နွေရာသီပူပူမှာအရမ်းအရသာရှိပြီးသောက်လို့ကောင်း၊ရောင်းလို့ကောင်းတဲ့ မုန့်လက်ဆောင်းဖတ်လုပ်နည်း
မြန်မာမုန့်များထဲမှ နေရာဒေသတိုင်းမှာ ရှိတတ်တဲ့ မုန့်မျိုးဖြစ်ပါတယ်။ ဆန်နဲ့လုပ်ထားတဲ့ မုန့်မို့ရင်အေးစေပါတယ်။
နွေရာသီပူပူမှာ မုန့်လက်ဆောင်းလေး သောက်လိုက်ရရင်တော့ ဘယ်နဲ့မှ မလဲနိုင်တဲ့ အရသာကို ရရှိစေမှာဖြစ်ပါတယ်။
အစိမ်းရောင်အနေနဲ့ ဆွမ်းမွှေးရွက်ကို အသုံးပြုထားပါတယ်။ အစိမ်းရောင် Food Colourကိုလဲ အစားထိုး အသုံးပြုနိုင်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
ဆန်မှူန့် ၅၀သား..(800gm)
ထုံးရေကြည် (ထမင်စားဇွန်း ၂ဇွန်း)
ဆွမ်းမွှေးရွက် ၄ရွက်
ရေသန့် ၁လီတာခွဲ (ရေသန့်ဗူး ၁ဗူးခွဲ)
ဆား လက်ဖက်စားဇွန်း ၁ဇွန်း
ကြေးအိုး သို့မဟုတ် ဒန်အိုး ခပ်ထူထူအသုံးပြုလို့ရပါတယ်။
ပြုလုပ်ပုံ အဆင့်ဆင့်
ပထမဦးစွာ ဆွမ်းမွှေးရွက်ကို ဆေးကြောပြီး လက်တဆစ်ခန့် ဖြတ်ထားပါ။
ကြိတ်စက်ထဲသို့ ရေအနည်းငယ်နှင့် ဆွမ်းမွှေးရွက်များ ထည့်၍ ညှက်အောင်ကြိတ်ပြီး ရရှိလာတဲ့ အစိမ်းရောင်အရည်များကို ဇကာအစစ်ဖြင့် စစ်ယူထားပါ။
အိုးတခုထဲ ဆန်မှုန့် ရေသန့် ဆား ဆွမ်းမွှေးကြိတ်ရည်နှင့် ထုံးရည်ကြည်တို့ကို သမအောင် ရောစပ်ပြီး ပိတ်စပါးပါးသို့မဟုတ် ဇကာစစ်ဖြစ် စစ်ယူပါ။
ရရှိလာသော မုန့်ရည်များကို အိုးထဲထည့်၍ မီးဖိုပေါ်တင်၍ သစ်သားယောင်းမဖြင့် အဆက်မပြတ် မီးအနေတော်ဖြင့် မွှေပေးပါမွှေချိန် ၅မိနစ်အကြာမှာ မုန်ရည်များပစ်ခဲလာလိမ့်မည်။
ထိုအချိန်တွင် အခဲများကို ခပ်မြန်မြန် ကြေအောင် ဂရုတစိုက်မွှေပေးပြီး မီးအရှိန်လျှော့ပြီး နာရီဝက်ခန့် မုန့်သားများကြည်လာအောင် မွှေပေးပါ။
မွှေနေတဲ့ယောင်းမကို အပေါ်သို့ဆွဲတင်ပြီး မုန့်သားများ ကြွက်မြှီးတန်းလာပြီးဆို မီးပိတ်ပြီး ၅မီနစ်လောက်အအေးခံပြီး..မုန့်ညှစ်ခွက်ထဲ့သို့ ထည့်ပြီး ရေအေးထည့်ထားသော ဇလုံထဲသို့ ညှစ်ထည့်ပါ။
မုန့်ဖတ်များကို ဆယ်ယူ၍ ရေအေးဇလုံကို ၃လုံးလောက် ထားပြီး မုန့်ဖတ်ကို အပူငွေ့ကုန်သည်ထိရေဇလုံတွေထဲ ပြောင်းစိမ်ထားပေးရပါတယ်။
မုန့်ဖတ်ကို အချိန်ကြာကြာလေးကျိုပေးရင် တင်းတင်းလေးနဲ့ ပိုစားကောင်းပါတယ်ရှင်။
Crd