မီးပူဖင်မှာ ကပ်နေတဲ့ဂျီး(ချေး)တွေကို ဒီနည်းလေးနဲ့ အလွယ်တကူဖယ်ရှားလိုက်ပါ

Knowledge
Spread the love

မီးပူဖင်မှာ ကပ်နေတဲ့ဂျီး(ချေး)တွေကို ဒီနည်းလေးနဲ့ အလွယ်တကူဖယ်ရှားလိုက်ပါ

မီးပူဖင်မှာ ဂျီးတွေတက်နေလား မပူပါနဲ့။ ပါရာစီတမော့ (၂) ပြား ရှိရင် လွယ်ကူပါတယ်ဗျ

လက်တွေ့ လုပ်ကြည့်လိုက်ပါနော်။ ဂျီးတွေပေနေတဲ့ အပေါ် မှာ ဆေးပြားလေး တင်ထား၊

မီးပူကို အပူနည်းနည်းပဲထား၊ ခဏနေ အ ရည်ပျော်ကျကုန်ပြီး၊ တစ်ရှူးအကြမ်းလေးနဲ့ ပွတ်လိုက်ရင်

မီးပူမှာ ကပ်နေတဲ့ ဂျီးတွေ အကုန်ပြောင်ကုန်တာပါပဲ။အိမ်မှာ လက်တွေ့ စမ်းကြည့်နော်။ ကဲ မလွယ်ဘူးလား

ဒယ်အိုးအောက်ခြေမှာ တက်နေတဲ့အိုးမဲတွေ ပြောင်ပြီး အသစ်လိုဖြစ်သွားစေမယ့်နည်းလိုအပ်တဲ့ပစ္စည်းကတော့

ပျော့နေတဲ့ ခရမ်းချဉ်သီး သို့မဟုတ် ပုတ်ခါနီးခရမ်းချဉ်သီး(ဈေးထဲမှာ ဆိုရင်အလကားတောင် တောင်းယူလို့ ရပါတယ်)

ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီး ၃-၄လုံးလောက်ကို ပါးပါးလှီးကာ

အဝကျယ် ဒယ်အိုးထဲထည့် ရေသင့်ရုံထည့်ပြီး ဆူပွက်လာတဲ့အထိ ကျိုလိုက်ပါ…။

အိုးမဲချွတ်လိုတဲ့ အိုးတွေခွက်တွေကို အဲဒီထဲ ထည့်ပြုတ်လိုက်ပါ။၃မိနစ်ကနေ ၅မိနစ်ရှိပြီဆိုရင်

ခါတိုင်းသုံးနေတဲ့ ဆပ်ပြာဆီနဲ့ ဖော့ကိုအသုံးပြုကာ ပွတ်ချလိုက်ပါ…။

ဒယ်အိုးအောက်ခြေတွေ အသစ်လို ပြောင်လက်သွားမှာပဲဖြစ်ပါတယ်။

အရမ်းလည်းလွယ်ပြီး ကုန်ကျစရိတ်နည်းပါးတဲ့ နည်းပါ။မယုံရင် အခုဘဲ သင် စမ်းကြည့်လိုက်စမ်းပါ။

သင်စိတ်ချမ်းသာစေမယ်လို့ ရဲရဲကြီး အာမခံပါတယ်…။