မိဖုရားတစ်ဦးကဲ့သို့ အဆင့်အတန်းနှင့်နေရမည့် လက္ခဏာ

Knowledge Lifestyle
Spread the love

မိဖုရား တစ်ဦးကဲ့သို့ အဆင့် အတန်း နှင့်နေရမည့် လက္ခဏာ

မိဖုရားတစ်ဦးကဲ့သို့ အဆင့်အတန်းနှင့်နေရမည့် အမျိုးသမီး လက္ခဏာအလွန်တွေ့ရခဲသောအိမ်ထောင်ရေးလမ်းကြောင်းတစ်ခုဖြစ်သည်။

ကျွန်ုပ်၏ လက္ခဏာဟောပြောမှု သက်တမ်းတစ်လျှောက်မှာတော့ တစ်ကြိမ်တစ်ခါမျှမတွေ့ဖူးခဲ့ရပေ။

တွေ့ခဲ့ရသောအမှတ်အသားများကား ဆုံးဖြတ်ရ ခက်ခဲသော၊ ပုံသဏ္ဍာန်အားဖြင့်ရှုပ်ထွေးသောပုံစံများနှင့်သာကြုံတွေ့ခဲ့ရသည်။

ဆရာကြီးစံတင်အောင်(ရွှေဘို)ကလည်းဤကဲ့သို့သောလက္ခဏာရှင်ကို တွေ့ခဲ့ဘူးသည်ဟု သူ၏ လက္ခဏာသင်တန်းမူ နှင့် ကိုယ်တွေ့ကျွမ်းများတွင် ဖော်ပြသည်ကို မဖတ်ခဲ့ဘူးပါ။

” ဆရာကြီးမင်းသိင်္ခ ” က ထိုလမ်းကြောင်းကို “ကျေးတောသူမှ မိဖုရားခေါင်ကြီးသို့”ဟု သူ၏ (၉)နှစ်ဟော စာတမ်းစာအုပ်ငယ်တွင်၁၆-ရာစုလက်ဝါးပြင်ပုံစံနှင့်အတူဖော်ပြထားသည်ကို ဖတ်ရှုရခဲ့သည်။

ဆရာကြီးကိုင်ရို၏ကိုယ်တွေ့လက္ခဏာကျမ်းတစ်နေရာ၌ ဤသို့ဖော်ပြထား သည်ကိုတွေ့ရသည်။တစ်နေ့သ၌ ကျွန်ုပ်သည် ဝါရှင်တန်မြို့၌ ဟောပြောစဉ်

သားအမိနှစ်ဦးတို့ ကျွန်ုပ်ထံလက္ခဏာလာရောက် ကြည့်ရှုကြသည်။ မိခင်ဖြစ်သူက သူမ၏သမီးကို လက္ခဏာဖတ်ပေးရန် ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။

ကျွန်ုပ်သည် Miss Lester ၏ လက်ဝါးပြင်အား သေချာစွာကြည့်ရှုစစ်ဆေးကာ သူမ၏ မိခင်ကြီးရှေ့တွင် ပင် ” သင်ဟာ သင်နှင့်မျိုးရိုးမတူသော လူမျိုးကွဲနှင့်လက်ထပ်ရမယ်။

အိမ် ထောင်ရှင်ဘဝရောက်ရှိပြီး ပင်လယ်ရပ်ခြားတိုင်းပြည် တစ်ခုမှာမိဖုရားတစ်ဦးရဲ့ အဆင့်အတန်းနဲ့ တူညီသောဘဝမျိုးနဲ့ နေရလိမ့်မယ် ” လို့ဟောခဲ့သည်။

ဒီလိုတစ်ထစ်ချဟောရခြင်းကတော့ Miss Lester ရဲ့ အိမ်ထောင်ရေးလမ်းကြောင်းမှ လမ်းခွဲတစ်ခုက အောင် မြင်ရေးလမ်းကြောင်းကို ထိတွေ့ရပ်တည်နေလို့ပါဘဲ။

Miss Lester ဟာ ပစ္စည်း ဥစ္စာချမ်းသာကြွယ်ဝသော လူမျိုးခြား လောကဇွန်းနဲ့လက်ထပ်ပြီးနှစ်အနည်း ငယ်အကြာမှာ လောကဇွန်းဟာအိန္ဒိယနိုင်ငံရဲ့ဘုရင်ခံချုပ်ဖြစ်လာပြီး

သူမသည်လည်း ဘုရင်ခံချုပ်ရဲ့မိဖုရားဖြစ်ခဲ့သည်။ဆရာကြီးကိုင်ရိုဟာ Miss Lester ရဲ့အိမ်ထောင်ရေးလမ်းကြောင်းကလမ်းခွဲတစ်ခုကအောင်မြင်ရေး လမ်းကြောင်းကို ထိသောကြောင့်

လူမျိုးကွဲနဲ့ညားပြီး မိဖုရားအဆင့်အတန်းနဲ့ နေရမယ်လို့ဟောခဲ့ပါတယ်။ဒါဟာအိမ်ထောင် ရေးလမ်းကြောင်း အဖျားနှစ်ခုကွဲထွက်ပြီး ခက်ရင်းသဏ္ဍန်ဟာလူမျိုးကွဲဘာသာခြားနဲ့

အိမ်ထောင် ကျတတ်ကြောင်း သက်သေခံနေပါတယ်။ထို့ကြောင့်ကျွန်ုပ်၏ “လက္ခဏာဆရာဖြစ်သင်ကျမ်း “တွင်အိမ်ထောင်ရေးလမ်းကြောင်းအဖျား၌

ခရင်းခွသဏ္ဍာန်အမှတ်သားကိုတွေ့ရမည်ဆိုလျှင်၊ လက္ခဏာရှင်သည် လူမျိုးကွဲဘာသာခြားနှင့်လက်ထပ်ရမည်၊(သို့ တည်းမဟုတ်) မိမိနှင့်အယူအဆ မတူသူတစ်ဦးနှင့် လက်ထပ်ရလိမ့်မည်ဟု

ဆရာကြီးကိုင်ရို၏ အဟောကျမ်းကိုကိုးကားပြီး ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။ပုံမှာပြထားသောလက္ခဏာပုံစံကတော့အိမ်ထောင်ရေးလမ်းကြောင်းတစ်ခုက

အောင်မြင်ရေးလမ်း ကြောင်းကို ထိထားတဲ့ပုံစံဖော်ပြထားပါတယ်။ပြထားတဲ့ပုံမှာကတော့ အိမ်ထောင်ရေးလမ်းကြောင်းမှာ ခရင်းခွသဏ္ဍာန်အမှတ်အသားမပါဘဲပြထားပါတယ်။

ဒါကြောင့်အနှီပုံစံကတော့ ချမ်းသာကြွယ်ဝတဲ့သူနဲ့အိမ်ထောင်ကျပြီး၊ မိဖုရားတစ်ဦးရဲ့ အဆင့်အတန်းနဲ့နေရမယ်လို့ အဓိပ္ပါယ်ရစေပါတယ်။နန်းမတော်မယ်နုကသာမာန်ကျေးတောသူမှ

ဘုရင်မိဖုရားခေါင်ကြီးဖြစ်လာရတာဟာ ဒီလိုပုံစံဖြစ်နိုင်တယ်လို့ဆရာကြီးမင်းသိင်္ခင်္က ယူဆထားပုံပေါ်ပါတယ်။

ယနေ့မှာတော့ဒီလိုပုံစံမျိုးတွေ့ရဖို့ ခက်ခဲပါတယ်။တွေ့ရရင်တော့ထိုလက်ပိုင်ရှင်မိန်းကလေးဟာမြန်မာပြည်အတွက်တော့

Leave a Reply