မိန်းကလေးတိုင်းထားရှိသင့်တဲ့ မိန်းမသားမာန

Knowledge Lifestyle
Spread the love

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ရဲ့မျက်နှာရိပ်,မျက်နှာကဲကိုကြည့်နေရတဲ့ ရိုးအအမိန်းမတစ်ယောက်ရဲ့ဘဝမျိုးအဖြစ်မခံပါနဲ့။

ယောက်ျားတစ်ယောက်ကို မှီခိုကပ်ရပ်နေရမယ့် နုံချာချာမိန်းမတစ်ယောက်ရဲ့ အဖြစ်မျိုးလည်းအရောက်မခံပါနဲ့။

ယောက်ျားတစ်ယောက်က ပေးကမ်းထောက်ပံ့မှသုံးစွဲရမယ့် အူတူတူမိန်းမတစ်ယောက်ရဲ့အနေအထားမျိုးကိုလည်း မကျရောက်ပါစေနဲ့။

ပြည့်စုံချမ်းသာပြီးငွေရှာနိုင်တဲ့ ယောက်ျားတစ်ယောက်ကို အတွတ်အချက်ကောင်းကောင်းနဲ့ ရွေးချယ်လိုက်တဲ့ မိန်းမတစ်ယောက်ရဲ့ဘဝတစ်လျောက်လုံး စိတ်ချမ်းသာပျော်ရွှင်မူရမယ်လို့ ထင်ပါသလား….?


မိန်းမဆိုတာကိုယ့်မာနနဲ့ကိုယ် ရပ်တည်ရှင်သန်နေနိုင်ရပါမယ်။တစ်နေ့ဘယ်သူဘယ်ဝါရဲ့ဇနီးပါလို့ ထုတ်ပြောရတာထက် ” ကျွန်မ”ဘယ်သူပါလို့ရင်ကော့ခေါင်းမော့ပြီး ထုတ်ဖော်ပြောနိုင်တာကကိုယ့်အတွတ် ပိုလို့ဂုဏ်ယူစရာကောင်းပါတယ်။