ချစ်ရတဲ့သူတွေ တစ်ယောက်ထက်မက တွေ့ရကောင်း တွေ့ရနိုင်ပေမယ့် ကိုယ့်အတွက် တစ်ကယ်စစ်မှန်တဲ့ ချစ်သူကိုတော့ ဘယ်အချိန်မှာ တွေ့ရမလဲဆိုတာ
ဘယ်အရွယ်ရောက်ရင် အချစ်စစ်နဲ့ တွေ့မှာလဲ
အချစ်စစ် ဆိုတာ
လူတိုင်းလိုချင်ကြတဲ့ အရာပါ လူတိုင်းလူတိုင်း မက်မောကြပေမယ့် လက်တွေ့ပိုင်ဆိုင်ရဖို့ ဆိုတဲ့ ကိစ္စကတော့ ခက်ခဲပါတယ်။ ဘဝတစ်သက်တာမှာ ချစ်ရတဲ့သူတွေ တစ်ယောက်ထက်မက တွေ့ရကောင်း တွေ့ရနိုင်ပေမယ့် ကိုယ့်အတွက် တစ်ကယ်စစ်မှန်တဲ့ ချစ်သူကိုတော့ ဘယ်အချိန်မှာ ဘယ်လို ပုံစံနဲ့ တွေ့ရမလဲဆိုတာ မသေချာတဲ့အရာပါ။ Marry ရဲ့ ပရိသတ်တွေ အတွက်တော့ ဘယ်အချိန်မှာ အချစ်စစ်နဲ့ တွေ့ရမလဲ ဆိုတဲ့ အချစ်ဗေဒင်လေး တွက်ပေးချင်ပါတယ်။
အချစ်ဗေဒင်လေး တွက်ပေးချင်ပါတယ်
မိဿရာသီဖွား – မတ်(၂၁)မှ ဧပြီ(၂၀) အတွင်း မွေးသောသူများ
မိဿရာသီဖွားတွေက အသက် (၂၁) နှစ်မှာ အချစ်စစ်ကိုတွေ့ရမှာပါ။
ပြိဿရာသီဖွား – ဧပြီ(၂၁)မှ မေ (၂၁) အတွင်း မွေးသောသူများ
ပြိဿရာသီဖွားတွေကတော့ အသက် (၁၆)နှစ်ကတည်းက အချစ်စစ်ကိုတွေ့ခဲ့ပြီးပါပြီ။
မေထုန်ရာသီဖွား – မေ(၂၂)မှ ဇွန်(၂၁) အတွင်း မွေးသောသူများ
မေထုန်ရာသီဖွားတွေက (၁၉) နှစ်မှာ အချစ်စစ်ကို တွေ့မှာပါ။
ကရကဋ်ရာသီဖွား – ဇွန်(၂၂)မှ ဇူလိုင်(၂၂) အတွင်း မွေးသောသူများ
ကရကဋ်ရာသီဖွားကတော့ အသက် (၁၅)နှစ်ကတည်းက အချစ်စစ်နဲ့ ကြုံကြိုက်ခဲ့ ပြီးပါပြီတဲ့။
သိဟ်ရာသီဖွား – ဇူလိုင်(၂၃)မှ သြဂုတ်(၂၃) အတွင်း မွေးသောသူများ
သိဟ်ရာသီဖွားတွေ အတွက်ကတော့ အသက်(၂၅)နှစ်ရောက်မှတွေ့တဲ့ အချစ်ကမှ အချစ်စစ်ပါတဲ့။
ကန်ရာသီဖွား – သြဂုတ် (၂၄)မှ စက်တင်ဘာ(၂၂) အတွင်း မွေးသောသူများ
ကန်ရာသီဖွား ကတော့ အချစ်စစ်နဲ့ တွေ့ရဖို့ အခွင့်အလမ်း နည်းပါးလွန်းလှတဲ့ ရာသီဖွားတွေ ဖြစ်ပါတယ်။
တူရာသီဖွား – စက်တင်ဘာ (၂၃)မှ အောက်တိုဘာ(၂၃) အတွင်း မွေးသောသူများ
တူရာသီဖွားတွေကတော့ အသက်(၂၀)မှာ အချစ်စစ်ကို တွေ့မှာပါ။
ဗြိစ္ဆာရာသီဖွား – အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂) အတွင်း မွေးသောသူများ
ဗြိစ္ဆာရာသီဖွားတွေ အတွက်ကတော့ အချစ်စစ်က ငယ်ချစ်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက် (၁၂)နှစ်ကတည်းက တွေ့ခဲ့လို့ပါ။
ဓနုရာသီဖွား – နိုဝင်ဘာ (၂၃)မှ ဒီဇင်ဘာ (၂၁) အတွင်း မွေးသောသူများ
ဓနုရာသီဖွားတွေကတော့ အသက် (၂၈)နှစ်ရောက်မှ အချစ်စစ်နဲ့ ကြုံကြိုက်မှာပါ။
မကာရရာသီဖွား -ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀) အတွင်း မွေးသောသူများ
မကာရရာသီဖွားတွေကတော့ အပျိုကြီး၊ လူပျိုကြီး လုပ်မယ်လို့ ဆုံးဖြတ်ပြီးခါမှ အချစ်နဲ့တွေ့ရမှာပါ။ အသက်(၃၃)နှစ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။
ကုံရာသီဖွား -ဇန်နဝါရီ (၂၁)မှ ဖေဖော်ဝါရီ(၁၈) အတွင်း မွေးသောသူများ
ကုံရာသီဖွားတွေကတော့ အသက် (၁၃)နှစ်ကတည်းက အချစ်တွေ့ရမှာပါ။
မိန်ရာသီဖွား -ဖေဖော်ဝါရီ(၁၉)မှ မတ်(၂၀) အတွင်း မွေးသောသူများ
မိန်ရာသီဖွားတွေရဲ့ ဘအသက် (၁၇)နှစ် အရွယ်မှာတွေ့ခဲ့တဲ့ အချစ်က သူတို့အတွက် အချစ်စစ်ပါတဲ့။