မနက်ဆိုသစ်ပင် ညဖက်ဆိုဘီလူးဖြစ်တဲ့ သစ်ဘီလူးအပင်ကို စိုက်မိသူ တစ်ယောက်အကြောင်း

Knowledge
Spread the love

တောရွာလေးတစ်ရွာတွင်ဖြစ်၏။ မှောင်မှောင်မဲမဲနှင့် တိတ်ဆိတ်နေလေသည် ။ ထိုအချိန်တွင် စွဲငင်စွာအူလိုက်သော ခွေးအူသံသည် တိတ်ဆိတ်နေသောညအချိန်ကို ဖောက်ခွဲလိုက်လေသည်။

ထိုအချိန်တွင် ရွာတောင်ပိုင်းမှအော်သံနှင့်အတူ လူအများမီးဒုတ်များ လက်နက်များကိုစွဲကိုင်ကာ သူကြီးအိမ်ရှေ့သို့ရောက်လာကြသည်။

“ သူကြီးသူကြီးမောင်ထုပါအုံး ထစမ်းပါအုံးဟ “ လူအများ၏အော်ဟစ်သံကြောင့် သူကြီးသည်မောင်းကို တစ်ဒူဒူနှင့်စတင်တီးခတ်လိုက်သည်။

ထိုအခါရွာတစ်လုံးမှ လူများသည် ဓားလှံလက်နက်များကိုစွဲကိုင်ကာ သူကြီးအိမ်သို့အပြေးအလွှားရောက်ရှိလာကြပါသည်။

သူကြီးလည်းအိမ်ထဲမှထွက်လာပြီး “တောင်ပိုင်းက ဘာဖြစ်လို့လဲကွပြောစမ်းပါအုံးဟ” ထိုအခါ ပွကြီးဆိုသောရွာသားမှ” ကျုပ်တို့အိမ်နားမှာ ခြေသံကြားလို့ ထိကြည့်လိုက်တော့

မဲမဲကောင်ကြီးတစ်ကောင် ထောင်ထောင်မောင်းမောင်းနဲ့ သရဲလားတစ္တေလားမသိဘူး အဲဒါကြောင့် ဓားဆွဲပြီးလိုက်လာတာဟုပြောသံအဆုံး တစ်ရွာလုံး လှုပ်ရှာသွားကြသည်။

ထိုအခါသူကြီးက “ကဲဘာကောင်လဲဆိုတာ အတိအကျတော့မသိဘူး အဲတော့ဘုန်းကြီးပင့်ပြီး အန္တရာယ်ကင်းတရားလေး ဘာလေး ရွတ်ကြတာပေါ့ကွာ” ဟုပြောကာ

မနက်လင်းသောအခါ ရွာကလေးမှ တရားစာရွတ်သံများ အိမ်တိုင်လိုလိုကြား လာ ကြရပါသည်။တဲအိမ်လေးတစ်ခုအတွင်းမှာတော့ “ကဲအရီးလေး သမီးပြန်မယ်နော်

ကျန်းမာရေးသေချာဂရုစိုက်” “ကျေးဇူးတင် လိုက်တာ ဆရာမလေးရယ် ဆေးဖိုးဝါးခမပေးနိုင်ပေမဲ့ အလကားကုပေးတဲ့ ဆရာမလေးကျေးဇူးကို ဘယ်လိုဆပ်ရမလဲ မသိပါဘူး ဆရာမလေးရယ်”

“ အရီးလေးကလည်း ဆေးဖိုး ဝါးခပြောစရာမလိုပါဘူး ဒီရွာလေးက ကျွန်မအိမ်လိုဖြစ်နေပါပြီ” ဟုပြောကာ လှပသော မိန်းကလေးတစ်ယောက်သည် အိမ်ကလေးထဲမှ ထွက်ခွာသွားလေသည်။

ဆရာမလေးက တနယ်တကျေးမှလာ၍ ထိုရွာလေးတွင်နေသော ကျေးလက်ဆေးပေးခန်းမှ သူနာပြုဆရာမလေး မမြခက်ဖြစ်ပါသည်။ ဆရာမလေးသည် ရုပ်ရည်ချောမောလှပကာ

မိန်းကလေးပီသစွာ ရိုးရိုးယဉ်ယဉ်လေးနှင့် ကျက်သရေရှိသူ ဖြစ်ပါသည်။တစ်နေ့ဆရာမလေးတစ်ယောက် တစ်ဖက်ရွာမှနေ၍ ဆေးကုပြီးအပြန် “ ဆရာမဆရာမ “

“ အော်ဦးလှအောင်ပဲ နေမကောင်းလို့လားမသိဘူး “ “ မဟုတ်ပါဘူးဆရာမလေးရယ် ဆရာမလေးအတွက် ပန်းပင်ပေါက်လေး တွေ လက်ဆောင်ပေးချင်လို့ပါ “

“ကျေးဇူးပါပဲ ဦးလှအောင်ရယ် အိမ်လေးကလည်း နည်းနည်းခြောက်ကပ်နေတော့ စိမ်းစိမ်းစိုစိုလေးဖြစ်ချင်တာပေါ့”

“ ဆရာမလေးရယ် စိမ်းစိမ်းစိုစိုဖြစ်ချင်တာများ ဆရာလေးမောင်စောနိုင်နဲ့ လက်ထပ်လိုက်ပေါ့ဗျာ” ဆရာမလေးသည်ရယ်မောရင်း တစ်နေ့နေ့ပေါ့ရှင်ဟု ပြောကာ ပျိုးပင်ပေါက်များကိုယူကာ ထွက်ခါသွားလေသည်။

ဆရာလေးမောင်စောနိုင်သည် ကျောင်းဆရာတစ်ဦးဖြစ်ကာ ဆရာမလေးနှင့် ရေငံနေသူဖြစ်ပါသည် ။ ထိုပျိုးပင်ပေါက်များကို ဆရာမလေးသည် အိမ်ခေါင်းရင်းဘက်တွင် သေချာစိုက်ပျိုးလေသည်။

ထိုသစ်ပင်ပေါက်များထဲတွင် အခက်အလက်သိပ်မရှိ မုလာဥကဲ့သို့ အရွက်များရှိ၍ ပြောင်ချောချော အနေအထားရှိသော အပင်တစ်ပင်ပါလာသည်ကိုတော့ ဆရာမလေး သတိပြုမိလိုက်ပါသည် ။

ထိုအပင်သည် သစ်မခုတ်ရ ကျမ်းအလိုအရ အောက်ပိုင်းရှုူး၍ အပေါ်ပိုင်းကြီးသော သစ်ဘီလူးပင်ဆို သည်သာ ဆရာမလေးသိခဲ့ရင်။

အချိန်တွေကြာလာသည်နှင့်အမျှ ဆရာမလေးတို့ လဲလက်ထပ်ပြီးပြီး အပင်ကြီးကလည်းပိုပိုကြီးလာလေသည်။ ထိုအပင်သည် ဆရာ မလေးအတွက် ကံကြမ္မာဆိုးတွေ

သယ်ဆောင်လာမည်ဆိုသည်ကိုသာသိခဲ့ရင် ညနေခင်းရေခပ်ဆင်းချိန် ပျိုးနုတ် ကောက်စိုက် စပါးရိတ်စသည့် စုပေါင်းအဖွဲများကြုံလျှင်လည်း ထိုအကြောင်းမပါမပြီးပေ

“ဟဲ့ကောင်မ ဟိုနေ့ကတောင်ပိုင်းက ကိုကျော်ရသားလေး မဲမဲအကောင်ကြီးကိုမြင်ပြီး မေ့သွားသာ အခုထိသတိ မရသေးဘူးတဲ့”

ပြီးတောံ့နောက်တစ်ခုက “အဲကောင်ကြီး ကဆရာမလေးတို့အိမ်နားမှာပဲ ‌ပျောက်သွားတာတဲ့ ဆရာမလေး သရဲမွေးထားလားမသိပါဘူးအေ ဆရာမလေးက စုန်းပညာတတ်တယ်လို့လဲ ပြောကြတယ်

ငါတော့မယုံပါဘူးအေ “ ဟုပြောဆိုနေကြသည်။ထိုမကောင်းဆိုးဝါးအမည်ရသောသတ္တဝါကြီးမှာ တစ်ပတ်ခြားတစ်ခါ နှစ်ပတ်ခြားတစ်ခါတွေ့နေရသောကြောင့်ရွာလေးမှာ တုန်လှုပ်ချောက် ချားနေကြရသည်။

သူတို့ထိုအကောင်ကြီးနောက်ကိုလိုက်တိုင်း ထိုအကောင်ကြီးသည် ဆရာမလေးတို့ အိမ်နားမှာ ပျောက်ဆုံးသွားလေသည်။

တစ်ည “ အမလေးကယ်ကြပါအုံးသရဲသရဲ” ဟူသောအသံနှင့် တစ်ရွာလုံး ဆူညံ ပွက်လောရိုက်သွားပါသည် ။ ထိုအခါကင်းသမားများက လိုက်ကြရင်း ခဲများဒုတ်များနှင့်ပစ်ပေါက်ကြလေသည်။

ထိုအကောင်ကြီးသည် ဆရာမလေး ခြံနားအရောက်ပျောက်ဆုံးသွားလေသည်။ ထိုအခါ”ဆရာမလေးထပါအုံး ထပါအုံး “ ဟုနှိုးကာ ဝင်ရောက်ရှာဖွေသော်လည်းမတွေ့ရှိကြပေ။

သို့သော်လည်း စိုက်ပျိုးထားသောအပင်ကြီးမှာ သွေးများပမာ အရည်များ ထွက်ကျနေသောဒဏ်ရာကြီးအား မည်သူမျှသတိမထားမိကြပေ။ထိုအခါတစ်ရွာလုံးကလည်း ဆရာမလေးစုန်းမဆိုတာ

ပိုယုံကြည်အောင် ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။ ဆရာမလေးကို စုန်းမဟု စွတ်စွဲပြီး အိမ်ရှေ့တွင် လာရောက်ဆဲဆိုကာ ရန်ရှာနေသော ရွာသားနှစ်ယောက်လုံး နောက်နေ့တွင် သစ်ပင်ေ ပါ်မှ လိမ့်ကျကာ ဇက်ကျိုး၍သေလေသည်။

ထိုအခါတစ်ရွာလုံးမှသေချာပေါက်အတွေးများပိုမိုခိုင်မာလာသည် ။ ဆရာမလေးတို့ လင်မယားသည် တစ်ညတွင် “ မိန်းမကိုယ်တို့အိမ်ပြောင်းရအောင်ကွာ ဒီရွာမှာဆက်နေရင် အန္တရာယ် များတယ်

မင်းဗိုက်ထဲကကလေးကိုလည်း ထည့်တွက်ရအုံးမယ်လေ” ဟု ဆရာလေး ကိုစောနိုင်ကပြောကာ ကဲကိုယ်တို့ နောက်ညဆို တိတ်တိတ်လေး ပြောင်းရွေ့ကြမယ်နော်ဟု စီစဉ်ထားခဲ့လေသည်။

လရောင်မထွက်တဲ့ထိုနေ့ညတွင် “ လိုက်ကြလိုက်ကြ” ဟူသောအသံများနှင့် “ ဟိုစုန်းမလင်မယား ငါတို့ရွာကိုဖျက်စီးပြီး အခုထွက်ပြေးတော့မယ် လိုက်ကြလိုက်ကြ” ဟူသောအသံများနှင့်ဆရာမလေးတို့

လင်မယားနောက်ကိုလိုက်ကြ လေသည်။ ဆရာမလေးကမိန်းမသားမို့ ကလေးလည်းလွယ်ထားရသောအခါ ခဏလေးနှင့်မိလေသည်။

“ ကျွန်မတို့စုန်းမ မဟုတ်ကြပါဘူးရှင် မသတ်ပါနဲ့ “ဟုတောင်းပန်သော်လည်း ခေတ်ပညာအမြင်မရှိသော ရွာသားများသည် ရက် ရက်စက်စက် သတ်ပစ်လိုက်ကြလေသည်။

တစ်ရွာလုံးနီးပါး ရွာအပြင်ရောက်နေသောအခါ အိမ်တွင်ကလေးများနှင့် အဖိုးအဖွားများသာကျန်ရစ်လေသည်။

ထိုအချိန်တွင် မဲမဲကောင်ကြီးသည် မှောင်ထဲမှနေ၍ ကလေးများအား ခြောက်လှန့်လေရာ ကလေးများလည်းကြောက် လန့်ပြီးပြေးမိပြေးရာေြ့ပးကြသောအခါ မီးခွက်များကိုခလုပ်တိုက်မိပြီး တစ်အိမ်လုံးမီးစွဲလောင်လေသည်။

ထိုအခါသက်ကယ်များ ဓနိများနှင့်မိုးထားသောအိမ်များကို ဆက်တိုက် စွဲလောင်လေသည် ထိုအခါ ရွာအပြင် ပြန်ရောက်နေသော ရွာသားများသည် ရွာထဲသို့အမှီပြန် လာကြသော်လည်း

မီးလောင်တိုက်သွင်းသကဲ့သို့ ကလေးများ အကုန်သေကြေကုန်ကြလေသည်။သို့သော်လည်း ဆရာမလေးတို့တစ်အိမ် သာ မိးမလောင်ဘဲကျန်ရစ်လေသည်။ ရွာသားများလည်းအရုးတစ်ပိုင်းဖြစ်ကြရှာသည်။

မနက်လင်းသောအခါ ရွာဦးကျော်င်းဆရာတောင်ကြွချီလာပြီး ဆရာမလေး တို့ အိမ်ဝင်းကိုလှည့်ကြည့်ပြီး သစ်ပင်ကြီးရှေ့ရောက်သောအခါ “ဒကာတို့ဒီသစ်ပင်ဟာ သစ်ဘီလူးပင်ဖြစ်တယ်

ဘီလူးစောင့်ပြီးညအချိန်ဆိုအပြင်ထွက်လေ့ရှိတယ် သူ့ကိုမွေးမြူစောင့်ရှောက်ထားတဲ့သခင်ကိုအမြဲစောင့်ရှောက်တယ် သူ့သခင်ကိုစိတ်ဆင်းရဲအောင်လုပ်ရင် သူက ကလက်စားချေတတ်တယ်ဒကာတို့ဟု”

မိန့်လေရာ တစ်ရွာလုံးလဲ အမှားကိုသိပြီး ဆရာမလေးတို့လင် မယား အား မြေမြှပ်ပေးကာ ထိုရွာလေးမှာရွာလုံးကျွတ်ပြောင်းရွေ့ခဲ့လေသည်။ သစ်ဘီလူးပင်ကြီးကတော့တစ်ထီးတည်းကျန်ရစ်ခဲ့လေတော့သည်။

Crd