“မိဘကို ဆဲဆိုအော်ဟစ်သူများ လက်ရှိဘဝမှာတင် ခံစားရနိုင်တဲ့ ပြစ်ဒဏ် (၁၀) ပါး”

Knowledge
Spread the love

ကိုယ်က မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေမိဘတွေကို ဒေါသတကြီး အော်ကြီးဟစ်ကျယ်ပြန်လာပြောဆိုရင်လက်ရှိ ပစ္စုန်ပ္ပန်ဘဝမှာ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါးသင့်တတ်တယ် ။

ဒဏ်ဆယ်ပါးက ဘာတွေလဲ?

၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း

၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း

၃။ အနာရောဂါဖြစ်ခြင်း

၄။ ရူးသွပ်ခြင်း

၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း

၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း

၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း

၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း

၉။ နေအိမ်စသည့် မီးလောင်ခြင်း

၁၀။ ငရဲကျရောက်ခြင်း

ဒါကြောင့် ကိုယ်က မှန်နေတယ်ဆိုရင်တောင်မှ မိဘတွေကို ဒေါသတကြီး အော်ဟစ်ကြီးကျယ် ပြန်လှန်မပြောဆိုသင့်ဘူးပေါ့ ။ အကျိုးသင့် အကြောင်းသင့်နားဝင်အောင်အေးအေးဆေးဆေးသာ ပြောရတယ် ။ အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ လက်မခံရင်လည်း သူတို့ကွယ်ရာကနေ ရှောင်ထွက်သွားလိုက်ပါ ။ မိဘတွေ စိတ်ဆိုးပြေလောက်မှ ဖြေးဖြေးခြင်း သူတို့ကို ပြန်ရှင်းပြလိုက်ပါ ။

အကယ်၍ မိဘများကို လွန်လွန်ကျူးကျူး ပြန်ပြောမိပြီဆိုရင် ဘုရားကျောင်းဆောင်ရှေ့သွားပြီး ဝန်ချကန်တော့တောင်းပန်ပါ ။ မိဘကို ဖွင့်ပြောပြီး ဝန်ချကန်တော့နိုင်ရင်တော့ ပိုကောင်းတာပေါ့နော် ။သားလိမ္မာ သမီးလိမ္မာများ ဖြစ်နိုင်ကြပါစေခင်ဗျား….