ဘွန်းစိုင်းအပင် စိုက်မယ်ဆိုရင် မြေစပ်နည်း လေ့လာရအောင်

Knowledge Lifestyle
Spread the love

အပင်တစ်ပင် ကောင်းစွာ ရှင်သန်ဖွင့်ဖြိုးနိုင်ဖို့အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝစွာ ပါဝင်အောင် ပြုပြင်ထားသောမြေကို ဘွန်စိုင်းစပ်မြေလို့ ခေါ်ပါတယ်။

မြေသားထဲတွင် ရေနဲ့မြေသြဇာများကို ကြာရှည်ထိန်းထားနိုင်ပြီး ရေဆင်းကောင်းသောကြောင့် ရေနှင့်အတူ မြေကြီးထဲသို့

အောက်ဆီဂျင်ပါ ပါသွားလို့ အမြစ်အတွင်းက ဆဲလ်များက အောက်ဆီဂျင်ကို အလုံအလောက် ရရှိပြီး အပင်သန်မာစေမှာပါ။

(၁။) ရေလောင်းခြင်း အကြိမ် တစ်ခုနဲ့တစ်ခု အကြား လုံလောက်သော ငွေ့ရည်ထိန်းနိုင်ခြင်း။ (မြေသားအစိုဓါတ်ကို ကောင်းစွာ ထိန်းနိုင်ခြင်း။)

(၂။) ရေဆင်းကောင်းခြင်း။ (ရေလောင်းလိုက်ပါက ချက်ချင်း ဆိုသလို ရေစီးထွက်သွားနိုင်ခြင်း။)

(၃။) လေဝင်ထွက်နိုင်ခြင်း (သို့) လေသလပ်နိုင်ခြင်း။ (ဒါမှ အပင်အတွက်လိုအပ်တဲ့ အကျိုးပြု ပိုးမွှားတွေ ပေါက်နိုင်မှာပါ။)

ဘွန်စိုင်းစပ်မြေမှာ ဘာတွေ ပါဝင်ပါသလဲ ?

ဘွန်စိုင်းစပ်မြေတွင် နေရာဒေသ နှင့် အပင်၏ အနေအထားပေါ်မူတည်၍ မြေဆွေး၊ ဖွဲပြာ၊ နှစ်ချို့နွားချေး၊ သက်နုကျောက်ကလေးများ၊ သဲနုံး၊ ကျုံးမှော်ဆွေး စသည်တို့ကို လိုအပ်သလို ထည့်သွင်းအသုံးပြုရပါတယ်။

ဘွန်စိုင်းစပ်မြေကိုမိမိတို့ရဲ့အရပ်ဒေသအပေါ်မူတည်ပြီးတော့ အဆင်ပြေသလို အသုံးပြုနိုင်ဖို့ပါ။

တူးပြီးအပင်များကိုတော့ တူးယူလာအပြီး သဲမြေ တမျိုးတည်းကိုသာ သုံး၍ ပျိုးထောင်ပါ။ အပင် ကောင်းစွာရှင်သန်မှသာ စပ်မြေဖြင့် စိုက်ပျိုးနိုင်ပါတယ်။

တူးပြီးကတည်းက စပ်မြေဖြင့် စိုက်ပျိုးလို့လည်းရပေမယ့် သဲမြေ တမျိုးတည်းက အပင်ရှင်သန်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။

လေ့ကျင့်နေသော အပင်များအတွက် မြေဆွေး (၂) ဆ နဲ့ နှစ်ချို့နွားချေး (၁) ဆ ကို အချိုးကျ ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ နေလှန်း၍ ပိုးသတ်ပြီးမှ သုံးစွဲနိုင်သလို ဒီအတိုင်းလည်း အသုံးပြုလို့ရပါတယ်။ အရေးကြီးတာက မြေပွပြီး ရေဆင်းကောင်းရပါမယ်။ လိုအပ်ရင် ဖွဲပြာနည်းနည်း ထည့်လို့ရပါတယ်။

မြေဆွေးကတော့ ပျိုးခြံကဝယ်၍ သော်လည်းကောင်း၊ အပင်ကြီးများအောက်ခြေမှ သစ်ရွက်ဆွေးမြေကို တူးယူ၍ သော် လည်းကောင်း၊ ကိုယ်တိုင် ပြုလုပ်၍ သော်လည်းကောင်း ရရှိနိုင်ပါတယ်။

ကိုယ်တိုင် ပြုလုပ်လိုရင်တော့ သစ်ရွက်ခြောက်၊ မြက်ခြောက်နဲ့ ကောက်ရိုးခြောက်စတဲ့ အရွက်ခြောက်များ၊ သစ်ရွက်ဆွေးများ စသည်တို့ကို နုတ်နုတ်စင်းပါ။ အကယ်၍ ခြောက်သွေ့နေပါက ရေလောင်းပေးထားပါ။

မြေဆွေးပြုလုပ်နည်းမှာ (၂) ပေခွဲ အနက်ခန့် ကျင်းတူးပြီး ပါဝင်ပစ္စည်းများကို တထပ်စီ ထည့်၍ ရက်သတ္တပတ် (၃) ပတ်ခန့် ထားပေးပါ။

(၃) ပတ်ကြာတဲ့အခါ မြေဆွေးရဲ့အရောင်ဟာ အညိုနုရောင်မှ အညိုရင့်ရောင်ပြောင်းလာရင် မြေဆွေးဖြစ်ပြီဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ မြေဆွေးကျင်းထဲမှာ အဖြူရောင်အမှုန့်များ မြင်တွေ့နေရပါက အသုံးပြုနိုင်ပါပြီ။

ဘွန်စိုင်းဖြစ်ပြီးသော အပင်များအတွက် ဘွန်စိုင်းစပ်မြေ

ဘွန်စိုင်းပင်များအတွက် မြေဆွေးနှင့်နွားချေးအရော (၂) ဆ ကို ကျောက်ဖြုန်း (၁) ဆ ရောစပ်၍ အသုံးပြုပါ။ 3 mm to 5 mm ခန့် အရွယ်ရှိသော ရေစုပ်ယူနိုင်သော သက်နုကျောက်ဖြုန်းလေးများကို ဆိုလိုပါသည်။

ကျောက်ဖြုန်းများရင် ရေထိန်းအားနည်းသဖြင့် အပူပိုင်းမှာဒေသများတွင် အပင်ရေငတ်တတ်ပါတယ်။

မိုးတွင်းဆိုရင်တော့ ရေဆင်းကောင်းအောင် ကျောက်ဖြုန်းပိုထည့်တာလည်း ရှိပါတယ်။ အခြေနေအရ မိမိ၏ ဒေသ ရာသီဥတုအပေါ်မူတည်၍ ရောစပ်ပြီး အသုံးပြုပါ။crd

Leave a Reply