ဘုရားရှိခိုးပြီးတိုင်း ကြေးစည်တီးပြီး အမျှပေးဝေကြပါ။
ဘာဖြစ်လို့လဲ ဆိုတော့…ကြေးစည် ဆိုတာ…သူတော်ကောင်းတို့၏ နားတွင်အေးမြသော အသံရှိ၏။
သူယုတ္မာ (နာနာ ဘာဝ)တို့၏နားတွင်ပူလောင်သော အသံရှိ၏။
ကောင်းသော သူတို့သည် သာဓုခေါ်ပြီး မကောင်းသော သူတို့သည်အဝေးသို့ ပြေး၏။
ကြေးစည်သည်အအေးဓာတ်ကို ပေးသဖြင့်ကိလေသာအပူကိုငြိမ်းစေပါတယ်။
မိမိမှာ…ကံဆိုးနေပြီကံ ညံ့နေပြီ ထင်လျှင်တော့ပို၍ တီးပေးသင့်ပါသည်။
ဒီလို တီးခြင်းဟာ…ကိုယ့်ကို မကောင်းကြံမဲ့ သူတွေကိုဝေးကွာ သွားစေပါတယ်။
အမျှဝေရာတွင်လည်းလူ၏ အသံအားဖြင့်အမျှဝေသည့်အခါအဝေးသို့ မရောက်နိုင်ပါဘူး။
ကြေးစည်ကသာအဝေးသို့ပဲ့ တင်သံဖြင့် သွားနိုင်ပါတယ်။
အဝေးတွင်ရှိသောနတ် လူတို့ ကြားနိုင်သလိုသာဓုလည်း ခေါ်နိုင်တယ်။
ကြေးစည်တီးပြီး မေတ္တာပို့အမျှဝေလျှင်ပို၍ ထိရောက်ပါသည်။
ထို့ကြောင့်…ဘုရားရှိခိုးပြီးတိုင်းကြေးစည်တီး၍ အမျှဝေပါ။
မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )