ဘီလူးနက္ခတ်ပိုင်ရှင်တို့ရဲ့စိတ်နေစိတ်ထားများ

Knowledge Lifestyle
Spread the love

မိ မိ တို့ ၏ မြန် မာ မွေး သ က္က ရာဇ် ကို (၃) နဲ့စား၁ ကြွင်း လျှင် “နတ် နက္ခတ်” ၊ ၂ ကြွင်းလျှင် “လူ နက္ခတ်” ၊ ၀ ကြွင်းလျှင် “ဘီလူး နက္ခတ်” ဖြစ်သည်။

“ဘီလူး နက္ခတ်”

ထို နက ္ခတ်ပိုင် ရှင် တို့ သည် စိတ် ဓာ တ်ပြင်း ပြ သူများဖြစ်ပြီး တိုက် လျှင် နိုင် ရ မည် ယှဉ် လျှင် သာ ရမည်ဆို သည့် စိတ် ထားမျိုး ရှိ တတ် ကြ သည်။

အ များ စု မှာ မ ခံ ချင် စိတ် များ ပြားသူ များဖြစ်သည်။ အရာ ရာ ကို လေ့ လာ လိုက် စားသော သူ များဖြစ်ပြီး ဟိုစပ် စပ် ဒီစပ် စပ် လုပ် တတ် သောသူ များဖြစ် သည်။

ထို ကဲ သို့ ပြု လုပ် သ ဖြင့် တစ် ခါ တစ် ရံ အလုပ် ကိစ္စ များတွင် တစ် ဝက် တစ် ပြက် များ ဖြစ် နေ တတ် ကြသည်။ ကျေးဇူး တ ရားကို သိ တတ် သောသူ များလည်းဖြစ် သည် ။

ထို သူ တို့ ၏ စိတ် ဓာတ် သည် သူ ကောင်းလျှင် ကိုယ် ကောင်း မည်။ သူ မကောင် းလျှင် ကိုယ် မ ကောင်းနိုင်ဟူ သော ကြည့် မှန် သ ဖွယ် နေ ထိုင်ကြသည်။

ပေါင်း ရ သင်းရ လွန် စွာ ခက် သော သူ များဖြစ် ပြီး ကွယ် ရာ တွင် ဝေ ဖန် အ ပြစ် ပြေ ာခံရ ခြင်းများ ကြုံရတတ်ပြီး

ထို သို့ ပြောသည် ကို လည်း ဂရုစိုက် လေ့ မ ရှိ သူ များလည်းဖြစ် သည်။

အပေါင်းအသင်းများကိုလည်း ကိုယ့်အပေါ်တကယ်နားလည်သူကိုသာ ရွေးချယ်ပေါင်းလေ့ရှိသည်။

လူအများနောက်လိုက်ထက် ဆရာလုပ်တတ်ခြင်း အမိန့်ပေးတတ်ခြင်း သြဇာပေးလိုစိတ်များရှိသည်။

ထို့ကြောင့် ကိစ္စတော်တော်များများတွင် သိအောင်ကြိုးစားလေ့ရှိကြသည်။

ဤနက္ခတ်ပိုင်ရှင်များသည် သေလျှင်မြေကြီးရှင်လျှင်ရွှေထီးဟူသော စိတ်ထားမျိုးလည်းရှိပြန်သည်။

တခါတစ်ရံ ဝေခွဲမရသောကိစ္စများတွင် နောက်ဆုတ်လေ့မရှိ ရှေ့သို့သာ တုံးတိုက်တိုက်ကျားကိုက်ကိုက် ပြုမူတတ်ကြသည်။

ထိုအချက်သည် မှားမှန် ချင့်ချိန်မှုအားနည်းတတ်သော အဓိကအားနဲချက်တစ်ခုဖြစ်သည်။

ထိုအချက်ကိုတော့ အထူးပြုပြင်ရပေမည်သူတို့သည် မည်သည့်နေရာတွင်မဆို ထင်ပေါ်ကျော်ကြားလိုကြသည်။

ငယ်စဉ်အခါတွင် အခက်အခဲများနှင့်ကြုံတွေ့ရတတ်သည်။ ချစ်သူ အိမ်ထောင်ဘက်များနှင့်ပတ်သက်ပြီး ခံစားလွယ် ပေါက်ကွဲလွယ် တတ်သည်။

သို့သော် နှစ်နှစ်ခါခါ ချစ်တတ်သူများဖြစ်သည်။

စီးပွားရေးနှင့်ပတ်သက်ပြီး စုပေါင်းလုပ်ခြင်းထက် တစ်ဦးထဲလုပ်ကိုင်လျှင်ပိုမိုကောင်းမွန်ပြီး အများအကျိုး နှင့်သက်ဆိုင်သောလုပ်ငန်းများတွင်အကျိုးလွန်စွာပေးသူများဖြစ်သည်။

ဘီလူးနက္ခတ်ပိုင်ရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များမှာ…

၁။ထင် ပေါ် ကျေ ာ်ကြားလို သော လော ဘ ရှိ သ ဖြင့် ထို လောဘ ကို ထိန် းချုပ်ပါ

၂။မဝေခွဲနိုင်သောကိစ္စများတွင်တောင် တုံးတိုက်ကျားကိုက် စွန့်စား တတ်သူများဖြစ်သဖြင့် အမှားတွေဖြစ်တတ်ပြီး ဘဝအတက်အကျမြန်တတ်သည်။

ထို့ကြောင့် ရှည်ကြာသောအောင်မြင်မှု မြဲမြံသော ရပ်တည်မှုများကို အလိုရှိပါက သေချာစဉ်းစားဆင်ခြင်ခြင်း၊

ရှေ့တစ်လှမ်းအတွက် နောက်တစ်လှမ်းဆုတ်၍ အားယူခြင်းများ ကို ချိန်ဆလုပ်ဆောင်ပါ။

၃။မခံ ချင် စိတ် များပြား သဖြင့် မခံချင် စိတ် ကြောင့် တစ် ခါ တစ် လေ လော ကကြီးကို ပင် အရွဲ့ တိုက် တတ်ကြသည်။

ထို မ ခံ ချင် စိတ် အား စနစ် တ ကျ ထိန် းချုပ် ခြင်း မှန် ကန် သော နေ ရာ တွင် အသုံချ တတ် ခြင်းသည်ပင်

ထို နက္ခတ် ပိုင် ရှင် များအ တွက် ထိပ် ဆုံးသို့ရောက် ရှိ မည့်လမ် းပင် ဖြစ်ပေသည်