​ပန်းကန်ဆေး ဖော့တုံးတွေကို ဘယ်လောက်ကြာရင် လဲပေးသင့်သလဲ

Knowledge Lifestyle
Spread the love

ပရိတ်သတ် တွေအတွက် ဒီတစ်ခါတော့ ကျန်းမာရေး အကြောင်းအနေနဲ့ မီးဖိုချောင် ထဲက ဖော့တုံး လေးတွေအကြောင်းပြောပြမယ်နော်။ ပရိတ်သတ် တွေကော ပန်းကန်ဆေး ဖော့တုံး တွေကို ဘယ်လောက်ကြာကြာ သုံးကြသလဲမသိဘူးနော်။

တကယ်တော့ ညစ်ပေနေတဲ့ ပန်းကန် တွေဆေးဖို့ သုံးတဲ့အရာတွေဆိုတာ အရမ်း ညစ်ပတ် မှာ တွေးစရာတောင် မလိုပါဘူး။ ဖော့တုံးတွေမှာ ပေါက်ဖွားလာနိုင်တဲ့ ဘတ်တီးရီးယား တွေဟာ ကျွန်တော် တို့ ထင်ထားတာထက်တောင် ကျန်းမာရေး ကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် လေ့လာတွေ့ရှိသူတွေ အကြံပြုထားတာက ပန်းကန် ဆေးတဲ့ ဖော့တုံး တွေကို တစ်ပတ်တစ်ခါ လဲပေးတာ အကောင်းဆုံးဖြစ်ပါတယ်။မီးဖိုချောင်ဆိုတာ လူအဝင်အထွက်ရှိတာအပြင် အသားစိမ်း ငါးစိမ်းတွေ ပြင်ဆင်ချက်ပြုတ်တဲ့နေရာမို့ ဘတ်တီးရီးယားအသစ်တွေ ပေါက်ဖွားတဲ့ နေရာလည်းဖြစ်ပါတယ်။

အထူးသဖြင့် ပူနွေးစိုစွတ်ပြီး အစာအကြွင်းအကျန်တွေ ရှိနေတဲ့ ပန်းကန်ဆေးဖော့တုံးတွေဆိုတာ ဘတ်တီးရီးယားအသစ်တွေ ပေါက်ဖွားဖို့ အကောင်းဆုံး နေရာတွေပဲဖြစ်ပါတယ်။

နောက်ထပ်ရှာဖွေတွေ့ရှိမှုက ဖော့တုံး တွေကို သန့်စင်တာဟာလည်း ထင်ထားသလောက် အကျိုးထိရောက်မှုမရှိပါဘူး။ ရေနွေး ပူနဲ့ပြုတ်တာတို့ မိုက်ခရိုဝေ့ဖ်နဲ ့သန့်ရှင်းတာတို့က အစပိုင်းမှာတော့ ပိုးမွှား အရေအတွက် တစ်ဝက်ကျော်လောက်ကို လျှော့ချပေးနိုင်ပါတယ်။

ဒါပေမယ့် ခံနိုင်ရည်ရှိတဲ့ ပိုးမွှား တွေက နောက်ပိုင်းမှာ မသေဘဲ ကျန်ရှိနေခဲ့ပြီး လျှင်မြန်စွာပဲ ပြန်လည်ပေါက်ဖွားလာပါတယ်။ အဲ့ဒါကြောင့် ဘယ်လောက် သန့်ရှင်းရေး လုပ်လုပ် ဖော့တုံး တွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုးမွှားတွေ ပြန်လည်မျိုးပွားလာပြီး လူ့ ကျန်းမာရေး ကို ထိခိုက်စေပါတယ်။

အကြံပြုချက် အနေနဲ့ ဖော့တုံး တွေကို တစ်ခါသုံးပြီးတိုင်း ရေ နဲ့ တစ်ခါလောက်တော့ သေချာဆေးပေးတာ အကောင်းဆုံးပါပဲ။ နောက်ပြီး ဖော့တုံး တွေကို တစ်ပတ်ထက်ကျော်ပြီး မသုံးတာ သင့် ကျန်းမာရေး အတွက် အကောင်းဆုံးပါ။