ပိုက်ဆံချေးကြသူများ မှတ်သားရန်ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်း အထိပိုက်ဆံဟာ ပိုက်ဆံပါပဲ။ အချေးခံရတဲ့သူက ပြန်မတောင်းရင်တောင်ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူက
အလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်။ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော ၊ချေးပေးရာကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာ အားနာပြီး ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာလုံးလုံးလျားလျား
တာဝန်ရှိသူဟာ လာချေးသူပါပဲ။ ပိုက်ဆံချေးပြီတဲ့အခါ ပေါက်ကရလေးဆယ်တွေ ကိုလျှောက်မပြောပါနဲ့။ချေးထားမယ့်ကာလကျော်ပြီးပြန်ဆပ်မယ့်အချိန်နဲ့ပြန်ဆပ်ရမယ့်အချိန်ကြရင်လူလိုသိတတ် ပါအရေးကြီးဆုံးအချက်က
သေချာပြန်ဆပ်ရပါမယ်။ကိုယ်ကတိပေးထား တဲ့အချိန်မှာ သေချာပေါက်ကို ပြန်ဆပ်ရပါမယ်။အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင် ကိုယ်ကဦးအောင် ဆက်သွယ်ပြီးရှင်းပြရပါမယ်။ ပြန်ဆပ်မယ့်အချိန်ကို
ထပ်ပြောရပါမယ်။ ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင် လုပ်တာဟာပိုက်ဆံချေးပေး မိတဲ့သူရဲ့ နောင်တတရားနဲ့ ဒေါသစိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။
ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ်ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်း မေ့မနေပါနဲ့။ ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊ မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာ
အင်မတန်မှကို လူပါးဝရာကျပါတယ်။အဆိုးဆုံးက ကိုယ်မှာပိုက်ဆံရှိ လည်းမရှိသေးလို့ အဆင်မပြေလို့ ဆိုပြီးကိုယ့်တွက်ပဲကြည့် တက်သူကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီးရင့်ရင့်သီးသီးဆက်ဆံ
တာနဲ့မျက်ရည်ခံ ထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာ မျိုးသူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့။ ကိုယ်ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီး ဆပ်နိုင်လေ ကောင်းလေပါပဲ။
မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။သူမေးလာ တဲ့အထိ စောင့်မနေပါနဲ့။တခါတေလ သူတို့က မေမ့ပါဘူး။ ကိုယ့်မြင်ကတည်းက သူတို့ပိုက်ဆံကို တန်းသတိရပါတယ်။ သူတို့မှာလည်းသူတို့အခက်ခဲ အဖြစ်ခံပြီးကူညီထားတယ်
ဆိုမမေ့ပါနဲ့အားနာလို့သာ မေ့ချင်ယောင်ဆောင်နေကြ တာပါ။ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြ တဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့ ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့စိတ်ကို ချနင်းတာပါပဲ။ တော်တော်ယုတ် ညံ့တဲ့စိတ်ပါ။
တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့ သူဆိုတာအိမ်ဦး ခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစာစား မရှိပါဘူး။ကိုယ့်ကိုတကယ်ခင်လို့၊ စာနာလို့၊အားနာလို့၊ ချစ်လို့ သူ့ရဲ့ရှိစုမဲ့စုလေး
ထုတ်ပြီး ချေးပေးတာဖြစ် ပါတယ်။ကတိတည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲရပါမယ်။ကတိာ တည်လိုက်ရင် နောင်လည်း လိုတဲ့အခါ ရနိုင်ပါမယ်။မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသော
မိတ်ဆွေတစ်ယောက်ကို ကိုယ်တိုင်ဖျက်ဆီး လိုက်သလိုဖြစ်သွားပါလိမ့်မယ်။ အရမ်းနှမြော ဖို့ကောင်းပါတယ် ။ဒါကြောင့် ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ…။