မိခင်တိုင်းအတွက် သက်ကြီးလက်ဆင့်ကမ်း ဆေးနည်းတိုလေးများ

Knowledge
Spread the love

မိခင်တိုင်းအတွက် သက်ကြီးလက်ဆင့်ကမ်း ဆေးနည်းတိုလေးများ

သားသား မီးမီးများအတွက်(လက်တွေ့ တိုင်းရင်းဆေးနည်းများ)

ကလေးနှာစီး ။ ။ကွမ်းရွက်အပေါက်ဖေါက် မီးနည်းပြပြီး အုန်းဆီးလူးပြီး ခလေးငယ်ထိပ်ကပ်ပေးပါ ။မုန့်ညှင်းဆီကို

ခြေဖုဝါးမှာလူးပေးပါ မုန်ညှင်းဆီမရှိရင် ရေနံဆီလူးပေးပါ ။

နံသာဖြူသွေးပြီးနှာခေါင်းကြာင်းပေးငယ်ထိပ်လိမ်းပေး သက်သာပါတယ် ။

မှတ်ချက် -ကွမ်းရွက်ကိုရေစင်ကြယ်စွာဆေးပါ

ကလေးချောင်းဆိုး

ခရေပွင့်အစိုတကျပ်ရှစ်ပဲား။ရေသုံးမတ်သားနှင့်တညလုံးစိမ်၍မနက်မိုးလင်းလျှင်

ထိုစိမ်ရည်ကိုစစ်၍ကလေးအားတိုက်ပါဤနည်းဖြင့်ခုနှစ်ရက်ခန့်ဆက်၍တိုက်သော်ကလေးများချောင်းဆိုးပျောက်၏ ။

မက်ခရုနာ

ခရေခေါက်။ဆီးဖြူခေါက်ရှားခေါက်တို့ကိုပြုတ်၍နေ့အခါတွင်လေးငါးခါမျှငုံ၍ထွေးပစ်ခြင်းဖြင့်မက္ခရုနာ ပျောက်၏ ။

ကလေးချွဲကျပ်ဆေး

ရက်သား/လသားအရွယ် ကလေး ချွဲကြပ်ပါက ကွမ်းရွက် မျက်နှာပြင် အချောဘက်ကို ဆားအနည်းငယ် သုတ် လိမ်းပါ။ လေးညှင်းပွင့် တစ်ပွင့် ထည့်ပြီး မိခင်စားပါ နို့စို့ကလေး ချွဲကျသည်။

(တစ်နည်း)မြင်းခွါရွက် သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်း တိုက်ပါက သလိပ်ကျ၏။ သလိပ်နှင့် ပတ်သက်သမျှ ကောင်း၏။

(တစ်နည်း)ကျောပူ/ ခေါင်းပူဖြစ်ခြင်း (သို့) ချွဲထခြင်း အတွက် ကြိတ်မှန်ရွက်၊ ခွေးသေးပန်းတွင် ရှိန်းခို အနည်းငယ်

ထည့်ပြီး ကြိတ်။ ၎င်းအရည်ကို ငယ်ထိပ်မှနေ၍လိမ်းပေးလိုက်ပါ။ ။

ကျောက်/ဝက်သက်/ရေကျောက်/ပဲသီတာပေါက်ခြင်း/ညှော်နံ့ဝင်ခြင်း အထက်ပါ ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်၊ ရှိန်းခို အနည်းငယ် ထည့်ကြိတ်ပြီး အရည်အနှစ်ကို မိခင် နို့ရည် နှင့် ဖျော်ပြီး ကလေးကို အနည်းငယ်စီ တိုက်ပေးပါ။

(တစ်နည်း)(သို့) မိခင်နို့အုံကို သုတ်လိမ်း၍ ကလေးကို နို့တိုက်ပါ။ ပျောက်ကင်း၏။ တစ်ပတ်ခန့် ပြုလုပ်ပါ။

ကလေးတက်ခြင်း

ရက်/လသားအရွယ် ကလေးတက်သော် ကြက်သွန်နီ တစ်ဥအား အထက်အောက်ဖြတ်၍ ကလေးငယ်၏ ငယ်ထိပ်ပေါ် တင်။ မီးပြောင်းနှင့် မှုတ်ချလိုက်သလိုတစ်အား မှုတ်ချလိုက်ပါ။ အတက်ကျသွား ပါမည်။

(တစ်နည်း)ဗုဒ္ဓံ သရဏံပင် ရိုးနီ/ ရွက်နီ (ပင်ရိုင်း) အပွင့်နီ၏ ဥကို ကျောက်ပျဉ်မှာ သွေးပါ။ လူကြီး လက်ဖဝါး နှစ်ဘက်မှာ ပွတ်၍ ကလေး ဦးခေါင်းမှစပြီး အနံ့ရအောင် အုပ်ပေးပါ။ လိမ်းရန်မလို။ အတက် ချက်ခြင်း ကျမည်။

(တနည်း)ရှဥ့်မတက်ဥကို အိမ်သုံးဆား အနည်းငယ်နှင့် ကျောက်ပျဉ်မှာ ခပ်ပျစ်ပျစ်သွေးပြီး တက်နေသော ကလေးငယ်ကို ကော်ဖီဇွန်း တဇွန်းတိုက်ပေးပါ။

(၃) (၄)ကြိမ်တိုက်ပေးပါက ကလေးငယ် အတက်ရောဂါ တစ်သက်လုံးပျောက်ကင်းသွားမည်။

ကလေးငယ်အူကျ ( ဘောရောင် }ခရမ်းသီးအနေတော်တစ်လုံးကို လူကြီးမှကိုင်၍ အသက်အောင့်ပြီး ရ ချက် ကလေးငယ်

ရောင်နေသော ဘောကိုတို့ပြီး မီးဖိုအပေါ် ကြိုးဖြင့်ချီပြီးချိပ်ဆွဲထားပေးပါ ။

ခရမ်းသီးရှုံ့လျှင် ရောင်နေသော ဘောမှာ မိမွေးတိုင်းပြန်ကောင်းသွားပါမည်။

ကလေးထိတ်လန့်ခြင်း

ကလေးငယ်လေးများ ထိတ်လန့် တတ်ပါက ကျားရိုး အစစ်အား သွေး၍ လျှာ၌ ပွတ်ပေးပါက ထိတ်လန့်ခြင်း ဆီးချုပ်ခြင်းကင်းဝေးစေပါ၏

ကလေးငယ် ဆီးချုပ်သော် မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေး ကပ်ပေး ခဲ့သော် ကလေး ဆီးချုပ်ခြင်း ပျောက်ကင်းပါ၏။

သူငယ်နာကင်းရန်/ လေဆန်နာ

ဖီးကြမ်း ငှက်ပျောသီးကို အခွံပါ မီးဖုတ်၍ အသားကို ကျွေးပေးပါ။ (သို့) မိခင်က ကြိတ်မှန်ရွက်ကို ငါးကြင်းသား နှင့် ဟင်းချက်စားပေးပါ။ ။

ကလေးငယ်များ ဇက်စောင်း/ခေါင်းယိုင်ခြင်း

လသား/ နှစ်သားအရွယ် ကလေးများ ဇက်စောင်း/ခေါင်းယိုင်ခြင်း ဖြစ်ပါက အရှေ့တောင်ဘက်သို့ ထွက် သော ဇီးကိုင်းကို ခုတ်၍ အပင်အောက်၌ ထမင်းချက် ယောင်းမ ပုံစံတစ်ခု ခုတ်ပိုင်း ယူဆောင်ပါ။

ယာဘက်သို့ လည်ပင်းနှင့် ခေါင်းယိုင်ပါက ဘယ်ဘက် ပခုံးပေါ်သို့ ယောင်းမဖျားတင်ကာ နာရီဝက်ခန့် အသင့်အတင့်ဖိနှိပ်ပေးပါ။

ဘယ်ဘက်သို့ လည်ပင်း ခေါင်းယိုင်ပါက အထက်ပါ အတိုင်း ယာ ပခုံးပေါ်တင်၍ ပြုလုပ်ပေးပါ။နေ့လည် (၁၂) နာရီတိတိတွင် ဆောင်ရွက်ပေးပါက ပိုမို အကျိုး သက်ရောက်ပါသည်။

တစ်ပတ်ခန့် ပြုလုပ်ပေးပါ က ဇက်စောင်းခြင်း/ ခေါင်းယိုင်ခြင်း မဖြစ်တော့ပါ ။

ကလေးချွဲထပျောက် ဆေးနည်း

မြင်းခွာရွက်သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါ။ ချွဲ သလိပ်များ ကျဆင်းပါသည်။

(တစ်နည်း)ကြိတ်မှတ်ရွက်၊ ခွေးသေးပန်းရွက်တို့တွင် ရှိန်းခိုးအနည်းငယ်ထည့်၍ ကြိတ်ပြီးအရည်ကို ငယ်ထိမ်မှနေ၍ ရင်ဘတ်အထိ လူးပေးပါ။ ။

ကလေးဆီးရောဂါပျောက် ဆေးနည်း

ကြက်သွန်နီကို မီးဖုတ်၍ ခွဲပြီး ဆီဈးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါ။ ကလေး ဆီးချုပ်ပျောက်၏။

(တစ်နည်း)ကလေးဆီးအောင့်လျှင် ဒန့်ကျွဲပင်အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ ရင်ညွှန့်ကစပြီး ဆီးစပ်အထိ

လိမ်းပေးပါ။

(တစ်နည်း)လိပ်ကျောက်မြီးကို ရေနှင့်သွေး၍ ချက်အောက်မှ ဆီးစပ်အထိ လိမ်းပေးပါ

ကလေးထိပ်အုံဆေး

ပန်းညိုရွက်၊ လင်းလေးရွက်၊ ကွမ်းရွက်၊ ကုလားပင်စိမ်းရွက်၊ ပင့်ကူမြှေးထည့်၍ကြိတ်ပြီး နှမ်းဆီနှင့်ဖျော်၍

ထိပ်မှာအုံပေးပါ။ နှာစေး ချောင်းဆို ပျောက်ကင်း၏။

ကလေးနို့မျက်ပျောက် ဆေးနည်း

ဖီးကြမ်းငှက်ပျော်သီးအလုံးကို မီးဖုတ်၍ အခွံခွာပြီး အသားကို ကျွေးပါ၊ အားလည်းရှိစေသည်။

ကလေးသူငယ်နာကင်းရန် ဆေးနည်း ငှက်ပျောသီးကို မီးဖုတ်၍ မကြာခဏ ကျွေးပေးပါ။ ။

ကလေးသန်ကျ ဆေးနည်း ဆေးရွက်ကြီးကို ရေဆွတ်၍ ကလေးဗိုက်ပေါ်မှာ စည်းထားပေးပါ။

ကြက်ညှာချောင်းဆိုးပျောက် ဆေးနည်း

ကြက်သွန်ဖြူကို ထောင်းထု၍ နှမ်းဆီနှင့် သမအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။

ခြေဖဝါးကို ကြိတ်နယ်ထားသော အဖတ်များဖြင့် ကပ်ပြီး ပတ်တီးစည်းထားပေးလိုက်ပါ။

ကြက်ညှာ ဆေးနည်း

ဟင်းနုနယ်ပြာ၊ ထန်းနို့ပြာ၊ ၎င်းနှစ်မျိုးကို ဆီးကင်းခန့် တိုက်ကျွေးပါ။ ။

ကင်းကိုက် ကင်းဆိပ်နိုင် ဆေးနည်း

ကဆော့မြစ်ကိုဖြစ်စေ၊ ကြောင်ပန်းမြစ်ကိုဖြစ်စေ၊ သမန်းမြက်ကိုဖြစ်စေ၊ ပေါင်းမြက်ကိုဖြစ်စေ ရရာကို ညက်စွာဝါး၍ နား၌

သုတ်လိမ်းပေးပါ။ကင်းဆိပ်မျိုးနိုင်၏။ ကင်းကိုက်ပျောက်ကင်း၏။

(တစ်နည်း)သပြေရွက်ကိုကြိတ်၍ အရည်ကို ကင်းကိုက်ခံရသောနေရာတွင် လူးပေးပါ။ (တစ်နည်း)မန်ကျည်းစေ့ကို သွေး၍

လိမ်းပေးပါက ပျောက်၏။

(တစ်နည်း)မြင်းခွာရွက်သတ္တုရည်နှင့်ကင်းကိုက်သော နေရာအား လိမ်းပေးပါ။ (တစ်နည်း)ခွေးလှေးယားသီး

အစေ့ကို ကြီတ်၍ ကင်းကိုက်ခံရသော နေရာအား လိမ်းပေးပါ။ (တစ်နည်း)မန်ကျည်းရွက်ကို ကြိတ်၍ အုံပေးပါ။

(တစ်နည်း)ငဖြူကြီးမြစ်ကို သွေး၍ ကင်းကိုက်ခံရသောနေရာအား လိမ်းပေးပါ။(တစ်နည်း)တမာရွက်ကို ကြိတ်၍ အုံပေးပါ။

(တစ်နည်း)ကင်းမြီးကောက်ကိုက်ပါက တမာပွင့်ကို ရူပေးပါ။ (တစ်နည်း)ကြေးဖလားကို ကင်းကိုက်ခံရသူကြားအောင် တီးပေးပါ။ (တစ်နည်း)

ကျပ်တီးနာပျောက် ဆေးနည်း လည်ပင်းတွင် အဖုအစေ့ ကလေးများအဖြစ် ပေါက်သော ကျပ်တီးနာကို မြန်မာကုက္ကိုစေ့ ကြိတ်၍ လိမ်းပေးပါ။ ။ကြွက်နို့ပျောက် ဆေးနည်း ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။

ထိပ်ကို ထုံးအနည်းငယ်ဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာတဖြည်းဖြည်းချင်း ချင်းတက်ဖြင့် ပွတ်ပေးပါ။ ကြွက်နို့ ပါသွားပါလိမ့်မည်။ ။

ကိုယ်ရောင်ရောဂါပျောက် ဆေးနည်း ခံတက်ခေါက်၊ ဖျောက်ဆိတ်မြစ်၊ နနွင်းစိမ်း ၎င်းဆေးသုံးပါးကို အညီအမျှ သွေး၍

လိမ်းပေးပါ။ (တစ်နည်း)နန်းလုံးကြိုင်မြစ်၊ ငရံ့ပတူမြစ်၊ ဘုမ္မရာဇာမြစ်၊ ပဲစင်းငုံမြစ်၊ ၎င်းဆေးလေးပါးကို

တောအရက်ဖြင့် သွေးလိမ်းပေးပါ။

ကျောပူခေါင်းပူထ ဆေးနည်း ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက် ရှိန်းခိုအနည်းငယ်ထည့်၍ ကြိတ်၍ အရည်ကို

ငယ်ထိပ်မှနေ၍ အောက်သို့ လူးပေးပါ။ ကြက်မျက်သင့်ရောဂါပျောက် ဆေးနည်း ကြက်သွန်နီအရည်တွင်

ဆားအနည်းငယ်ထည့်၍ မျက်စဉ်းခတ်ပေးပါ။

(တစ်နည်း)တမာရွက် သတ္တုရည် နှစ်ကျပ်ခွဲသားကို နံနက်စောစော နေ့စဉ်သောက်ပေးပါ၊ ရက်မကြာခင်

ပျောက်ကင်းပါလိမ့်မည်။(တစ်နည်း) လေညှင်းကို ဆိန်ကျင်ငယ်ရည်ဖြင့် သွေး၍ မျက်စဉ်းခတ်ပေးပါ။

ကျင်ငယ်တစ်စက်တစ်စက်ကျရောဂါပျောက် ဆေးနည်း ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် သောက်ကျွဲအသားမာပျောက်ဆေး ထမင်းနှင့် ဆားကိုကြိတ်၍ မီးဖုန်ပြီး အုံထားပေးပါ။

(တစ်နည်း)ပြောင်းဖူးစေ့ကို ကြိတ်ပြီး အမူန့်လုပ်ပါ။ ၎င်းအမူန့်ကို ဆားအနည်းငယ်ထည့်၍ ဖျော်ပြီး လိမ်းပေးလိုက်ပါ။

ကျန်းမာကြပါစေသားသားမီးမီးများအားလုံး မေတ္တာများစွာဖြင့် —

Leave a Reply