ဘယ်ဟာလဲ ဆင်းရဲသား.. ဘယ်ဟာလဲ လူချမ်းသာ….ဘယ်ဟာလဲ ပညာတတ်…ဘယ်ဟာလဲ သူတောင်းစား…..အဲ့မှာ ရွေးကြည့်ပါအုံး ရွေးလေ
ချမ်းသာလို့လည်းမာန်မတက်နဲ့……ဟန်ချက်ပျက်ရင် မွဲတက်တယ်
နုပျိုလို့လည်း မာန်မတက်နဲ့…….အိုတဲ့အခါ သိလိမ့်မယ်
ကျန်းမာလို့လည်း မာန်မတက်နဲ့….နာတဲ့အခါသိလိမ့်မယ်
ချမ်းသာဆင်းရဲ အလွှာကွဲလည်း…….တစ်နေ့ သေရမှာမလွဲ
တလွဲမာန ထောင်လွှားစိတ်နဲ့…..အသက်ရှင်ခိုက် မိုက်ခဲ့ကြလျင်…..သေလျင် ငရဲ ဆင်းသက်မြဲမို့….ကိုယ်ပိုင်ဆိုင်တာ သိရမှာက….ကုသိုလ် အကုသိုလ် ဆိုတာ မမေ့ပါနဲ့။
မသေခင်ကြိုတင်ပြင်ဆင်ထားကြပါ…….