ပါးစပ်ဟပြီး အိပ်တတ်တာကြောင့် ဘာတွေဖြစ်လာနိုင်လဲ

Knowledge Lifestyle
Spread the love

ပါးစပ်ဟပြီး အိပ်တတ်တာကြောင့် ဘာတွေဖြစ်လာနိုင်လဲ

ညက အိပ်ရေးမဝတာကြောင့် ကားပေါ်မှာ၊ အလုပ်စားပွဲမှာ အိပ်ငိုက်ရင်းက ပါးစပ်ဟပြီး အိပ်ပျော်သွားတာမျိုး ဖြစ်ဖူးပါသလား။ ဒါမှမဟုတ် ညဘက်အိပ်တိုင်း မှာ ပါးစပ်ဟပြီး အိပ်တတ်သူတစ်ယောက် ဖြစ်နေပါသလား။ ပါးစပ်ဟပြီး အိပ်တတ် တာကြောင့် သွားနဲ့ခံတွင်းကျန်းမာရေးကို အောက်ပါထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

သွားကြွေလွှာ ပျက်စီးနိုင်ခြေ များတယ်

ဆိုဒါနဲ့ အမြှုပ်ထွက်တဲ့ အချိုရည် တွေက သွားအရောင်ကို စွန်းထင်းစေသ လိုပဲ ပါးစပ်ဟပြီး အိပ်တာကြောင့် သွား တွေကို ထိခိုက်နိုင်ပါတယ်။ ပါးစပ်ဟပြီး အိပ်တာကြောင့် လေတွေ ပါးစပ်ကနေ ဝင်လာပြီး တံတွေးတွေကို ဖယ်ရှားလိုက် ပါတယ်။

တံတွေးက ပါးစပ်ထဲမှာ သွား ချေးတွေ မကပ်အောင် ကာကွယ်ပေးတာ ကြောင့် တံတွေးနည်းသွားတဲ့အခါ သွား ချေးတွေ စုပုံလာစေပါတယ်။ ဒီလိုစုပုံလာ တဲ့အခါ မဖိတ်ခေါ်ဘဲ ဗက်တီးရီးယားပိုး တွေ များလာစေပါတယ်။ ဒီလိုတွေ ကြောင့် ပါးစပ်ဟပြီး အိပ်တတ်သူတွေမှာ သွားကြွေလွှာ ပျက်စီးပြီး သွားကျိုးနိုင်ခြေ များရတာ ဖြစ်ပါတယ်။

မောပန်းနွမ်းနယ်နေတယ်

ပါးစပ်ဟပြီး အိပ်သူတွေက ပါးစပ် နဲ့ အသက်ရှူကြပါတယ်။ ပါးစပ်နဲ့ အသက်ရှူတာက နှာခေါင်းနဲ့ အသက်ရှူ တာထက် အဆုတ်ဆီကို အောက်ဆီဂျင် ရရှိမှုနည်းစေပါတယ်။ ခန္ဓာကိုယ်က အောက်ဆီဂျင်ရရှိမှုနည်းတဲ့အခါ တစ် နေ့တာလုံး မောပန်းနွမ်းနယ်နေတာမျိုး ခံစားရတတ်ပါတယ်။

အနေအထားတွေ ပြောင်းလဲတတ်တယ်

ပါးစပ်နဲ့ အသက်ရှူတဲ့အခါ နှုတ် ခမ်းနဲ့ လျှာအပေါ်မှာလည်း သက်ရောက် မှုဖြစ်စေပါတယ်။ ပါးစပ်နဲ့အသက်ရှူ တဲ့သူတွေမှာ ထူးခြားတဲ့လက္ခဏာတွေက သွားတွေကျပ်နေတာ၊ နှာခေါင်းပေါက် ကျယ်နေတာနဲ့ မျက်နှာတိုနေသူတွေ ဖြစ် နေတတ်ပါတယ်။

နှုတ်ခမ်းခြောက်တတ်တယ်

အိပ်တဲ့အခါ ပါးစပ်ဟပြီး အသက် ရှူတာကြောင့် အိပ်ရာက နိုးလာတဲ့အခါ နှုတ်ခမ်းတွေ ခြောက်နေတတ်ပါတယ်။ ပါးစပ်ထဲမှာရှိတဲ့ အရည်ဓာတ်တွေ ခြောက်သွားတာကြောင့် နှုတ်ခမ်းခြောက် ပြီး အဖတ်လန်တာတွေ ဖြစ်လာရတာပါ။ ဒါ့အပြင် အစာမျိုချရာမှာလည်း ပုံမမှန် တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ခံတွင်းနံ့ နံစေတယ်

ပါးစပ်ဟပြီး အိပ်တတ်သူတွေမှာ ခံတွင်းကို သန့်ရှင်းပေးတဲ့ တံတွေးတွေ အထွက်နည်းတာကြောင့် ခံတွင်းနံ့ဆိုး ဖြစ်စေပါတယ်။

ဘာလုပ်သင့်သလဲ

ပါးစပ်နဲ့အသက်ရှူတာကို ကုသနိုင် တာနဲ့ပတ်သက်ပြီး အချက်နှစ်ချက်ပေါ် မူတည်ပါတယ်။ ညအိပ်ချိန်မှာ ပါးစပ်နဲ့ အသက်ရှူသူတွေရဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် လုပ်ဖို့ လိုပါတယ်။ အဝ လွန်သူတွေမှာ အသက်ရှူရ ပုံမှန်မဖြစ် တာတွေ ဖြစ်နိုင်လို့ပါ။

Credit- ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Leave a Reply