”ဖတ်ကြည့်ပါ သင့်အတွက် သင်ခန်းစာမရရင် အချိန်ကို ပြန်လျှော်မည်”’
“မျောက်ကုန်သည်”
တစ်ရံရော အခါတုန်းက ရွာတစ်ရွာတွင် ထူးဆန်းေမျောက်ကုန်သည်သာ လူတစ်ယောက် ရောက်လာပြီး မျောက်တစ်ကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေငြာသည်။
ရွာသားများလည်း မျောက်ပေါသည့်နယ် ဖြစ်သဖြင့် တောထဲသွားပြီး မျောက်ဖမ်းကြသည်။ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တစ်ကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။
မျောက်များကို အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်ပီး မဖမ်းတော့ပေ။ထို့နောက် ထိုလူပင် ထပ်မံ ကြေငြာသည်။
မျောက်တစ်ကောင် ၁၀,၀၀၀ ဖြင့် ဝယ်မည်ဟု။ ရွာသားများလည်း မျောက်များကို ခဲရာခဲဆစ် ဖမ်းရောင်း ကြပြန်သည်။
မျောက်တွေ တော်တော်ကြီး ရှားသွားတော့မှ ရွာသားများ လက်လျှော့လိုက်ကြသည်။ ထိုလူကလည်းဆက်ဝယ်မည် ဆို၏။ဈေးက တစ်ကောင် ၁၅,၀၀၀ ပေးမည်။
မျောက်များ ရှားသွားလိုက်သည်မှာ ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင် ဖြစ်သွားသည်။ နောက်ဆုံး ထိုလူ ထပ်ကြေငြာသည်။
မျောက်တစ်ကောင် ၅၀,၀၀၀ ပေးမည်တဲ့။သို့သော် သူ ခရီးသွားစရာ ရှိသဖြင့် အရောင်းအဝယ် ကိစ္စကို သူ့လက်ထောက်နှင့် ပြုလုပ်ရန် မှာသွားသည်။
ထိုလူသွားသော် လက်ထောက်က ရွာသားများကို ပြောသည်။” ဒီလိုလုပ်ပါလား.. ခင်ဗျားတို့မျောက်လည်း ရှာမတွေ့တော့ဘူး ဆိုတော့ ကျွန်တော် ဂွင်တစ်ခု ပေးမယ်။
ကျွန်တော့် ဆရာဝယ်ထားတဲ့ မျောက်တွေ တွေ့တယ် မဟုတ်လား။ ကျွန်တော် ခင်ဗျားတို့ကို တစ်ကောင် ၃၀,၀၀၀ နဲ့ ပြန်ရောင်းပေးမယ်။
ဆရာပြန်လာမှသူ့ကို ခင်ဗျားတို့ ၅၀,၀၀၀ နဲ့ရောင်းပေါ့။ ၂၀,၀၀၀ တောင်မှ မြတ်မှာနော်။ ခင်ဗျားတို့ကို စေတနာရှိလို့ အကြံပေးတာပါ။
“ရွာသားများလည်း ရှိသမျှ ပိုက်ဆံထုတ်ပြီး တိုးဝှေ့ဝယ်ကြရာ မျောက်တစ်ကောင်တောင် မကျန်ချေ။
ထိုနေ့မှစ၍ ရွာသားများလည်း ဆရာနှင့် လက်ထောက်ကို ထပ်မတွေ့ရတော့ပဲ ဘယ်နေရာကြည့်ကြည့် တွေ့ရသည်မှာ မျောက်များသာ ဖြစ်လေသည်။
“ လူတစ်ယောက်ဟာ မရသင့်တဲ့ ပစ္စည်းကို လောဘကပ် နေပြီဆိုရင်ထိုသူ အလိမ်ခံရဖို့ နီးစပ်နေပါပြီ ။ သတိသာ ထားဖို့ပြင်ပေတော့။
ဘာလို့လဲဆိုရင် လူလိမ်တွေက လောဘနဲ့မျှားပြီး ကတုံးပေါ် ထိပ်ကွက် တတ်လို့ပါပဲ ။