ဖုန်းထဲမှာ နောက်ကွယ်က အင်တာနက်ဒေတာတွေ စားနေတာကို ရှာဖွေပိတ်ဆို့နည်းများ

Knowledge Lifestyle
Spread the love

ဖုန်းထဲမှာ နောက်ကွယ်က အင်တာနက်ဒေတာတွေ စားနေတာကို ရှာဖွေပိတ်ဆို့နည်းများ

မိုဘိုင်း‌‌ဒေတာ ဈေးတွေလည်း တက်လာ ပြီဆိုတော့ Wifi သမားတွေ အတွက် ပြဿနာ သိပ်မရှိ ပေမယ့်

မိုဘိုင်း ဒေတာနဲ့ သုံးနေသူ တွေအတွက် ရေရှည် မှာ ကုန်ကျမှုကတော့ သိသိသာသာ များလာနိုင်ပါတယ်။

ဒါကြောင့် ဒေတာကုန်ကျ မှုသက်သာ စေဖို့အတွက် လုပ်ဆောင်သင့်တဲ့ နည်းလ မ်း (၅) မျိုး ကို ပြောပြပေး သွားမှာပဲ ဖြစ်ပါတယ်။

(၁) မလိုအပ်တဲ့ Data Usage တွေကို Off ထားပါ။

မလိုအပ်ပဲနဲ့ Background Data တွေ သုံးနေတဲ့ App တွေကြောင့် Data ကုန်ကျမှုက ပိုများလာနိုင် ပါတယ်။

အဲ့ App တွေကို ပိတ်ဖို့တွက် Setting ထဲမှာ Data Usage ကိုရှာပြီး Backgound Data ကိုOff ထားနိုင်ပါတယ်။

Android မှာဆိုရင် Setting > Data Usage> Background Data> Off Xiaomi တွေမှာဆိုတော့ Setting>

Connecting & Sharing> Data Usage>Background Data >Off iOS တွေမှာဆို Setting>Cellular>Apps တွေမှာမလိုတာတွေကို ပိတ်ထားလိုက်ပါ။

Sim Setting > Low Data Mode လည်း on ထားလို့ရပါတယ်။Software Auto Update တွေကိုလည်း ပိတ်ထားသင့်ပါတယ်။

Android Play Store မှာဆိုရင် PlayStore>Setting>NetworkPerference> Auto-update apps>Don’t auto-update apps(or) Over Wifi Only လုပ်ထားနိုင်ပါတယ်။

iOS မှာဆို Setting> Genreal> Softwared Update> Automatic Download ကို ပိတ်ထားလိုက်ရင်ရပါပြီ။

(၂) Telegram မှာလည်းAuto-Download တွေပိတ်ထားပါ။ Telegram ကလဲ Auto-Download တွေ မပိတ်ထားမိရင် Data တော်တော် လေးစားပါတယ်။

Auto- Download တွေပိတ်ဖို့ အတွက်ဆိုရင် Telegram Setting>Automatic Media Download>When Using Mobile Data>Off ထားနိုင်ပါတယ်။

အဲ့လိုဆိုရင် Telegram သုံးတဲ့အ ခါ မလိုအပ်ပဲ Data ကုန်ကျတာတွေ မဖြစ်တော့ဘူး

(၃) Facebook အစား Facebook Lite သုံးပါ။ ပုံမှန် Facebook Version ထက် Data ကုန်ကျမှု သက်သာစေတဲ့ Facebook &

Messenger Lite Version ကို Facebook က ထုတ်ပေးထားတာ ရှိပါတယ်။ Lite Version က Connection Stableမဖြစ်တဲ့ နေရာတွေနဲ့ 2G Network နဲ့တောင်မှ အ သုံး ပြုလို့ရပါတယ်။

ပုံမှန် Facebook Version ထ က် Data ကုန်ကျမှု (၂၅)ဆထိသက်သာစေပါတယ် ။ (ပုံမှန် Facebook Version မှာ 10MB ကုန်တယ်ဆို Lite Version မှာ 0.4MB ပဲကုန်မှာပါ)

UI ကသိပ်မမိုက်ပေမယ့် Smooth ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ပုံမှန် Facebook Version ကိုပဲ သုံးချင် တယ်ဆိုလဲ Auto-Play Video တွေကိုပိတ်ထားလို့ရပါတယ်။

Data ကုန်ကျမှု သက်သာ ချင်ရင်တော့ Facebook & Messenger Lite Version ကိုပဲ Recommend ပေးပါတယ်။

(၄) Video Call အတွက် Skype Lite အသုံးပြုပါ။ Mobile Data နဲ့ Video Call ပြောတဲ့ သူတွေ အ တွက် Skype Lite ကData စားတာ

တော်‌တော်လေး သကသာပါတယ်။ (၁၀)မိနစ်စာ Video Call ပြောရင်တောင် 24MB လောက်ပဲ ကုန်ကျမှာပါ။

Video Quality ကလည်း အဆင်ပြေ ပါတယ် ဖုန်း ပြောမယ် ဆိုရင်လည်း 4MB နဲ့မိနစ် (၂၀) လောက် ပြောလို့ရပါတယ်။ Account ဖွင့်ပြီး လွယ်လွယ်ကူ ကူအသုံးပြု လို့ရပါတယ်။

(၅) Browsing အတွက် Opera Mini-fast web browser Browser သုံးကြတဲ့ သူတွေ အတွက် ဆိုရင်တော့ Chrome အစား OperaMini ကို သုံးသင့်ပါတ ယ်။

Ads တွေလည်း မပါသလို Web Page Size တွေကိုလည်း 90% ထိ Compress လုပ်ပေးနိုင်လို့ Mobile Data ကုန်ကျမှု တော်တော်လေး သက်သာစေပါတယ်။

ပုံမှန် Website တစ်ခု က 4MB ရှိမယ်ဆို Opera Mini မှာဆို 0.4MB လောက် အထိကို Compress လုပ်ပေးနိုင်လို့ Mobile Data နဲ့ Browser သုံးတဲ့သူတွေ အတွက်Data ကုန်ကျမှုချွေတာနိုင်ပါတယ် ။

Mobile Data ချွေတာဖို့ အ တွက် ဒီနည်းလမ်း လေးတွေကို စမ်းသုံးကြည့်ကြပါ။ မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။ အားလုံးသိအောင်လည်း ထပ်မံဝေမျှ ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ။