မည်းညစ်နေတဲ့ ပေါင်ခြံနဲ့ ချိုင်းကြား အသားအရေတွေ ကို ဖြူဖွေးသွားစေ မယ့် နည်းလမ်း (၅)သွယ်
ပေါင်ခြံတွေ၊ ချိုင်းကြားတွေ မည်းနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေတဲ့ ပျိုမေတို့အတွက် ငွေကုန်ကြေးကျခံစရာ
မလိုတဲ့ နည်း လမ်းကောင်းလေးတွေ ရှိပါတယ် …။
အိမ်တွင်း နည်းလမ်းနဲ့ သဘာဝ ပစ္စည်းလေးတွေပဲ ဖြစ်တာကြောင့် ဓာတ်မတည့်မှာတွေ ပူစရာမလိုပါဘူးနော်။ ပုံမှန်လေး
လုပ်ပေးသွားရင် သိသာ ထင်ရှားတဲ့ ရလဒ်ကို ရရှိမှာပဲ ဖြစ်ပါတယ်နော် …။
(၁) ရှားစောင်းလက်ပတ်၏ အသုံးဝင်ပုံ
ရှားစောင်း လက်ပပ် အနှစ်ကိုယူပြီး ပေါင်ခြံနဲ့ ချိုင်းကြားအပြင် ဂုတ်၊ ဒူးစတဲ့ မည်းနေတဲ့ေ နရာအားလုံးကို လိမ်းပေးလိုက်ပါ။
မိနစ် ၂၀ခန့်ထားပြီး ဆေးကြောပေးလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ် ပုံမှန်လုပ်ပေးပါ …။
(၂) သံပုယို၏အသုံးဝင်ပုံ
သံပုယိုသီးကို အရည်ညှစ်ပြီး ရလာတဲ့ အရည်ကို ဂွမ်းစလေးနဲ့တို့ကာ မည်းညစ်နေတဲ့ နေရာတွေကို လိမ်းပေးလိုက်ပါ။
မိနစ် ၂၀ လောက်ထားပြီး ရေနွေးနဲ့ ဆေးကြောပေးလိုက်ပါ။ တစ်နေ့တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ် …။
(၃) လိမ္မော်ခွံ ၏အသုံးဝင်ပုံ
လိမ္မော်ခွံကို အခြောက်ခံပြီး ခြောက်သွားတဲ့အခါမှာ အမှုန့်ကြိတ်လိုက်ပါ။ ရလာတဲ့ အမှုန့်ကို ဒိန်ချဉ်အနည်းငယ် ရောပြီး မည်းညစ်နေ
တဲ့ နေရာတွေ ကို လိမ်းပေးလိုက်ပါ။ ခြောက်သွားတဲ့အထိ ထားပြီး ခြောက်သွားတဲ့အခါ ရေစိုအဝတ်နဲ့ သုတ်လိုက်ပါ။
တစ်ပတ် ၂ကြိမ် ပြုလုပ်ပေးနိုင်ပါတယ် …။
(၄) ခရမ်းချဉ်သီး ၏အသုံးဝင်ပုံ
ခရမ်းချဉ်သီးကို ပါးပါးလေး အကွင်းလိုက်လှီးကာ မည်းညစ်နေတဲ့ နေရာတွေကို ကပ်လိုက်ပါ။ မိနစ် ၂၀ ခန့်အကြာမှာ
ရေအေးလေးနဲ့ ဆေးကြော ပေးလိုက်ရုံပါပဲ …။
(၅) မုန့်ဖုတ်ဆိုဒါ ၏အသုံးဝင်ပုံ
မုန့်ဖုတ်ဆိုဒါကို ခပ်ပျစ်ပျစ်လေး ရအောင် ရေအနည်းငယ်နဲ့ဖျော်လိုက်ပါ။ ရလာတဲ့အနှစ်ကို မည်းညစ်နေတဲ့ နေရာတွေမှာ
လိမ်းပြီး အခြောက်ခံလိုက်ပါ။ ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်နော် …။
Em Em