မြေနေရာ မလို ပဲ အိမ် မှာ အာလူး စိုက်ရင်း ဝင်ငွေရှာ ပါ

Knowledge Lifestyle
Spread the love

တော်ရုံလူက ပြောပြမှာ မဟုတ်တဲ့ အိမ်မှာနေရင်း ဝင်ငွေရှာလို့ရမယ့် နည်းလေး ကို ပြောပြ ပါမယ်။ အာလူးကို ပုံးထဲ သို့မဟုတ် အိတ်ထဲ ထည့်စိုက်မည်ဆိုလျှင်

၁။ အဓိက အနေနဲ့ မြေဆွေးမြေမွဖို့ အရေးကြီး ပါတယ်။

၂။ အာလူးကို အပင်ပေါက် အညှောက်လေးများ ထွက်လာသည်အထိ ထားထားပေးပါ။ ထွက်ရှိလာတဲ့ အပင်အညှောက်လေး တွေကို ဓားဖြင့်လှီးယူ၍ စိုက်ပျိုးလို့ရသလို အလုံးလိုက်ထည့်စိုက်လို့လည်း ရပါတယ်။ အိတ်ဖြင့်စိုက်မည်ဆိုပါက အိတ်အတွင်းထဲသို့မြေဆွေးမြေမွ သဲဆန်သောမြေကို တစ်ပေခန့်ထည့်၍ အာလူးကို အနည်းဆုံး (၂)ပင် (၄)ပင် အထိ ထည့်စိုက်ပါ။

၃။ ထည့်စိုက်ပြီးပါက အာလူးအပေါ်မှ နောက်ထပ်မြေဆွေး (၄)လက်မခန့် ဖုံးပေးထားပါ။

၄။ အာလူးအပင်ထွက်ရှိလာပါက အပင်၏အမြင့်ကိုကြည့်၍ အိတ်ပြည့်သည်အထိ မြေဆွေးကို တစ်နေ့နည်းနည်းစီဖြည့်ပေးရပါမည်။ ရေကိုအနည်းငယ်စိုရုံ လောက်သာလောင်းပေးပါ။ မြေသိပ်သွားမှာ စိုးသည့်အတွက် အများကြီးလောင်းပေးစရာမလိုပါဘူး။ တစ်ခုသတိပြုရမှာကတော့ တစ်အိတ်ထဲမှာ အပင်ရေအများကြီးကို ထည့်မစိုက်ဖို့ပါ။ အပင်ရေအများကြီးထည့်စိုက်မိလျှင် အပင်ကြပ်ပြီး ဥမဥနိုင်ဖြစ်တတ်ပါတယ်။ ဥ ဥပါ ကလည်း မကြီးထွားပါ။ အပင်ရေနည်းနိုင်သမျှ နည်းလေကောင်းလေ

ဖြစ်ပါတယ်။ စတင်စိုက်ပျိုးသည်မှ ဥများဥသည့်အထိ အနည်းဆုံး အချိန် ၂ လခန့်ကြာမြင့်တတ်ပါတယ်။ ဒီလိုပုံးထဲ သို့မဟုတ် အိတ်ထဲအာလူးကိုထည့်စိုက်ခြင်းဟာ

အာဟာရဓာတ်မြေသြဇာ အလေအလွင့်မရှိသလို ပေါင်းမြက်လည်း ကင်းစင်၍ ဥ လည်းပိုမိုကြီးထွားစေပါတယ်။ ဓာတ်မြေသြဇာထည့်ပေးချင်ပါက တီစူပါ ပုလဲ ဓာတ်မြေသြဇာကို အနည်းငယ်ထည့်ပေးလို့ရပါတယ်။