မိဘတွေရှိသေးတယ်ဆိုရင်ဒီစာလေးကိုဖတ်ပေးပါ

Knowledge
Spread the love

အသက် ကြီးလာတဲ့ အခါခန္ဓာကိုယ်ထဲက သွေးဟာနည်းပါး လာတတ်ပါတယ်။အဲဒီအခါမှာရိုးတွင်းချဉ်ဆီထဲက သွေးနဲ့အစားထိုးပြီးလည်ပတ်ကြရတယ်။

အဲဒီလို ဖြစ်ပြီဆိုရင်စိတ်တွေဟာ ငယ်မူ ပြန်သွားပြီ။အဲဒါကိုသူငယ်ပြန်တယ်လို့ ခေါ်ပါတယ်။ကိုယ်တွေလည်းရှောင်လွှဲလို့ မရပါဘူး။ဘယ်သူမှလည်းရှောင်လွှဲလို့ မရပါဘူး။

အဲဒါ အသက်ကြီးတဲ့ သူတိုင်းဖြစ်တတ်တဲ့ သဘာဝပါ။ကိုယ့်မိဘတွေလည်းအဲဒီလို ဖြစ်လာပြီ ဆိုရင်စိတ်ဆိုးလွယ်တာ၊စိတ်ကောက်လွယ်တာ၊နေရာတကာ ဝင်ပါတာ မျိုးတွေဖြစ်တတ်ပါတယ်။

အဲဒီလို အခါမှာအိမ်ထောင်ရှိတဲ့ ယောက်ျားတွေဆိုရင်မိန်းမတွေရဲ့သာသာထိုးထိုး ပြောဆိုမှုကြောင့်မိဘတွေအပေါ်မှာအမြင် စောင်းတတ်ပါတယ်။တစ်ချို့ သား၊ သမီးကလည်း”မိဘက မိဘပဲ၊မှားရင်တော့ ပြောရမှာပဲ… “ဆိုတာ မျိုးတွေကို လုပ်တတ်ကြတယ်။

တကယ်တော့သဘာဝတရားကြောင့် ဖြစ်လာတာဖြစ်တဲ့အတွက်လင်မယား နှစ်ဦးလုံးဟာနှစ်ဘက် မိဘတွေ အပေါ်မှာအပြည့်အဝ နားလည်ပေးသင့်ပါတယ်။

မိဘတွေ အဲဒီလို ဖြစ်လာရင်နားလည် မပေးနိုင်တဲ့သား၊ သမီး မျိုးက များပါတယ်။”လူကြီး၊ လူကြီးလို မနေဘူး၊နေရာတကာ ပါတယ် “အစ ရှိသဖြင့်ပြန်ပြီး တုန့်ပြန်ပြောဆိုတတ်ကြပါတယ်။မလုပ်စေချင်ပါဘူး။

ကိုယ်ငယ်ငယ်ကခဏ၊ ခဏ မှားခဲ့တဲ့ အခါမှာ..စိတ်ရှည်၊ လက်ရှည်နဲ့အမှား ပြုပြင်၊သွန်သင်ပေးခဲ့တဲ့မိဘတွေရဲ့ ကျေးဇူးတရားတွေကိုပြန်လည် သတိရပြီးကိုယ်ပြင်ပေးရမယ့် အလှည့်မှာတာဝန် မပျက်ကွက်သင့်ပါဘူး။

အသက်ကြီးလို့အရာရာ မျှော်လင့်ချက် မဲ့နေတဲ့မိဘတွေအတွက်အတတ်နိုင်ဆုံးသူတို့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးပြီး..

မိဘတွေ စိတ်ချမ်းသာအောင်ထားနိုင်တဲ့သားကောင်း၊ သမီးကောင်းလေးတွေဖြစ်နိုင်ကြပါစေ။