မီးအပူ၊ဆီအပူလောင်တတ်တဲ့ အိမ်ရှင်မတွေအတွက် အမာရွတ် မကျန်စေတဲ့နည်းလမ်းကောင်းများ

Knowledge Lifestyle
Spread the love

မီးအပူ၊ဆီအပူလောင်တတ်တဲ့ အိမ်ရှင်မတွေအတွက် အမာရွတ် မကျန်စေတဲ့နည်းလမ်းကောင်းများ

မီးအပူ၊ဆီအပူလောင်တတ်တဲ့အိမ်ရှင်မတွေအတွက်အမာရွတ်မကျန်စေတဲ့နည်းများ( ၁ )ကြက်ဥပြုတ်ပီး အကာကိုဖယ်ပါ။

အနှစ်ကိုဒယ်အိုးသန့်သန့်နဲ့မီးအပူပေးလှော်ပါ။အရည်ပျော်အောင်ထိပေါ့အရည်ပျော်လာရင်ဆီလိုဖြစ်လာပါလိမ့်မည်

၄င်းကိုအနာမှာလိမ်းပေးကြပါ။ကျနော်လက်တွေ့သုံးခဲ့ဘူးတာမီးလောင်ဒဏ်ရာတောင်ပျောက်တယ်။

အမာရွက်လို့တောင်မရှိဘူးနဂိုအသားတိုင်းပြန်ဖြစ်ပါတယ်။ကူညီနိုင်တာဆိုလို့ဘာမှမရှိလို့ဆေးမီးတိုလေးရေးပို့ပေးရတာပါ။

မြန်မြန်နေပြန်ကောင်းကြပါစေ။ကျေးဇူးတင်ပါတယ်(၂ )ကြက်သား၏ အဆီကိုကြော်ထားသောဆီကို

အပူလောင်အနာများကိုလိမ်းပေးလျင်လည်းသက်သာပျောက်ကင်းပြီးအနာအမာရွတ်မကျန်ပါ။

တကယ်ကောင်းသောလက်တွေ့ဆေးနည်းပါ။(၃)ဆီပူလောင်။အပူလောင်အမာရွတ်ဟောင်းများအား

ကွမ်းသီးခြောက်ကိုသွေးလူးပေးပါ။အမာရွတ်ပျောက်ကင်းပါသည်စိတ်ရှည်ရှည်နဲ့လူးပါ။ခံရခက်သောအပူလောင်ဒဏ်ရာတွေကို

သက်သာပျောက်ကင်းစေမယ့်နည်းလမ်း၅ခုအပူလောင်လမ်း၅ခု အပူလောင်ခြင်းဟာအဖြစ်များတဲ့မတော်တဆမှုတခုဖြစ်ပြီး

ကြီးကြီးမားမားအပူလောင်တာမျိုးမဟုတ်ဘူးဆိုရင်အိမ်မှာအလွယ်တကူရှိတဲ့သဘာဝပစ္စည်းတွေနဲ့တင်သက်သာပျောက်ကင်းအောင်ကုသပေးနိုင်ပါတယ်။

ဒါကြောင့်မိို့လို့အပူလောင်ဒဏ်ရာတွေကိုသက်သာပျောက်ကင်းစေမယ့်အိမ်တွင်းသဘာဝကုထုံးနည်းလမ်းတွေကိုမျှဝေပေးလိုက်ပါတယ်။

(၁)ဆီပူလောင်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ပူနေတဲ့အရာဝတ္ထုတခုခုနဲ့ကပ်မိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊အပူလောင်သွားတဲ့အရေပြားနေရာပေါ်ကို

ရေခဲရေနဲ့လောင်းပေးပြီးအိမ်မှာအလွယ်တကူရှိတဲ့ သွားတိုက်ဆေးအနည်းငယ်ကိုပွတ်လိမ်းပေးထားခြင်းအားဖြင့်

အပူလောင်ခြင်းကြောင့်အရည်ကြည်ဖုထခြင်းကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂)ပျားရည်ဟာအသေးစားအပူလောင်ဒဏ်ရာတွေအတွက်အသင့်တော်ဆုံးသဘာဝပစ္စည်းတမျိုးဖြစ်ပါတယ်။အပူလောင်ထားတဲ့အရေပြားပေါ်ကို

ပျားရည်အနည်းငယ် သုတ်လိမ်းပေးခြင်းအားဖြင့်အပူလောင်ခြင်းကြောင့်ခံစားရတဲ့စပ်ဖျင်းဖျင်းဝေဒနာတွေကိုသက်သာစေတဲ့အပြင်ကူးစက်ပိုးတွေ

ဝင်ရောက်ခြင်းကနေလည်းကာကွယ်ပေးနိုင်ပါတယ်။(၃)အုန်းဆီမှာဗီတာမင်အီးနဲ့ FattyAcidတို့ပါဝင်တာကြောင့်အပူလောင်ခြင်းကိုသက်သာစေနိုင်ပြီး

သံပုရာရည်နဲ့အုန်းဆီတို့ကိုရောစပ်ပြီးအပူလောင်ဒဏ်ရာပေါ် လိမ်းပေးခြင်းအားဖြင့်အပူလောင်ဒဏ်ရာကြောင့်ကျန်ခဲ့တဲ့အမာရွတ်ကိုပျောက်ကင်းစေနိုင်ပါတယ်။

(၄) နွားနို့မှာ ပရိုတင်းဓာတ်နဲ့ အဆီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အပူလောင်သွားတဲ့ အရေပြားကိုအနာကျက်မြန်စေမှာဖြစ်ပါတယ်။

အပူလောင်ထားတဲ့အရေပြားပေါကိုနွားနို့နဲ့သေချာစွာဆေးကြောသန့်စင်ပေးရုံနဲ့အရေပြားကိုအေးမြစေပြီးရေဓာတ်ပြည့်နေစေမှာဖြစ်ပါတယ်။

(၅)ရှာလကာရည်မှာပါဝင်AsceticAcidဟာအပူလောင်ခြင်းကြောင့်ရောင်ရမ်းခြင်း၊နာကျင်ခြင်းနဲ့အရည်ကြည်ဖုထခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။

အပူလောင်ထားတဲ့အရေပြားကိုရှာလကာရည်အနည်းငယ်လောင်းချပေးပြီးရေအေးအေးနဲ့ ပြန်လည်ဆေးကြောပေးရုံနဲ့

သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။ပြန်လည်မျှဝေပါသည်အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

Leave a Reply