ဘက်ထရီခံအောင် ဖုန်းအားဘယ်လိုသွင်းရမလဲ

Knowledge
Spread the love

ဘက်ထရီခံအောင် ဖုန်းအားဘယ်လိုသွင်းရမလဲ
ဒီဘက်ခေတ်မှာ လူတိုင်းဖုန်းကိုင်နိုင်လာပြီဆိုတော့ ကိုယ့်ရဲ့ဖုန်းကို စနစ်တကျနဲ့ အားသွင်းတတ်ဖို့လိုပါတယ်။မဟုတ်ရင် ဘက်ထရီကိုထိခိုက်စေပြီးတော့ ဘက်ထရီမခံတော့တာမျိုးတွေဖြစ်လာနိုင်ပါတယ်။အားသွင်းတဲ့ အခါဘယ်လိုမျိုးတွေ သွင်းရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁ — အားသွင်းရင် ၁၀၀ ထိမသွင်းပါနဲ့

လူတိုင်းလုပ်မိနေကြတဲ့ အမှားတစ်ခုက အား ၁၀၀ ပြည့်အောင်သွင်းကြတာပါ။ဖုန်းဘက်ထရီကြာရှည်ခံချင်ရင် အား ၁၀၀ ထိမသွင်းပါနဲ့။အား ၉၈ လောက်ဆို အားသွင်းတာကို ရပ်လိုက်ပါ။

၂ — ဖုန်းအား ၂၀ အောက်ရောက်မှ အားသွင်းပါ

ဖုန်းဘက်ထရီခံဖို့အတွက်ဆိုရင် ဖုန်းအား၂၀ အောက်ရောက်မှ ဖုန်းကို အားသွင်းပါ။အား ၂၀ ကနေ ၉၈ လောက်ထိကို တစ်ခါတည်းသွင်းပါ။

၃ — အားသွင်းကြိုးတန်းလန်းနဲ့ မသုံးပါနဲ့

ဖုန်းကို အားသွင်းနေရင်းနဲ့ ဆက်ပြီးသုံးနေတာက အန္တရာယ်လည်းများသလို ဖုန်းဘက်ထရီကိုလည်း ထိခိုက်စေမှာပါ။အပူချိန်များပြီး ဘက်ထရီကိုပါထိခိုက်စေနိုင်ပါတယ်။

၄— တစ်ညလုံးအားမသွင်းပါနဲ့

တစ်ချို့တွေက ညဘက်အိပ်ခါနီးကို ဖုန်းအားကုန်အောင်သုံးကြပြီးတော့ တစ်ညလုံး အားသွင်းတာမျိုးလုပ်တတ်ကြပါတယ်။အဲ့ဒီလိုအားသွင်းတာမျိုးက ဖုန်းဘက်ထရီကိုထိခိုက်စေနိုင်ပြီးတော့ မတော်တဆ ကြိုးပေါက်ပြီး Shock ဖြစ်ဆာမျိုးဖြစ်စေနိုင်ပါတယ်။၅ — အားသွင်းကြိုးနဲ့သေချာသွင်းပါ

တစ်ချို့က laptop နဲ့ဖြစ်ဖြစ် ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်ကြိုးထိုးပြီး အားသွင်းတတ်ကြပါတယ်။ဘက်ထရီကို ထိခိုက်မှာမဟုတ်ဘူးလို့ထင်ပေမယ့် ဘက်ထရီမခံတော့တဲ့ အကြောင်းအရင်းထဲမှာ အဲ့ဒီလိုအားသွင်းခြင်းက အဓိကပဲဖြစ်ပါတယ်။

ဖုန်းတစ်လုံးရဲ့ တန်ဖိုးကတန်ဖိုးကြီးလေ ဂရုစိုက်ရလေပါပဲ။ခဏလေးပဲသုံးရသေးတယ် အားကုန်သွားတယ်ဆိုတာမျိုး မဖြစ်ရအောင် ဖုန်းအားကို စနစ်တကျသွင်းတတ်ကြပါစေ။

Leave a Reply