ဆံပင်ရှည်နဲ့ မိန်းကလေးတစ်ယောက်က ကျက်သရေရှိလှပါတယ်။ ပျမ်းမျှအားဖြင့် သင့်ဆံပင်က တစ်လကို လက်မဝက် ရှည်ပါတယ်။
ဒါကြောင့်ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်းသုံးမျိုးတည်းနဲ့ သာမန်ရှည်နှုန်းထက် ၄ ၅ ဆမြန်သွားစေမယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
၁။ ကြက်ဆူဆီ
ကြက်ဆူဆီက ဆံပင်ပြန်ပေါက်စေပြီး ဆံပင်ကျွတ်တာကို သက်သာစေတဲ့ ဆီတစ်မျိုးပါ။
ဦးရေပြားပိုးမွှားဝင်ရောက်ခြင်းကို တားဆီးပေးနိုင်တဲ့ ဂုဏ်သတ္တိပိုင်ဆိုင်ပါတယ်။
ကြက်ဆူဆီမှာ ဆံပင်ကို ချော့မွေ့ကာ ပိုသန်မာစေတဲ့ ကီရာတင်ဓာတ်ကို တိုးပွားစေတဲ့
အက်တီအောက်ဆီးဒင့်ကြွယ်ဝပါတယ်။ ဆံသားကောင်းမွန်စေတဲ့ ပရိုတင်းဓာတ်အများအပြားပါဝင်ပါတယ်။
၂။ ကြက်ဥအနှစ်
ကြက်ဥအနှစ်မှာ ဆံပင်ပျက်စီးမှုကို ကာကွယ်ပေးပြီး ဆံပင်အရှည်မြန်စေတဲ့ ဓာတ်တွေပါဝင်ပါတယ်။
ဒါတွေကတော့ ဗီတာမင် အေ၊ အီး၊ ဘိုင်အိုတင်နဲ့ ဖောလိတ်တို့ပဲဖြစ်ပါတယ်။
ကြက်ဥအနှစ်က ဆံသားကို အစိုဓာတ်ပေးပါတယ်။ သင့်ဦးရေပြားကို ကြက်ဥအနှစ်သုံးပေးခြင်းက
ဗီတာမင်ဓာတ်တွေ ရရှိစေပါတယ်။ ဆံပင်ကျွတ်တာ ဆံပင်ကျိုးတာတွေ နည်းပါးစေပါတယ်။ ဆံပင်အရှည်မြန်စေပါတယ်။
၃။ ပျားရည်
ပျားရည်က ဆံသားကို အစိုဓာတ်ပေးပြီး ပျော့ပျောင်းစေပါတယ်။ ဆံပင်အရှည်နှေးခြင်းရဲ့ တရားခံဖြစ်တဲ့
ဆံပင်ကျိုးတာကိုလည်း ကာကွယ်ပေးပါတယ်။ ဗောက်ပျောက်စေပါတယ်။
ပြုလုပ်ပုံ
၁။ ကြက်ဥအနှစ် ၁ လုံး
၂။ ကြက်ဆူဆီ လဘရည်ဇွန်း ၁ ဇွန်း
၃။ ပျားရည် လဘရည်ဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခွက်ထဲမှာ ထည့်ပြီး သေချာမွှေပေးပါ။
သင့်ရဲ့ ဦးရေပြားနဲ့ ဆံပင်အရင်းကို ဒီအရောလိမ်းပေးပါ။ ပိုတဲ့အရည်ကို မလိမ်းရသေးတဲ့ ဆံပင်နေရာကို လိမ်းပေးပါ။
သင့်ဆံပင်ကို Shower Cap နဲ့ အုပ်လိုက်ပါ။
၂ နာရီကနေ ၄ နာရီထားပေးပါ။
ပြီးတာနဲ့ ပုံမှန်အတိုင်း ခေါင်းလျှော်နိုင်ပါပြီ။
ဒီနည်းလမ်းကို တစ်ပတ်မှာ တစ်ကြိမ်ကနေ နှစ်ကြိမ်ပြုလုပ်ပေးပါ။ ရှည်လျားတဲ့ ဆံကေသာရလဒ်ကို ၂ လအတွင်း သင်တွေ့ရမှာပါ။