ဘုန်းကြီးလည်းပြေးပြီ

Knowledge Lifestyle
Spread the love

ကလေးနှစ်ယောက် မာလကာခြံထဲကို ပိုင်ရှင်မသိအောင်ဝင်ပြီး အသီးတွေခိုးကြတယ်။ ရသမျှအသီးတွေကို ပုဆိုးတွေထဲထည့်ထုပ်ပြီးဝေစုခွဲဖို့ လူပြတ်တဲ့သင်္ချိုင်းထဲကိုသွားကြတယ်။ ပိုင်ရှင်သိရင်လိုက်ဖမ်းမှာစိုးလို့ အပြေးသွားတာမို့ အသီးအချို့သင်္ချိုင်းဝမှာကျကျန်နေခဲ့တယ်။ အထဲရောက်တော့ကလေးအကြီးက ဦးဆောင်ပြီးဝေစုခွဲပေးတယ်။

“ ဒါကမင်းစားဖို့ ဒါကငါစားဖို့ ဒါကမင်းစားဖို့ ဒါကငါစားဖို့ … ” အဲဒီလိုတစ်လုံးခြင်းစီ ဝေစုခွဲနေတဲ့အသံကို သင်္ချိုင်းအစပ်က လမ်းလျှောက်လာတဲ့ ရွာသားကကြားတော့ ကြောက်လန့်တကြားနဲ့ ရွာထဲဝင်ပြေးတယ်။

ရွာထဲရောက်တော့ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတစ်ပါးနဲ့တွေ့တော့ အားကိုးရာရပြီဆိုပြီး အကူအညီတောင်းလျှောက်ထားတယ်။ ဘုန်းဘုန်းဘုရား… ကယ်ပါအုံးဘုရား။ ရွာကသင်္ချိုင်းထဲမှာ သရဲတွေသောင်းကြမ်းနေပါတယ်ဘုရား။

ဟာ… ဟုတ်ကဲ့လားဒကာရယ်။ မဖြစ်နိုင်တာ။ ဟုတ်ပါတယ်ဘုရား၊ တပည့်တော်အခုပဲ ကြားခဲ့ရတာဘုရား။ သရဲနှစ်ကောင်ဖြစ်မယ်ဘုရား။ သင်္ချိုင်းထဲကအလောင်းတွေကို စားဖို့ခွဲတမ်းချနေတာ တပည့်တော်နားနဲ့ဆတ်ဆတ်ကြားခဲ့တယ်။ မယုံရင်ဘုန်းဘုန်းလိုက်ကြည့်ပါဘုရား။

ကဲစိတ်အေးအေးထားဒကာကြီး။ နားကြားလွဲတာဖြစ်ပါလိမ့်မယ်။ ဘုန်းကြီးလိုက်ခဲ့ပေးမယ်၊ ဘာမှမကြောက်နဲ့။ ဒီလိုနဲ့ဘုန်းကြီးလည်း ဆွမ်းခံရင်းငှက်သင့်ဆိုသလို ရွာသားဆွဲခေါ်ရာနောက် ပါသွားပါလေရော။

သချိုင်းနားရောက်တော့ ဝေစုခွဲနေတဲ့အသံတွေကြားနေရတုန်း “ ဒါကမင်းစားဖို့ ဒါကငါစားဖို့ ဒါကမင်းစားဖို့ ဒါကငါစားဖို့ … ” အသံတွေကြားတော့ ဘုန်းကြီးလည်းအထဲမဝင်ရဲဘဲ အဝနားမှာအသာရပ်နေတယ်။

ရွာသားကဘုန်းကြီးနောက်မှာ သင်္ကန်းစကွယ်ပြီးပုန်းနေပြီ။ “ ဒါကမင်းစားဖို့ ဒါကငါစားဖို့။ ကဲအားလုံးကုန်ပြီ၊ အညီအမျှပဲ၊ ကျေနပ်တယ်နော် ” ကလေးအငယ်ကပြန်ပြောတယ်။ ဒါဆိုသင်္ချိုင်းအဝနားကဟာတွေရော။

“ ဟာဟုတ်သားပဲ၊ အဲဒါတွေအရင်စားရမယ်၊ နို့မို့သူများဦးသွားမယ် ” အဲဒီအသံလည်းကြားရော ဘုန်းကြီးလည်းရွာသားတောင် လှည့်မကြည့်နိုင်ဘူး။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီးပြေးလိုက်တာ ချော်လဲသပိတ်ကွဲဆွမ်းငတ်တဲ့အထိပါပဲ… ။

ဘ၀အမောတွေပြေပျောက်ကြပါစေ။ credit

ကလေးနှစ်ယောက် မာလကာခြံထဲကို ပိုင်ရှင်မသိအောင်ဝင်ပြီး အသီးတွေခိုးကြတယ်။ ရသမျှအသီးတွေကို ပုဆိုးတွေထဲထည့်ထုပ်ပြီးဝေစုခွဲဖို့ လူပြတ်တဲ့သင်္ချိုင်းထဲကိုသွားကြတယ်။ ပိုင်ရှင်သိရင်လိုက်ဖမ်းမှာစိုးလို့ အပြေးသွားတာမို့ အသီးအချို့သင်္ချိုင်းဝမှာကျကျန်နေခဲ့တယ်။ အထဲရောက်တော့ကလေးအကြီးက ဦးဆောင်ပြီးဝေစုခွဲပေးတယ်။

“ ဒါကမင်းစားဖို့ ဒါကငါစားဖို့ ဒါကမင်းစားဖို့ ဒါကငါစားဖို့ … ” အဲဒီလိုတစ်လုံးခြင်းစီ ဝေစုခွဲနေတဲ့အသံကို သင်္ချိုင်းအစပ်က လမ်းလျှောက်လာတဲ့ ရွာသားကကြားတော့ ကြောက်လန့်တကြားနဲ့ ရွာထဲဝင်ပြေးတယ်။

ရွာထဲရောက်တော့ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတစ်ပါးနဲ့တွေ့တော့ အားကိုးရာရပြီဆိုပြီး အကူအညီတောင်းလျှောက်ထားတယ်။ ဘုန်းဘုန်းဘုရား… ကယ်ပါအုံးဘုရား။ ရွာကသင်္ချိုင်းထဲမှာ သရဲတွေသောင်းကြမ်းနေပါတယ်ဘုရား။

ဟာဟုတ်ကဲ့လားဒကာရယ်၊ မဖြစ်နိုင်တာ။ ဟုတ်ပါတယ်ဘုရား၊ တပည့်တော်အခုပဲ ကြားခဲ့ရတာဘုရား။ သရဲနှစ်ကောင်ဖြစ်မယ်ဘုရား။ သင်္ချိုင်းထဲကအလောင်းတွေကို စားဖို့ခွဲတမ်းချနေတာ တပည့်တော်နားနဲ့ဆတ်ဆတ်ကြားခဲ့တယ်။ မယုံရင်ဘုန်းဘုန်းလိုက်ကြည့်ပါဘုရား။

ကဲစိတ်အေးအေးထားဒကာကြီး။ နားကြားလွဲတာဖြစ်ပါလိမ့်မယ်။ ဘုန်းကြီးလိုက်ခဲ့ပေးမယ်၊ ဘာမှမကြောက်နဲ့။ ဒီလိုနဲ့ဘုန်းကြီးလည်း ဆွမ်းခံရင်းငှက်သင့်ဆိုသလို ရွာသားဆွဲခေါ်ရာနောက် ပါသွားပါလေရော။

သချိုင်းနားရောက်တော့ ဝေစုခွဲနေတဲ့အသံတွေကြားနေရတုန်း “ ဒါကမင်းစားဖို့ ဒါကငါစားဖို့ ဒါကမင်းစားဖို့ ဒါကငါစားဖို့ … ” အသံတွေကြားတော့ ဘုန်းကြီးလည်းအထဲမဝင်ရဲဘဲ အဝနားမှာအသာရပ်နေတယ်။

ရွာသားကဘုန်းကြီးနောက်မှာ သင်္ကန်းစကွယ်ပြီးပုန်းနေပြီ။ “ ဒါကမင်းစားဖို့ ဒါကငါစားဖို့။ ကဲအားလုံးကုန်ပြီ၊ အညီအမျှပဲ။ ကျေနပ်တယ်နော် ” ကလေးအငယ်ကပြန်ပြောတယ်။ ဒါဆိုသင်္ချိုင်းအဝနားကဟာတွေရော။

“ ဟာဟုတ်သားပဲ၊ အဲဒါတွေအရင်စားရမယ်၊ နို့မို့သူများဦးသွားမယ် ” အဲဒီအသံလည်းကြားရော ဘုန်းကြီးလည်းရွာသားတောင် လှည့်မကြည့်နိုင်ဘူး။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီးပြေးလိုက်တာ ချော်လဲသပိတ်ကွဲဆွမ်းငတ်တဲ့အထိပါပဲ… ။

ဘဝအမောတွေပြေပျောက်ကြပါစေ။ credit