လက်ဖဝါးပေါ်က လက်ချောင်းလေးတွေရဲ့အတိုအရှည်ကနေ လူတွေရဲ့စိတ်တစ်ချို့ကို ပြောပြနေတယ်ဆိုတာ သင်တို့သိပါသလား၊ အများကြီးတော့ကွက်တိမှန်နိုင်မယ်မထင်ပင်မဲ့အနည်းငယ်တော့ တူလိမ့်မယ်လို့ယုံပါတယ်
ဘယ်လို လက်အတိုအရှည်ပုံစံတွေက ဘယ်လို စိတ်နေစိတ်ထားမျိုးလဲဆိုတာ ကြည့်လိုက်ရအောင်
လက်သူကြွယ် က လက်ညိုးထက်ပိုရှည်တဲ့ လက်မျိုးကိုပိုင်ဆိုင်ထားရတဲ့သူတွေဟာ ချောတာထက်ဆွဲဆောင်မှုရှိပြီးလူချစ်လူခင်ပေါသူတွေပါ။
လူမှုပေါင်းသင်းဆက်ဆံရေးမှာသူတစ်ပါးတွေရဲ့စိတ်ကိုအကဲခက်တတ်တာကြောင့် လူချစ်များတတ်ကြပါတယ်။
စိတ်မြန်ပြီး စိတ်ဆတ်တတ်တဲ့အကျင့်လေးရှိတာကြောင့် လူအများအမြင်မှာဒေါသကြီးတယ်လို့တော့ထင်တတ်ကြပါတယ်။ ဒါပင်မဲ့မဟုတ်မခံစိတ်မျိုးလေးပါ။
ရည်မှန်းချက်တွေခိုင်မာပြီး အမြင့်ဆုံးဆိုတာတွေကိုမှန်းထားလေ့ရှိတတ်ကြပါတယ်။ စိတ်ကိုအကြာကြီးမညစ်တတ်ပဲ တစ်လမ်းမရရင် နောက်တစ်လမ်းဖောက်ဖို့တွေးနေတတ်ကြသူတွေပါ။
လက်ညိုးကလက်သူကြွယ်ထက်ပိုရှည်တဲ့သူတွေဟာ ခေါင်းဆောင်မှုအားကောင်းပြီးသူတစ်ပါးအပေါ်ကူညီဖေးမဖို့ဝါသနာပါသူတွေပါ။
ဦးဆောင်မှုအားပြင်းထန်လွန်းပြီး သူတစ်ပါးအပေါ်တင်းကြပ်ရင်းကနေ ဆရာလုပ်တယ်လို့အထင်ခံရတတ်ပါတယ်။ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကြား ကိုယ့် ကိုယ်ကိုယ်သိက္ခာကျစေမဲ့အပြုမူမျိုးကိုလုပ်လေ့မရှိတတ်ကြဘူး။
တစ်စုံတစ်ခုကိုပြုမူလုပ်ဆောင်မယ်လို့ရည်ရွှယ်လိုက်ရင်မလုပ်ခင်မပြောခင်ကတည်းက ဒီအလုပ်ကိုလုပ်ပြီးလို့ဖြစ်လာမဲ့အကျိုးရလာဒ်ကို ထည့်တွက်တတ်ကြတယ်။
ကောက်ခါငင်ကာထလုပ်တာမျိုးထက်စိတ်ထဲအကွက်ချစီစဉ်ပြီးမှ လုပ်တာမျိုးကိုပိုပြီးစိတ်အားထက်သန်ကြပါတယ်။
နှစ်ချောင်းလုံးကညီနေတဲ့သူတွေကတော့တရားမျှတမှုကိုလိုလားပြီး စိတ်အေးတဲ့သူတွေပါ။ ပေါင်းရသင်းရအရမ်းကောင်းပြီး စိတ်သဘောထားပြည့်၀တယ်လို့ပြောရင်လည်းမမှားနိုင်ပါဘူး။
ကိုယ့်အပေါ်ကောင်းတဲ့သူတွေအပေါ်ဆိုနှစ်ဆလောက်ပိုကောင်းတတ်ပြီး နားလည်မှုအပြည့်ရှိတဲ့သူမျိုးပါ။ ကိုယ့်ရဲ့အပြုမူကတစ်ဖက်သားကိုထိခိုက်ပြီးနစ်နာသွားစေတာမျိုးဖြစ်မှာကိုသိပ်ကြောက်ကြပါတယ်။