“ဖုတ်” ဝင်တယ်ဆိုပြီး သေတဲ့ အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာစစ်ဆေးကြည့်လိုက်သောအခါ

Knowledge Lifestyle
Spread the love

အရမ်းကောင်းလို့ဖတ်စေချင်တယ်

” မသိလိုက်သော ပဉ္စာနန္တရိယကံ ”

တကယ်ဖုတ်မဟုတ်ဘဲ မိဘအရင်းကို ဖုတ်ထုတ်တယ်ဆိုပြီး ကိုယ်တိုင်ပဲ လုပ်သည်ဖြစ်စေသူတစ်ပါးကိုလုပ်ခွင့် ပေးသည်ဖြစ်စေ၊ အဲဒီသားသမီး ကိုယ်တိုင်မသိလိုက်သောပဉ္စာနန္တရိယကံကြီးထိုက်ပါတယ်။

ဖုတ်ဝင်တယ်ဆိုပြီး အသတ်ခံလိုက်ရတဲ့ အဖွားတစ်ဦး ကိုယ်တွေ့လေ့လာဖူးပါတယ်။ ဒေသနှင့်အမည်များမပြောပါ။

ဒီအနေအထားက သားသမီးတွေငြိုုငြင်ရုံတင်မက မြန်မြန်ပင်သေစေချင်နေပါပြီ။ ကိုယ့်အညစ်အကြေးကိုတောင် ကိုယ်တိုင်မစွန့်နိုင်တော့ဘူး …။ပြုစုတဲ့သူတွေကရွံတတ်တော့ ပိုဒုက္ခရောက်တာပေါ့။ ဒါပေမယ့် တစ်ချို့အဖိုးအဖွားတွေက အသက်သာကြီးတာ ဝမ်းမီးကကောင်းတုန်း။အိပ်ရာထဲလဲနေပေမယ့် အစားကို ကောင်းကောင်းစားနိုင်ပါတယ်။

အဲဒီလိုအစားဝင်နေတာကိုဘဲ မသိနားမလည် ဆရာဝင်လုပ်တဲ့ ပါတ်ဝန်းကျင်က “ဖုတ်ဝင်နေပြီ” တဲ့။အသက်ကကြီး ရောဂါက နာတာရှည် ပြုစုရတာကြာလာတော့ သားသမီးတွေ စေတနာပျက်လာ ပြီလေ။

လူကြီး လူမမာဆိုပြီး ကျွေးတာကနည်းနည်း ဆိုတော့ ညသန်းကောင်အချိန်ရောက်တော့ ဆာလာပြန်ရော။ ကျွေးတုန်းက မဝသေးဘူးဆိုပြန်တော့ အစားများရင် ချေး(ချီး)ထွက်မယ်ဆိုပြီး ပန်းကန် သိမ်းသွားတယ်လေ။

သူတို့ကြွေးတာ စားနေရတဲ့ ဘဝဆိုတော့ ထပ်ပြီးမပြောရဲ တော့…ငြိမ်နေလိုက်ရတယ်။ကိုယ်ကိုယ်တိုင် အဖိုးအဖွားနေရာရောက်ရင် အဲဒီဒုက္ခတွေ့ရပါလိမ့်မယ်။ သားသမီးတွေ အိပ်ကုန်ပြီအထင်နဲ့ ဗိုက်ကလည်းတအား ဆာလာတာကြောင့် …သားသမီးတွေကိုလည်း မနှိုးရဲတော့ ဖင်တွန်းဖင်တွန်းနဲ့ မီးဖိုချောင်ဆီကို တရွေ့ရွေ့…..

အဲဒီအချက်ကဘဲ ဖုတ်ဝင်နေပြီလို့ စွပ်စွဲစရာဖြစ်သွားတယ်။ ဇရာဒဏ်/ရောဂါဒဏ်ဖိစီးနေတော့ ကြောင်အိမ်ကိုအားပြုု ပြီး တဖြည်းဖြည်းထလိုက်တယ်။ ဖေးမမယ့်သူမရှိဘူးဆိုတဲ့ အသိကြောင့်သာ အားတင်းပြီး ရပ်နိုင်တာ။ဖေးမမယ့်သူ တစ်ယောက်လောက်တွေ့ရရင် ချက်ချင်းလဲကျသွားမှာအမှန်ပါ။

အဲဒီအချိန် မသင်္ကာစိတ်ဝင်နေတဲ့ သားသမီးတစ်ယောက်က မီးဖိုချောင်မှာအသံကြားတာနဲ့ ထလာပြီးလာကြည့်တဲ့အချိန်။ ကြောင်အိမ်ထဲတွေ့တဲ့ငါးဟင်းကို ယူစားနေတဲ့ အမေအိုကိုတွေ့လိုက်တော့ .. အိပ်ရာပေါ်က မထနိုင်တဲ့ လူမမာ ဘယ်သူမှမသိအောင် သန်းကောင်အချိန်မှာ သူ့ဟာသူ ထစားနေတာဟာ ဧကန္တဖုတ်ဆို တာများလား…?

အဲဒီအချိန်မှာ….“အမေဘာလုပ်နေတာလဲ”လို့ မေးရော …..သားသမီးကိုရုတ်တရက် တွေ့လိုက်ရတဲ့အမေအိုဟာ ငါ့ကို ဖေးမပေးမယ့် သားရောက်လာပြီဆိုပြီး အားကိုးတဲ့အနေနဲ့ တင်းထားတဲ့စိတ်ကို လျှော့ချ လိုက်တာနဲ့ ခွေကနဲလဲကျသွား တော့တယ်။

အဲဒီအချက်က ဖုတ်ဝင်တာ သေချာပြီလို့ အဆုံးအဖြတ်ပေး လိုက်သလိုပဲ။ အဲဒီနေ့ကစပြီး ဆရာပင့်ပြီးဖုတ်ထုတ်တော့တာပဲ။ ဆရာကအမျိုးမျိုး ဆေးစွမ်းရော လက်စွမ်းရော ပြပေမယ့် ဖုတ်မှမဟုတ်တာ ဘယ်လိုလုပ်ဖုတ်ထွက်မလဲ။

နောက်ဆုံးမှာ ဆရာက သူ့သိက္ခာကျမှာစိုလို့ လူနာရှင်ကို ခံဝန်လုပ်ခိုင်းပါတော့တယ်။ဒီဖုတ်က စက်အာဏာအတော်ကြီးပြီဖြစ်လို့ တော်ရုံနဲ့ လုပ်လို့ရမှာမဟုတ်ဘူး။ နောက်ဆုံးအဆင့် စက်ဖြတ်ဆေး တိုက်မှရတော့မယ် …

အဲဒါလူနာရှင် အာမခံပေးပါပေါ့။ သားသမီးတွေက အသိဉာဏ်ဗဟု သုတကလည်းမရှိ လူနာအမေအိုကို စိတ်ပျက်တဲ့ အခံနဲ့ ဆရာကို တဖက်သတ် ယုံကြည်ပြီး ခံဝန်လုပ်ပေးလိုက် တယ်။ သူတို့သဘောတူပြီး ကုတာပါပေါ့။ ဆရာရဲ့နောက်ဆုံး စက်ဖြတ်ဆေးလည်း တိုက်ပြီးရော လူနာအမေအိုခမျာ လူးလိမ့်နေအောင်ခံစားလိုက်ရတယ်။

ဒါကိုဘဲ လုနာမှာဝင်ပူးကပ်နေတဲ့ ဖုတ်က ဆရာရဲ့စက်ဖြတ် ဆေးတော်ကြီးရဲ့အစွမ်းကို ဘယ်ဖုတ် အမျိုးအစားမှမခံနိုင်ပါဘူးဆိုပြီး ဂုဏ်ယူဝင့်ကြွားနေတယ်။ တစတစနဲ့ လူနာအမေအိုရုန်းကန်လူးလွန့် နေရာက တဖြည်းဖြည်းနဲ့ ငြိမ်ကျသွားပါတော့တယ်။ ရက်ရှည်လများ လူနာမှာစွဲကပ်ပြီး ညာစားနေတဲ့ ဧရာမနောက်ဆုံးအဆင့် ဖုတ်ထွက်သွားပါပြီ။

အဲဒီမှာ ကျေးရွာမှာတာဝန်ကျနေတဲ့ကျောင်းဆရာလေးက ဒီဖြစ်စဉ်ကို မကျေနပ်တာနဲ့မြို့ကသူ့သူငယ်ချင်း ဆရာဝန်ကို အကြောင်းကြားတော့ ဆရာဝန်က အလောင်းကိုရင်ခွဲရုံမှာစစ်ဆေးလိုက်တော့မှ အဖြေပေါ်တော့တယ်။

လားလား အောက်လမ်းဆရာရဲ့ စက်ဖြတ်ဆေးက အစွမ်းထက်မှာပေါ့…ကြွက်သတ်ဆေးတွေ ဖြစ်နေတာကိုး တိုတိုပြောရင် အောက်လမ်းဆရာကလည်း လူသတ်မှုနဲ့ထောင်ကျ သွားတယ်။

တိုတိုပြောလို့မရတာက ပဉ္စာနန္တရိယကံကို ကျူးလွန် လိုက်တဲ့ သားသမီးတွေ သိလို့ပဲဖြစ်ဖြစ် မသိလို့ဘဲဖြစ်ဖြစ် ဒီကံအတွက် ပေးဆပ်ရမယ့် အပြစ်ကြွေးက မသေးဘူးဆိုတာ…သားသမီးတိုင်းသိနိုင်ကြပါစေ..

(လေးစားမှုဖြင့် ခရက်ဒစ်)