မျက်နှာ အဆီဖုလေးတွေကို ကိုယ်တွေ့ ပျောက်ကင်းစေတဲ့နည်း
ညီမအသားရေက combination အသားရေပါ အဆီဖုထွက်တယ်
ဘာလိမ်းလိမ်းမပျောက်ဘူး ပျောက်လိုက်ပြန်ထွက်လိုက်နဲ့ဖြစ်နေတာ
ဆန်နဲ့ပေါင်းတင်မှတစ်ပတ်လောက် ကျတော့သိသာလာတယ်
ညီမမျက်နှာကညိုပါတယ်ညစ်လဲညစ်တယ်
ဒါမဲ့ ဆန်နဲ့ပေါင်းတင်ပြီတော့ မျက်နှာက ကြည်ပြီး g l o w လာတယ်
မျက်နှာကတင်းတင်းလေးဖြစ်လာတယ် အဆီဖုတွေပျောက်သွားပါတယ်
ဆန်ကိုလိုသလောက်ယူပြီး ပထမရေဆေးပြီး ဒုတိယရေမှာစိမ်ထားပါ၁၅မိနစ်လောက်
ဆန်ကိုကျောက်ပြင်ပေါ်မှာ သနပ်ခါးတုးံနဲ့သွေးပြီး
အနှစ်တွေရလာရင် မျက်နှာ၅မိနစ်၁၀မိနစ်လောက်ထားလိုက်ရေနဲ့ပြန်ဆေးချလိုက်ယုံဘဲနှာခေါင်းနားလေးတိုက်လိုက်ရင်လဲဆားဝက်ခြံတွေသိသိသာသာပါးလာတယ်