ပဋ္ဌာန်း ရွတ်လို့ကံဆိုးသွားရတယ်ဆိုတာ

Lifestyle
Spread the love

လူရယ်လို့ဖြစ်တည်လာပြီးလူလောကထဲမှာကျင်လည်ကြရတဲ့အခါနေ့စဉ်နဲ့အမျှပြုမူလုပ်ဆောင်မှုတွေနှင့်တကွ လောဘ ၊ ဒေါသ ၊ မောဟ တွေကတဆင့်မြစ်ဖျားခံဖြစ်ပေါ်လာခဲ့တဲ့အမျိုးမျိုးသောစိတ်သောကတွေ ၊ စီးပွားရေး ငွေကြေးအခက်အခဲလူမှုရေး ၊ ကျန်းမာရေး ၊ အချစ်ရေး ၊ ပညာရေး စတဲ့အခက်အခဲဒုက္ခတွေကိုရင်ဆိုင်ကြရတယ်။

အဲ့လိုအချိန်ခါမှာဗေဒင်ယတြာအစီအမံတွေကိုယုံကြည်အားကိုးသူတွေကတော့ဟိုပန်းတွေဒီအညွှန့်တွေနဲ့သက်ဆိုင်ရာနေ့နံတွေကိုတွက်ချက်ပြီးယတြာချေကြသလို ၊ နတ်ကိုးကွယ်ယုံကြည်သူတွေကလည်းဆိုင်ရာပိုင်ရာ ရိုးရာနတ်တွေကိုပူဇော်ပသမှုတွေပြုလုပ်ကြတယ် ၊ တချို့သောထိုအရာတွေနဲ့အလှမ်းဝေးသူတွေကတော့သူတို့ဒုက္ခတွေကြုံရတဲ့အခါဘာသာရေးကိုတစိုက်မတ်မတ်ပြုမူလုပ်ဆောင်လာကြတယ်။

ဒီအထဲမှာမှအချို့သောသူတွေဟာပဌာန်းဂုဏ်တော်တွေကိုရွတ်ဆိုပူဇော်မှုပြုလုပ်ခြင်း ၊ ကိုးနဝင်းအဓိဌာန်ဝင်ခြင်းစသည့်ဘာသာရေးဆိုင်ရာတွေကိုကံကောင်းစေလာဖို့အတွက်ပြုလုပ်ကာမှပဲပိုမိုကံဆိုးပြီးအနှောင့်အယှက်များစွာကြုံလာခဲ့ကြတယ်။

သူတို့အနေနဲ့ကလည်းဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေလေသည်ကတစ်ကြောင်းတန်ခိုးအရာအစွမ်းထက်ပါတယ်ဆိုတဲ့ပဌာန်းဂုဏ်တော်ကိုရွတ်ဆိုခြင်းနဲ့အဓိဌာန်ပုတီးတွေစိတ်ကာမှပဲပိုပြီးလုံးပါးပါးကုန်တဲ့အဖြစ်ကိုတွေ့ကြရတဲ့အခါမည်သူ့ကိုမှမပြောပဲဒီဘာသာရေးပဲဆက်လုပ်ရမလားရပ်လိုက်ရမလားဝေခွဲမရဖြစ်ကြရပါတယ်။

တစ်ချို့သောလူတွေကျပဌာန်းတော့မရွတ်ဖူးဒါပေမယ့်ဘာသာရေးဆိုင်ရာအခြားသောဂုဏ်တော်ရွတ်ဖတ်မှုတွေလုပ်ပေမယ့်လည်းကံကောင်းလာခြင်းမရှိဖြစ်ကြရပါတယ်။

ကျွန်တော် / ကျွန်မ အနေနဲ့ဘာသာရေးကိုဘယ်လိုလုပ်ကြောင်းဘုရားတရားဂုဏ်တော်တွေဘယ်လိုစီးဖြန်းပါကြောင်း သို့ပေမယ့်အဆင်မပြေဆုတ်ယုတ်နေတယ်ဆိုတာတွေကြားရကြုံရဖန်များလာလေတော့ထိုကိစ္စကိုအချိန်ယူပြီးလေ့လာမှတ်သားခဲ့ရတဲ့ဆရာတော်ကြီးတွေရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဆုံးမသြဝါဒတွေကိုပြန်လည်လေ့လာသုံးသပ်ကြည့်တဲ့အခါ အဖြေကိုသိခဲ့ရပါတယ်။

တကယ်တော့လူအတော်များများဟာဘာသာရေးလုပ်ဆောင်မှုလုပ်တဲ့အခါအရေးကြီးတဲ့အချက်လေးတွေကိုမေ့လျော့ခဲ့ပြီးမှားနေခဲ့ကြလို့ပါပဲ။ဒီလိုနဲ့ပဌာန်းဂုဏ်တော်တွေနဲ့တကွမည်သည့်ဂုဏ်တော်တွေကိုပဲမဆိုရွတ်ဆိုစီးဖြန်းတော့မယ်ဆိုရင်ကံဇာတာတွေကောင်းမွန်အောင် ၊ အခက်အခဲတွေပြေလည်အောင်ဘယ်လိုဘယ်ပုံရွတ်ဆိုပူဇော်ရမလဲလို့စဉ်းစားတဲ့အခါကျေးဇူးတော်ရှင် ( နဝမ ) ဗန်းမော်ဆရာတော်ဘုရားကြီးပြောဖူးတာလေးကိုသွားသတိရခဲ့တယ်။ဒါ့ကြောင့်ဂုဏ်တော်တွေစီးဖြန်းတော့မယ်ဆိုရင် . . . .

(၁) အရင် မျက်နှာသစ် ခြေထောက်လက် ဆေးရပါတယ်။

ချွေးနံ မနံပါစေ နဲ့ ။အမွှေးနံ့သာအနည်းငယ်လောက်လိမ်းချယ်နိုင်ရင်ပိုမိုကောင်းမွန်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂုဏ်တော်တွေရဲ့အစွမ်းကြောင့်နတ်ဗြဟ္မာတွေကိုဆင့်ခေါ်နိုင်သလိုပါပဲ။ သာမာန်လူသားပုဂ္ဂိုလ်တွေနဲ့ဆုံတွေ့တဲ့အခါသေသေသပ်သပ်မရှိတဲ့သူကိုနှစ်သက်မှုမရှိနိုင်သလိုစွမ်းအားမြင့်နတ်တွေအနေနဲ့ဆိုဘယ်လိုနေမလဲတွေးကြည့်ပေါ့ဗျာဒါကြောင့်မိမိရဲ့တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်မှုကအလွန်အရေးကြီးပါတယ်။

(၂) အချိန်မှန်ရတယ် ။ တရားဂုဏ်တော်တွေကိုအမြဲလိုလိုရွတ်ဆိုပူဇော်လာပြီဆိုရင်တရားနာချင်တဲ့ နတ်တွေ က အချိန်ကို တိတိကျကျမှတ်သားထားတတ်ပြီးရောက်ရှိလာတတ်ပါတယ်။ ဒါကြောင့်အချိန်မှန်ရမယ် တိကျရမယ်။

(၃) ပီပီသသ ကျယ်ကျယ် ရွတ်ရမယ် ။အချို့ကျပြန်တော့ဂုဏ်တော်တွေရွတ်ဆိုတဲ့အခါပီသပါတယ် ကျယ်လည်းကျယ်ပါတယ် သို့ပေမယ့် ဂုဏ်တော်ရွတ်ဆိုပူဇော်တာနဲ့မတူပဲဒီဂါထာတော်ကို ၉ ခေါက်ရွတ်ရမယ်ဆို ၉ ခေါက်အမြန်ပြီးအောင်ကမန်းကတန်းဆိုသွားတဲ့အတိုင်းပဲဂုဏ်တော်သာပြီးသွားတယ်ဘာမှန်းမသိလိုက်ဘူး။

ဒီတော့တရားဂုဏ်တော်တွေကိုနာယူချင်လို့ရောက်ရှိလာတဲ့အထဲကမြင်အပ်မမြင်အပ် မြင်ရမမြင်ရပုဂ္ဂိုလ်တွေနဲ့နတ်ဗြဟ္မာတွေကတရားဂုဏ်တော်ကိုဘယ်ကစပြီးဘယ်နားကိုဘယ်လိုနာလို့နာရမှန်းမသိလည်းဖြစ်ရင်ဖြစ်သွားပေမပေါ့။ဒါကြောင့် ဂုဏ်တော်တွေရွတ်ဆိုစီးဖြန်းတဲ့အခါမှာပီသပါ ကြည်လင်ပြတ်သားစွာနဲ့ရွတ်ဆိုပူဇော်ဖို့အထူးလိုအပ်ပါတယ်။

ပြီးရင် နတ်တွေ ဗြဟ္မာတွေကို အမျှပေးဝေရပါတယ် တရားဂုဏ်တော်ရွတ်ဆိုမှုအပြီးမှာအခြားသောမိမိပြုခဲ့တဲ့ကောင်းမှုကုသိုလ်အစုစုတို့ကိုလေးနက်စွာအမျှအတန်းပေးဝေရာမှာအနီးကပ်ဆုံးမိမိ၏ကိုယ်စောင့်နတ်မှစတင်၍
အခန်းစောင့်နတ်၊ အိမ်စောင့်နတ် ၊ခြံစောင့်နတ် ၊ ဝင်းစောင့်နတ် ၊ရုက္ခစိုး အစရှိသူတွေနဲ့တရားနာလာကြကုန်သောနတ်အပေါင်းကိုလေးနက်စွာအမျှအတန်းပေးဝေသာဓုခေါ်ပေးရန်လိုအပ်ပါတယ်။
.
(၅) စံချိန်ကိုက်ပြီ ဆိုရင် အခန်းထဲ မှာ မွှေးကြိုင်နေပါလိမ့်မယ်။ဆိုလိုတာကတော့အချိန်မှန်ဂုဏ်တော်တွေကိုအထက်ပါအတိုင်းတိတိကျကျရွတ်ဆိုပူဇော်မှုပြုလုပ်လာတဲ့အခါထူးခြားတဲ့အမွှေးရနံ့လေးတွေကိုရရှိလာပါလိမ့်မယ်။

တစ်ခေါက်တစ်လေနဲ့တော့မထူးခြားနိုင်သလို ၃ လ လောက်စံချိန်ကိုက်လေးအချိန်မှန်ရွတ်ဆိုပူဇော်ကြည့်ပါ။
ဒါကြောင့်ဂုဏ်တော်တွေရွတ်ဆိုပူဇော်တဲ့အခါယခု့အတိုင်းသာစံချိန်စံညွှန်းကိုက်လေးရွတ်ဆိုပူဇော်မယ်ဆို
ပါက မအောင်မြင်နိုင်ဘူး ဆိုတာမရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *