ဖရဲသီးနဲ့ ဘဲဥ တွဲစားရင် တကယ်သေပါသလား မြန်မာတွေ တစ်သက်လုံးမိလာတဲ့ ဂျင်းများ

Knowledge Lifestyle
Spread the love

ဖေ့ ဘွတ် ဟာ သတင်း အစုံအလင် သိရဖို ့အတွက် အရမ်းကိုအဆင်ပြေတဲ့နေရာ တစ်ခုပါ ။ ဒါပေမယ့် သတင်းအချက် အလက်အမှားတွေ နဲ့

အဆိပ်အတောက်ဖြစ် စရာတွေ လည်း အရမ်း ကို များ ပါ တယ် ။ သေချာ သုံးသပ်ဆင်ခြင်မှု မလုပ်ဘူးဆိုရင် မမှန်ကန်တဲ့ အချက်အလက်တွေ

လက်ခံပြီးသားဖြစ်သလို ကိုယ်တိုင်ကလည်း သူများတွေဆီဖြန့်ဝေပြီး သားဖြစ်နေ တတ် ပါတယ် ။

အဆိပ်ကို အဆိပ်မှန်း မသိလို့ စေတနာနဲ့ တိုက်လည်း တိုက်ခံရတဲ့သူသေပါတယ်။ ဆေးမြီးတိုတွေ၊ လူပြောသူပြော ပါးစပ်ပြောအကြောင်းအရာတွေလည်း

ဒီအတိုင်းပါပဲ။ ကိုယ်က စေတနာနဲ့ရေးသားတယ်။ ဖြန့်ဝေပေးတယ် ဆိုပေမယ့် မှန်ကန်တဲ့အချက်အလက်တွေမဟုတ်ရင် လူကိုဘေးဖြစ်စေနိုင်ပါတယ်။

အခုပြောချင်တဲ့အကြောင်းအရာကတော့ အိမ်တိုင်း လိုလိုမှာ ရှိတတ်ကြတဲ့ မီးဖိုချောင်ထဲ မှာ ချိတ်ဆွဲထားတတ်ကြတဲ့ မတည့်သော

အစားအစာများဆိုတဲ့ ကတ်ပြားကြီးအကြောင်းနဲ့ ဒီထဲက အစား အသောက်တွေဟာ တွဲဖက်စားမယ်ဆိုရင် တကယ်ကို ဘေး ဖြစ်စေနိုင်သလားဆိုတာကိုပါ။

မကြာခဏဆိုသလို ဖေ့ဘွတ်ပေါ်ကိုလည်း ပြန်ပြန်တက် လာတတ် ပါတယ် ။အစားအစာတွေဟာ ယေဘုယျအားဖြင့် ဘေးကင်းပါတယ် ။

အလွန်အကျွံမဟုတ်ရင် အစားအသောက်အချင်းချင်းမတည့်ဘူးဆိုတာ ရှားပါးပါတယ်။ ဒါပေမယ့် အဲဒီ မတည့်သောအစားအသောက်များဆိုတဲ့

ကတ်ပြားကိုကြည့်လိုက်မယ် ဆိုရင် လူတွေစားနေကျဖြစ်တဲ့ ဝက်သားနဲ့ကြာစွယ်လို ၊ ဖရဲသီးနဲ့ ဘဲဥလို ၊ မင်းဂွတ်သီးနဲ့ သကြားလို အရာတွေပါ

ပါနေတာကို မြင်တွေ့ရပါ လိမ့်မယ် ။ဒါဆိုရင် မေးစရာရှိလာတဲ့ေ မးခွန်းက တချို့အစားအသောက်တွေတွဲ စားပြီး လူတွေဝမ်းလျှောတာ ၊

ဘေးအန္တရာယ်ဖြစ်တာတွေ မြင်တွေ့ရတာကျတော့ရော ဘာကြောင့်လဲဆိုတဲ့ေ မးခွန်းပါ။ မပူပါနဲ့ အဲဒီမေးခွန်း အတွက်လည်း အဖြေရှိပါတယ်။

အစာအဆိပ်သင့်ခြင်း ရဲ့တရားခံအစားအသောက် စားပြီးတဲ့နောက် ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ ချမ်းတုန်ဖျားဖြစ်တာတွေကို

အစာအဆိပ်သင့်တယ်လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ အစားအသောက်တွေ တစ်ခုနဲ့တ စ်ခု မတည့်ဖြစ်တာကြောင့်မဟုတ်ဘဲ

စားလိုက်တဲ့အစားအစာတွေရဲ့ သန့်ရှင်းမှုအားနည်းတာကြောင့် ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေနဲ့ အခြားကပ်ပါးကောင်တွေ ပါဝင်တာကြောင့်ဖြစ် ပါတယ် ။

အစားအသောက် ထုတ်လုပ်တဲ့ ပြင်ဆင်တဲ့နေရာတစ်ခုခုမှာ မသန့်ရှင်းတဲ့ လက်နဲ့ကိုင်တွယ်တယ် ။ မသန့်ရှင်းတဲ့အရာတွေ နဲ့ ထိတွေ့ထားရှိမယ်ဆိုရင်

ဒီအစားအသောက်တွေ မှာ ကပ်ပါးပိုးမွှားတွေ ကပ်တွယ်ငြိလာနိုင်ပါတယ်။ အဲဒီလိုမသန့်ရှင်းတဲ့အစားအသောက်ကို စားသောက်လိုက်မယ်ဆိုရင်

ပိုးမွှားတွေက အူလမ်းကြောင်းတလျောက်ကို ရောက်ရှိသွားပြီးတော့ အဆိပ်တွေထုတ်လွှတ်ပါတယ်။

အဲဒီနောက် မှာတော့ အစာအဆိပ်သင့်တာ ရဲ့ လက္ခဏာတွေဖြစ်တဲ့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာနဲ့ ဖျားတာတွေ ဖြစ်နိုင်ပါတယ်။

ဒါဟာ အစားအစာတွေမသန့်ရှင်းမှုကြောင့်ဖြစ်တာဖြစ်ပြီး အစားအသောက်နှစ်ခု မတည့်တာကြောင့်မဟုတ်ပါဘူး။

ဥပမာ – လမ်းဘေးကဝ ယ်လာတဲ့ဖရဲသီး နဲ့ ဘဲဥ ကိုတွဲစားတယ်။ ပြီးတဲ့အခါမှာ အော့အန် ဝမ်းလျှောတယ် ဆိုရင် လူတွေရဲ့အထင်မှာက ဒီနှစ်ခုမတည့်လို့လို့ ဖြစ်သွားပါတယ် ။

အမှန်က လမ်းဘေးက ဝယ်လာတဲ့ ဖရဲသီး မှာ ယင်ကောင်တွေနားတာ၊ ကိုင်တဲ့လက်တွေ မသန့်တာကြောင့် ဖရဲသီးမှာ အညစ်အကြေးပိုးမွှားတွေ ပေါက်ဖွားနိုင်နေသလို

ဘဲဥကိုပြုတ်တဲ့အခါ မှာ သေချာမပြုတ်တာ ၊ မသန့်ရှင်းတာတွေကြောင့် ဘဲဥမှာလည်း ပိုးမွှားတွေ ပေါက်ဖွားနေနိုင်ပါတယ်။ ဒီနှစ်ခုသွားဆုံတဲ့အခါ

မသန့်ရှင်းတဲ့အစားအသောက်ကြောင့် ကပ်ငြိနေတဲ့ပိုးမွှားတွေကြောင့်ဖြ စ်တဲ့ ပြဿနာ ကို မတည့်တာဆိုပြီး ဖြစ်သွားရပါတယ်။

အစားအသောက် ဓါတ် မတည့်ခြင်း

နောက်ထပ် ဖြစ်နိုင်ခြေ ပြဿနာတစ်ခုကတော့ အစားအသောက်တွေနဲ့ စားလိုက်တဲ့သူ ဓါတ်မတည့်တာကြောင့်ပါ။ အဖြစ်များတာကတော့ ပင်လယ်စာတွေမှာပါ။

လူတချို့မှာ သာမန်ထက်တုံ့ပြန်မှုလွန်ကဲတဲ့ ပြဿနာတွေရှိနေတတ်ကြပြီး အစားအစာတွေနဲ့ မတည့်တာရှိပါတယ်။

ဥပမာအားဖြင့် မြေပဲ၊ ငါး၊ ကမာ၊ ဂုံး၊ ရေခူတို့က မတည့်တတ်တဲ့သူများပါတယ်။ တချို့တွေ အယ်လ်ကိုဟောနဲ့မတည့်တာ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ မတည့်တာတွေရှိပါတယ်။

အဲဒါကလည်း အစားအသောက်တွေတစ်ခုနဲ့တစ်ခု မတည့်တာကြောင့်မဟုတ်ဘဲ နဂိုကတည်းက ခန္ဓါကိုယ်က တုံ့ပြန်မှုလွန်ကဲတာကြောင့်ဖြစ်ပါတယ်။

အစားအသောက်နဲ့ ဓါတ်မတည့်မှုဖြစ်တဲ့အခါ ယားယံလာတာ၊ နီရဲပြီး ခန္ဓါကိုယ်မှာ အဖုအပိန့်တွေထွက်လာတာတွေဖြစ်တတ်ပြီး ပြင်းထန်တဲ့အခြေအနေတွေမှာတော့

အသက်ရှူရခက်ခဲလာတာ၊ သွေးပေါင်ချိန်အလွန်အမင်းကျဆင်းသွားတာ၊ လျင်လျင်မြန်မြန်မတုံ့ပြန်နိုင်ရင် အသက်ဆုံးရှုံးရတာတွေထိ ဖြစ်နိုင်ပါတယ်။

အစားအသောက်နဲ့ ဓါတ်မတည့်ဖြစ်တတ်တဲ့သူက သူဘယ်အစားအသောက်နဲ့ ဓါတ်မတည့်တတ်လဲဆိုတာကို သိထားပြီးရှောင်ကြဉ်သွားရပါတယ်။

ဒီလောက် ဆိုရင်တော့ မတည့်တဲ့အစားအသောက်များဆိုတဲ့ ဘယ်သူရေးမှန်းမသိ၊ ဘယ်က ထုတ်နှုတ်ထားတာလဲဆိုတာမသိတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ရှင်းလင်းလိမ့်မယ်လို့ထင်ပါတယ်…။

ဒေါက်တာသူရိန်လှိုင်ဝင်း