိန်တွေထွန်းကြပေါ့ ။

တစ်ပတ်လုံးတွက် အကောင်းဆုံး အချိန်တွေကတော့

တနင်္ဂနွေနေ့ နံနက်/ ည – ၆နာရီမှ ရနာရီခွဲအတွင်း ။

တနင်္လာနေ့ နံနက် / ည ၉နာရီမှ ၁ဝနာရီခွဲအတွင်း

အင်္ဂါနေ့ နေ့လည် ၃နာရီမှ ၄နာရီခွဲအတွင်း

ဗုဒ္ဓဟူးနေ့ နေ့လည် ၁နာရီခွဲမှ ၃နာရီအတွင်း

ကြာသပတေးနေ့ နံနက် ၉နာရီမှ ၁ဝနာရီခွဲအတွင်း

သောကြာနေ့ နံနက်/ ည ရနာရီခွဲမှ ၉နာရီအတွင်း

စနေနေ့ နံနက် ၁ဝနာရီခွဲမှ ၁၂နာရီအတွင်း အချိန်တွေဟာအရေးကြီးပြီး အကျဉ်းအကျပ်ထဲရောက်နေသူတွေအတွက် ရွေးချယ်ပူဇော်နိုင်ပါတယ် ။

ဤယတြာသည် ကျွနုပ်၏ စီနီယာအကိုစီရင်သော ယတြာဖြစ်ပါတယ် ။ ကျွနုပ်ကိုယ်တိုင် သုံးစွဲ၍ အဆင်ပြေမှ ပြန်တင်ပေးခဲ့ခြင်းပါ ။

အကြိမ်ကြိမ်တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ယခုအကြိမ်တင်ရာမှာ ဖတ်ရလွယ်အောင် ပြန်ပြီးပြင်ရေးပေးထားပါတယ် ။ အားလုံး အဆင်ပြေကြပါစေဗျာ ။

မြန်မာ့ဗေဒင်နှင့် နဝင်းစီးပွဲ ဓာတ်ယတြာ မဇ္ဈိမ ဦးဆန်းမင်း ဝိဇ္ဇာနည်းကျ နိယာမဗေဒင်