ကားမောင်းနေစဉ်မှာ မမျှော်လင့် ဘဲ ကားစက်ထိုးရပ်သွားတာမျိုး အတော်များများကြုံဘူးကြမယ်ထင်ပါတယ်။ အင်ဂျင်လည်တာ အရမ်းနည်းလွန်းရင် အင်ဂျင်တုန်ခါပြီး မကြာခဏစက်ရပ် သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
မီးပွိုင့်မှာမီးနီနေလို့ စောင့်နေချိန်မှာ ရုတ်တရက်စက်ရပ် သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ စက်ထိုးရပ်သွားရင် စက်ပြန်နှိုးလို့ရတာလည်း ရှိသလို၊ လုံးဝ စက်ပြန်နှိုးတော့လို့မရတာလည်း ရှိပါတယ်။
ဒီလိုအခြေအနေမျိူးတွေကြုံလာရင် စိတ်ကသိကအောက်ဖြစ်ရပါတယ်။ဒီလိုဖြစ်တဲ့ အကြောင်းအရင်းကတော့ကားအင်ဂျင်စက် ရပ်သွားတာဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခုဖြစ်နေလို့ပါ။
ဖြစ်ပေါ်ရတဲ့အကြောင်းရင်း၊ ချို့ယွင်းချက်အပြင် အားနည်းချက်ကို ရှာကြည့်ဖို့ လိုပါတယ်။ ကားစက်သေသွားတဲ့အခါ လမ်းပေါ်မှာ ဖြစ်နေတဲ့အတွက် အန္တရာယ်လွတ်ကင်းတဲ့ လမ်းဘေးတစ်နေရာသို့ ကားကိုအရင်ဆုံး ရွှေ့သင့်ပါတယ်။
လမ်းဘေးကားရပ်ထားတဲ့နေရာက အန္တရာယ်ကင်း ဖို့လိုပါတယ်။ နောက်ကလာတဲ့ကားက ရပ်ထားမှန်း သိအောင် သတိပေး (sign) တစ်ခုလုပ်တာ၊ အချက်ပြ မီးဖွင့်တာ လုပ်ဖို့လိုပါတယ်။ပြီးရင် အင်ဂျင် ဘောနက်အဖုံးဖွင့်ပြီး စစ်ဆေးပါ။
အင်ဂျင်အပူချိန်လွန်ကဲပြီး ရေတိုင်ကီရေဆူနေတာ၊ ဆီကုန်တာ၊ ဆီဒိုင်ခွက်မှာ လောင်စာဆီ လက်ကျန်ပြသေးလား ဆိုတာတွေကို စစ်ဆေးရပါမယ်။ ဘက်ထရီငုတ်တွေ ချောင်ပြီးလွတ်နေတာ၊ ဘက်ထရီခေါင်းချောင် နေတာကြောင့်
လမ်းကြမ်းဆောင့်မိဒဏ်တွေ ဖြစ်တဲ့အခါမှာ ဘက်ထရီကြိုး လွတ်သွား တတ်ပါတယ်။ဓာတ်ဆီကားဆိုရင် – ဓာတ်ဆီကားတစ်စီးမှာ အင်ဂျင် ပုံမှန်လည်ပတ်ဖို့အတွက် လေနဲ့ ဆီရောနှော ပါဝင်နှုန်း အချိုးအစား မှန်ရပါမယ်။
မီးပေးစနစ် (Ignition System) ကောင်းဖို့ အတွက် ပလပ်(Plug) တွေက Timing အလိုက် မီးပွား (spark) ပွင့်ပေးဖို့လိုပါတယ်။ ပလတ်ကလည်း ပုံမှန်အပူချိန် မှာဘဲရှိရပါတယ်။
ရေဆူပြီး အပူလွန်ကဲတာ မျိုးဖြစ်ရင် အင်ဂျင်အတွင်းမှာရှိတဲ့ သတ္တုပစ္စတင်တွေ ပွလာပြီး အင်ဂျင်ဆလင်ဒါ ကျပ်သွားပါတယ်။ အင်ဂျင်ကျပ်ရင် စက်ရပ်သွားနိုင်ပါတယ်။ရေတိုင်ကီကိုစစ်ဆေးပါ – အင်ဂျင်အပူလွန်ကဲပြီး
ရေ တိုင်ကီထဲက ရေနွေး ငွေ့တွေ ပန်းထွက်လာတဲ့အထိ အခြေအနေ ဆိုးတယ်ဆိုရင်တော့ အင်ဂျင် အပူလွန်ကဲလို့ စက်ရပ်သွားတာ ဖြစ်နိုင်ပါတယ်။ ရေတိုင်ကီထဲကို ရေလောင်းထည့်ပြီး အင်ဂျင်အေးသွားအောင်
အရိပ်ရတဲ့နေရာမှာ ကားကိုရပ်နားထားပါ။ ရေတိုင်ကီ မှတစ်ဆင့် ရေယိုစိမ့်နိုင်တဲ့နေရာ တွေကို စစ်ဆေးကြည့်သင့်ပါ တယ်။ကားရေဆူရတဲ့အကြောင်းရင်းတွေကတော့ ပန်ကာကြိုး လျော့နေရင် ပန်ကာလေသွင်း အားမကောင်းတာကြောင့်
ရေတိုင်ကီက အပူထုတ်တာ အားနည်းလာပါတယ်။လျှပ်စစ်ပန်ကာနဲ့ အအေးခံ တဲ့ အမျိုးအစားဆိုရင်လည်း ပန်ကာ ပျက်နေတာလား ၊ ရေ တိုင်ကီ မှာဖုန်၊ သဲတွေပိတ်နေတာလား၊ အပူချိန်အာရုံခံ စနစ်မကောင်းတာလား
စတဲ့အားနည်း ချက် တစ်ခု ခုကိုရှာ ကြည့်သင့်ပါတယ်။ အင်ဂျင်အပူလွန်ကဲတာ မြင့်လာရင် ဂက်စ်ကတ်ပြတ်နိုင်ပါတယ်။အင်ဂျင်အအေးခံပြီး ရေတိုင်ကီမှာ ရေပြန်ဖြည့်ပါ။ ဘက်ထရီကောင်း၊ မကောင်းလည်း စစ်ဆေးကြည့်ပြီးရင်တော့
စက်နှိုး ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဆီနဲ့ မီးတော့ ပုံမှန်ဖို့ လိုပါတယ်။အင်ဂျင်အေးသွား ပေမယ့် စက်နှိုးကြည့်တာ လုံးဝ မနှိုးဘူးဆိုရင်တော့ Timing Belt ကြိုးပြတ်ပြီး စက်ရပ်သွားတာ ဟုတ်၊ မဟုတ် သေချာအောင်
Timing Belt Cover အဖုံးကို ဖွင့်ကြည့်သင့်ပါတယ်။Belt ကြိုး ပြတ်တယ်ဆိုရင်တော့ ကားဝပ်ရှော့ကို အကြောင်းကြားပြီး ကားဆွဲ ရန်ပြင်ဆင်သင့်ပါတယ်။အခြားအကြောင်းရင်းတွေက – ကားသော့အုံ (Ignition Switch) မှာ
ချို့ယွင်းချက် တစ်ခုခုဖြစ်လို့ လုံးဝမီးပျောက် သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဖျူးစ် (Fuse) ပျက်သွား တာလား၊ မီးပျောက်တာ၊ ဆီ ပျောက်တာကြောင့် စက်ထိုးရပ် နိုင်ပါတယ်။ ဘယ်အစိတ်အပိုင်း က ဘာဖြစ်တာလဲဆိုတာ
တိတိကျကျ သိအောင် ရှာဖို့လိုအပ်ပါ တယ်။ ကားစက်ဖုံးဖွင့်ကြည့်ချိန်မှာ အင်ဂျင်ခန်းအတွင်း ဘာတွေထူးခြား နေသလဲဆိုတာ သေချာကြည့်သင့်ပါတယ်။ ညှော်နံ့ရတာ၊ ပန်ကာကြိုးချောင်နေတာ၊ ရေတိုင်ကီ ရေဆူနေတာ၊
ရေပိုက်ပေါက်နေ တာ၊ အားလုံးကို စစ်ဆေးကြည့်ရ မှာဖြစ်ပါတယ်။ဘက်ထရီ – ကားဟွန်းကိုတီးကြည့်ပြီး ခန့်မှန်းလို့ရအောင် အသံကိုနားထောင်ကြည့်ပါ။အသံတိုးသလား၊ ကျယ်တဲ့အသံထွက်သလား၊ ဟွန်းသံ လုံးဝမမြည်တာ၊
အသံတိုးလွန်း တာ၊ ကားမီးကြီးအလင်းရောင် အားနည်း လွန်းတာဆိုရင်တော့ ကားဘက်ထရီ အားကုန်သွားတာ မျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဟွန်းသံကျယ်တာ၊ ဝိုင်ဘာရေ သုတ်တံလည်တာ၊ ရှေ့မီးကြီး လင်းတာတွေက
ပုံမှန်ဆိုရင်တော့ ကားဘက်ထရီကောင်းပါတယ်။ဆီလှည့်စနစ်မကောင်းရင် – လောင်စာဆီပို့စနစ်ကို လည်း စစ်ဆေးပေးသင့်ပါတယ်။ ဆီတွန်းစနစ်က အသုံးပြုထားတဲ့ စနစ်အပေါ်မူတည်ပြီး ကိုယ်တိုင် စစ်ဆေးလို့ရ၊ မရကွာခြားပါ တယ်။
EFI စနစ်လို အဆင့်မြင့် စနစ်တွေဆိုရင်တော့ နားလည်ရ ခက်ခဲပြီး စစ်ဆေးတဲ့နေရာမှာ လည်း နည်းပညာပစ္စည်းအ ထောက်အပံ့တွေ လိုအပ်ပါ တယ်။ ဆီစစ်ဘူးပိတ်နေတာ၊ ဆီထဲ မှာ ရေတွေ၊ အမှိုက်စတာတွေ ရောပါနေတာတွေကြောင့်
ဆီလှည့်စနစ်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ဆီထဲမှာ ရေရော ပါနေရင်လည်း စက်ရပ်သွားနိုင်ပါတယ်။ ကာပရိုက်တာ စနစ်သုံးကား တွေဆိုရင်တော့ ဆီပိတ်တာကို အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။
နည်းပညာမြင့်ကားတွေမှာ တော့ EFI စနစ်၊ GDI စနစ်သုံးလာ တာကြောင့် စစ်ဆေးဖို့ခက်ခဲပါ တယ်။ ကားစက်ရပ်တာက ပလတ်ပျက်ရင်လည်း ဖြစ်နိုင်ပါတယ်။
ပလတ်ထိပ်ဖျားမှာ တိုင်မင် ကိုက် မီးပွားပွင့်မထွက်တာ၊ ပလတ်ထိပ်မှာ မီးမကူးတာတွေဖြစ်ရင် အင်ဂျင်စက်ရပ် သွားနိုင်ပါတယ်။ ပလတ် မီးမကူးနိုင်တဲ့ အကြောင်းရင်းတွေ အများအပြားရှိပါတယ်။ မော်ဒယ်နိမ့်ကားတွေမှာတော့
ပွိုင့်က မီးဖြတ်ပြီး Ignition Coil ကထွက်လာတဲ့ High Voltage ကို Distributor က မီးဖျန်းပေးပါတယ်။မော်ဒယ်မြင့်ကားတွေကို တော့ Distributor ကတစ်ဆင့် မီးဖြတ်တဲ့ စနစ်မဟုတ်တော့ဘဲ ပလပ်တစ်လုံးချင်းကို
မီးကွိုင် တစ်လုံးစီက မီးပေးပါတယ်။မီး Timing ကို ကွန်ပျူတာနဲ့ချိတ် ဆက်ထားတဲ့ ECU (Electronic Control Unit) က ထိန်းချုပ်ပါ တယ်။ Crank Shaft Position Sensor က ပို့လိုက်တဲ့သတင်း အချက်အလက်အရ
ECU က မီး Timing ကို ဆုံးဖြတ်အမိန့်ပေးပါပါတယ်။ အဲ့ဒီနေရာမှာ Crank Shaft Position Sensor မကောင်းရင် ECU က အမိန့်ပေး ဆောင်ရွက်ချက်လွဲသွားစေပါ တယ်။ ကွန်ပျူတာစနစ်သုံးတဲ့ မော်ဒယ်မြင့်ကား တွေမှာ
ECU ကို ပါဝါ ပို့ပေးတဲ့ Relay ဘူးတွေကောင်းဖို့ လိုပါတယ်။နောက်တစ်ချက်က ဗို့အား မတည်မငြိမ်ဖြစ်ရင်လည်း ပြဿနာဖြစ်နိုင်ပါတယ်။ ECU က 12 Volt မှာပဲအလုပ်လုပ်ပါ တယ်။ ဗို့အားလျော့တာ (သို့ မဟုတ်) overcharging ဖြစ်လို့
သတ်မှတ်ဗို့အားထက် ပိုမြင့်သွား တာမျိုးဆိုရင်တော့ ECU စနစ် အလုပ် မလုပ်နိုင်တော့ပါဘူး။ ဒီလို မျိုးမီးပြဿနာဖြစ်ရင်တော့ ကား ဝပ်ရှော့ပ်မှာပဲ OBD Scan Tool နဲ့ စစ်ဆေးရပါတယ်။ မော်ဒယ်နိမ့်ကားတွေဆိုရင် တော့
ပလပ်ကိုမီးမရောက်တာ ကို စစ်ဆေးရတာလွယ်ပါတယ်။Coil တွေ၊ Distributor တွေ၊ Plug Wire တွေ ရေစိုသွားရင်တော့ ပလပ်ကို မီးမရောက်တော့ဘဲ စက်ရပ်သွားစေပါတယ်။ ဒီလို ပြဿနာမျိုးတွေကတော့
မိုးတွင်း ရေကြီးတဲ့လမ်းကို ဖြတ်မောင်း မိရင်တော့ ပလပ်ကို မီးမရောက် လို့ အင်ဂျင်စက်ရပ်သွားတာ ဖြစ်နိုင်ပါတယ်။