D i e t လုပ်နေသူတွေအတွက် အရင်ဆုံးကြုံရတဲ့ ပြသနာတွေကတော့ ဗိုက်ဆာခြင်း၊စိတ်တိုခြင်းနဲ့ အလိုမကျဖြစ်ခြင်းတို့ ဖြစ်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျခြင်းကိုပါ ခံစားလာရပါတယ်။ထို့ပြင် ဗီတာမင်နဲ့အာဟာရဓာတ်များလျော့နည်းလာတာမို့ ကျန်းမာရေးကိုပါ ထိခိုက်လာပါတယ်။
သင်ဟာ ဝိတ်ချဖို့ ကြိုးစားနေသူဆိုပါက ကိုယ်အလေးချိန်ကျဖို့အတွက်ကိုပဲ မစဉ်းစားပဲ အာဟာရပြည့်ဝဖို့နဲ့ ကျန်းမာရေးမထိခိုက်စေဖို့လဲ စဉ်းစားရမှာ ဖြစ်ပါတယ်။
သင့် D i e t က သင့်စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးကို ထိခိုက်နေပြီဆိုတာကို အောက်ပါ၅ချက်နဲ့ သိရှိနိုင်ပါတယ်။
(၁)ရာသီပုံမမှန်ဖြစ်ခြင်း
ဟိုမုန်းများပုံမမှန်ဖြစ်တာကြောင့် ဖြစ်ပါတယ်။ဟိုမုန်းများ ကမောက်ကမဖြစ်ခြင်းကြောင့် ရာသီမမှန်တဲ့အပြင် စိတ်ကျခြင်းကိုပါခံစားရစေပါတယ်။
ဟိုမုန်းမမျှတခြင်းအကြောင်းရင်းကတော့ အိုင်အိုဒင်းချိူ့တဲ့လို့ ဖြစ်ပါတယ်။ အိုင်အိုဒင်းပါသော ဆားနဲ့ အစားအစာများကို လုံလောက်စွာ စားသုံးသင့်ပါတယ်။
(၂)သတိမေ့ခြင်း
အိုမီဂါ၃ဖက်တီးအက်ဆစ်ကိုစားခြင်းဖြင့် သင့်ဦးနှောက်စွမ်းဆောင်ရည်ကိုမြင့်မားစေပြီး အာရုံစူးစိုက်မှုကောင်းအောင် အရေးကြီးတဲ့အရာတွေကိုမမေ့အောင် ကာကွယ်ပေးပါတယ်။
သင့်ကိုယ်ထဲမှာ အိုမီဂါ၃ နည်းပါးပါက မကောင်းတဲ့အဆီတွေကို ပိုမိုစုပ်ယူစေပြီး ထိုအဆီတွေကြောင့် စိတ်ကျခြင်းဖြစ်ပေါစေပါတယ်။
အိုမီဂါ၃ ပါသောအစာများကတော့
အဆီပါသောငါးများ၊ အစေ့အဆန်များ၊ ဆီများ ၊ဂျူံတို့ဖြစ်ပါတယ်
(၃)ကြွက်တက်ခြင်း
သင်ဟာ မကြာခဏကြွက်တက်သူဖြစ်ပါက သင့်စားသောက်ပုံကိုပြန်ဆန်းစစ်သင့်ပါတယ်။
သင့်အစားအစာထဲမှာ မက်နီဆီယမ်ချိူ့တဲ့ပါက ကြွက်တက်ခြင်းအပြင် စိတ်ကျခြင်းကိုပါ ဖြစ်စေပါတယ်။မက်နီဆီယမ်ပါဝင်သောအစားအစာများကတော့
ဖရုံစေ့၊ ပဲအမျိူမျိူးတို့ဖြစ်ပြီး နေ့စဉ်ပုံမှန်စားပေးသင့်ပါတယ်။
(၄)အစာစားချင်စိတ်မရှိခြင်း၊နုန်းခြင်း၊အသက်ရှူမဝခြင်း
ဝိတ်ချနေသူတွေအတွက် အစာစားချင်စိတ်မရှိတာ ပျော်စရာလို့ထင်ရပေမယ့် နုန်းခြင်းနဲ့အသက်ရှူမဝခြင်းတို့ကိုပါ တွဲဖက်ခံစားလာရပြီဆိုရင်တော့
သင်ဟာ သံဓာတ်ချိူ့တဲ့သောသွေးအားနည်းရောဂါခံစားနေရပြီလို့ယူဆရပါတယ်။
သံဓာတ်ပါဝင်သောအားဆေးများအပြင် သံဓာတ်ပြည့်ဝသောအစာများကိုစားပေးသင့်ပါတယ်။ဒါတွေကတော့
အသည်းအမျိူးမျိူး၊ ရေဘဝဲ၊ ပဲပိစပ်၊ ဟင်းနုနယ်ရွက်တို့ဖြစ်ပါတယ်
(၅)ဗိုက်မအီမသာဖြစ်ခြင်း
ဇင့်ဓာတ်နည်းပါးနေလို့ဖြစ်ပြီး ဝမ်းပျက်ခြင်း သို့ ဝမ်းချူပ်ခြင်းတို ဖြစ်နိုင်ပါတယ်။နေ့စဉ်အစားအသောက်မှာ ဇင့်ပါဝင်သောအစာများစားပေးသင့်ပါတယ်။ ဇင့်ပါသောအစာတွေကတော့
ဂျံူ၊ ချိစ်အမျိူးမျိူး၊ အသားများ၊ ပင်လယ်စာတို့ဖြစ်ပါတယ်။