၁။ သစ္စာမရှိတဲ့ သူမျိုး
သစ္စာမရှိတဲ့ ယောင်္ကျားမျိုးကို လက်မထပ်မိအောင် ဂရုစိုက်ပါ။ သစ္စာမရှိတဲ့ ယောင်္ကျားမျိုးက သင့်ဘဝကို ဖျက်ဆီးပြစ်နိုင်သလို သင့်ကိုလည်း တစ်သက်လုံး စိတ်းဒုက္ခရောက်စေပါလိမ့်မယ်။
၂။ ဟန်ဆောင်ကောင်းတဲ့ ယောင်္ကျား
တစ်စုံတစ်ခုကို ဖုံးကွယ်တတ်ပြီး ဟန်ဆောင်ကောင်းလွန်းတဲ့ ယောင်္ကျားမျိုးတွေကို သတိထားပါ။ သင့် မသိအောင် အမှားတွေ လုပ်ထားပြီး ဟန်ဆောင်ကောင်းစွာ သင့် အနားမှာ ရှိနေပါလိမ့်မယ်။
၃။ အရက်သေစာနဲ့ မူးယစ်တွေကို စွဲလန်းနေသူ
အရက်သေစာနဲ့ မူးယစ်တွေကို နှစ်နှစ်ခြိုက်ခြိုက် စွဲလန်းနေတဲ့ ယောင်္ကျားမျိုးကို ဝေးဝေးကနေ ရှောင်ပါ။ သူတို့ဟာ သင့် ထက်ပိုပြီး ထိုအရာတွေကို နှစ်သက်တဲ့ အတွက် စိတ်ဆင်းရဲ ရနိုင်ပါတယ်။
၄။ နှိပ့်စက်တတ်တဲ့ သူမျိုး
အားငယ်တဲ့ မိန်းကလေးတွေ အပေါ် နှိမ့်စက်တတ်တဲ့ အကျင့်စရိုက်ရှိတဲ့ ယောင်္ကျားမျိုးကိုတော့ လက်မထပ်မိအောင် ဂရုစိုက်ပါ။ တစ်ဘဝလုံး အနှိပ်စက်ခံ ဖြစ်ရပါလိမ့်မယ်။